(၅) ကြိမ်မြောက် အာဆီယံလုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက်ဆုချီးမြှင့်ပွဲနှင့် ဆက်စပ်အခမ်းအနားများသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

(၅) ကြိမ်မြောက် အာဆီယံလုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက်ဆုချီးမြှင့်ပွဲနှင့် ဆက်စပ်အခမ်းအနားများသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / September 19, 2024
image_latest


နေပြည်တော် စက်တင်ဘာ ၁၈

စင်ကာပူနိုင်ငံက အိမ်ရှင်အဖြစ် စက်တင်ဘာ ၁၁ ရက်မှ ၁၃ ရက်အထိ ကျင်းပခဲ့သည့် (၅) ကြိမ်မြောက် အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက်ဆုချီးမြှင့်ပွဲနှင့် ဆက်စပ်အခမ်းအနားများသို့ အလုပ်သမားဝန်ကြီးဌာန အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

စက်တင်ဘာ ၁၁ ရက်က မြန်မာကိုယ်စားလှယ်အဖွဲ့သည် စင်ကာပူနိုင်ငံ Marina Bay Sands ရှိ Sands Expo & Convention Centre ၌ ကျင်းပခဲ့သည့် (၅) ကြိမ်မြောက် အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက်ဆုချီးမြှင့်ပွဲအခမ်းအနား၊ (၁၁) ကြိမ်မြောက် အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက်ညီလာခံနှင့် Singapore WSH Conference 2024 တို့သို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ ဆုရရှိသည့် ကုမ္ပဏီများနှင့် စင်ကာပူနိုင်ငံမှ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်လျက်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ကြသည်။

စက်တင်ဘာ ၁၂ ရက်က စင်ကာပူနိုင်ငံ Furama City Center ၌ကျင်းပသည့် Policy Dialogue on Harnessing the Potential of Global Supply Chains to Improve OSH In ASEAN အခမ်းအနားသို့လည်းကောင်း၊ စက်တင်ဘာ ၁၃ ရက်က (၂၅) ကြိမ်မြောက် အာဆီယံ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက် ညှိနှိုင်းရေးအဖွဲ့အစည်းအဝေးများသို့လည်းကောင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ် ရုံး၊ ASEAN-OSHNET အတွင်းရေးမှူးချုပ်ရုံးနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

(၅)ကြိမ်မြောက် အာဆီယံလုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက် ဆုချီးမြှင့်ပွဲအခမ်းအနား (5th ASEAN-OSHNET Awards Ceremony) တွင် အာဆီယံနိုင်ငံများရှိ ကုမ္ပဏီများအား လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက် ထူးခြားစွမ်းဆောင်ဆု (ASEAN-OSHNET Excellence Award) နှင့် အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက်ကောင်းမွန်သည့် အလေ့အထကျင့်စဉ် စွမ်းဆောင်ဆု (ASEAN-OSHNET Best Practices Award) များကို ပေးအပ်ချီးမြှင့်ခဲ့ရာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေဖြင့် ASEAN-OSHNET Excellence Award ကို Dagon Beverages Company Limited ကလည်းကောင်း၊ ASEAN-OSHNET Best Practices Award ကို Myanmar C.P Livestock Co., Ltd ကလည်းကောင်းရရှိခဲ့ကြပြီး ကိုယ်စားလှယ်များက ဆုများကိုလက်ခံရယူခဲ့ကြသည်။

အဆိုပါ အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက်ဆုကို ၂၀၁၆ ခုနှစ်မှစတင်၍ နှစ်နှစ်လျှင်တစ်ကြိမ် ပေးအပ်ချီးမြှင့်လျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့် နှစ်စဉ်ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့ကြောင်း၊ ဆုများရွေးချယ်ရာတွင် အလုပ်သမားဝန်ကြီးဌာနမှ ဦးဆောင်၍ ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ ပြင်ပကျွမ်းကျင်ပညာရှင်များ ပါဝင်သည့် ဆုရွေးချယ်ရေးအဖွဲ့ဖြင့် ASEAN-OSHNET မှ သတ်မှတ်ထားသည့် စံချိန်စံနှုန်းများနှင့်အညီ ရွေးချယ်ခြင်းဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ်မှစတင်၍ လက်ရှိအချိန်အထိ Excellence Award ဆုရ စက်ရုံ ငါးရုံနှင့် Best Practices Award ဆုရ စက်ရုံငါးရုံ စုစုပေါင်းစက်ရုံ ၁၀ ရုံရရှိပြီးဖြစ်ကြောင်း သိရသည်။

သတင်းစဉ်


၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်၊ စက်တင်ဘာ ၂၇ ရက်၊ သောကြာနေ့။


Posted on Sep 27, 2024

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၉ ရက်၊ စက်တင်ဘာ ၂၆ ရက်၊ ကြာသပတေးနေ့။


Posted on Sep 26, 2024

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်၊ စက်တင်ဘာ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Sep 25, 2024

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက်၊ စက်တင်ဘာ ၂၄ ရက်၊ အင်္ဂါနေ့။


Posted on Sep 24, 2024

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၆ ရက်၊ စက်တင်ဘာ ၂၃ ရက်၊ တနင်္လာနေ့။


Posted on Sep 23, 2024

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၅ ရက်၊ စက်တင်ဘာ ၂၂ ရက်၊ တနင်္ဂနွေနေ့။


Posted on Sep 22, 2024
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

ရေကြောင်းသတိပေးချက်

Posted on Sep 26, 2024

မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းများတွင် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော PTTEP International Limited သည် ကမ်းလွန်လုပ်ကွက်အမှတ်၊ M-9 ရှိ ဇောတိကစီမံကိန်းနှင့် ကမ်းလွန်လုပ်ကွက်အမှတ်၊

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

Posted on Sep 25, 2024

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း