(၆၉)နှစ်မြောက်ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမှတ်(၁၀)အခြေခံပညာမူလတန်း(လွန်)ကျောင်းတစ်ထပ်ကျောင်းဆောင်သစ်ဖွင့်လှစ်

(၆၉)နှစ်မြောက်ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမှတ်(၁၀)အခြေခံပညာမူလတန်း(လွန်)ကျောင်းတစ်ထပ်ကျောင်းဆောင်သစ်ဖွင့်လှစ်


ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / October 28, 2024


ဘားအံ-အောက်တိုဘာ (၂၈)

နိုဝင်ဘာလ(၇)ရက်နေ့တွင်ကျရောက်မည့် (၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့ကိုကြိုဆိုဂုဏ်ပြုသောအား ဖြင့် ဘားအံမြို့၊ အမှတ်(၁၀)အခြေခံပညာမူလတန်း(လွန်)ကျောင်း၏ တစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့်လွှဲပြောင်း ပေးအပ်ပွဲကို အောက်တိုဘာလ ၂၈ ရက်နေ့ နံနက် ၈ နာရီက အဆိုပါကျောင်းဆောင်သစ်၌ ကျင်းပသည်။

အမှတ်(၁၀)မူလွန်ကျောင်းကို စတင်ဖွင့်လှစ်ခဲ့သည်မှာ (၅၄)နှစ်ရှိခဲ့ပြီး တိုးပွားလာသည့်ကျောင်းသားဦးရေနှင့် အညီ ကျောင်းဆောင်သစ်လိုအပ်ချက်အရ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်း(တည်ဆောက် ရေး)ရန်ပုံငွေကျပ် ၁၄၃ ဒဿမ ၁၀၀ သန်းဖြင့် နန်းအေးရိပ်ကုမ္မဏီမှ (၉၀ x ၃၀)ပေ Steel Structure အမျိုးအစား တစ်ထပ်ကျောင်းဆောင်သစ်ကိုတည်ဆောက်ပြီးစီးဖွင့်လှစ်ခြင်းဖြစ်ကာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ကျောင်းဆောင်သစ်အား ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းဆောင်သစ်ဖွင့်ပွဲတွင် ပါဝင်အားဖြည့်ကူညီပေးကြသော ဘင်ခရာ၊ ပန်းပွားအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးကာ တာဝန်ရှိသူများနှင့် အတူ ကျောင်းဆောင်သစ်ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များပက်ဖျန်းပေး၍ ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဆက်လက်၍ ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲကို အဆိုပါကျောင်းဆောင်သစ်၌ ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ်က ယနေ့ဖွင့်လှစ်သည့်ကျောင်းဆောင်သစ်အား ရှေရှည်တည်တံ့ရန်နှင့်အစဉ်သန့်ရှင်းသာယာလှပစေရန် တာဝန်ထမ်းဆောင်နေကြသော ကျောင်းအုပ်ကြီးနှင့်ဆရာ၊ဆရာမများက ထိန်းသိမ်းစောင့်ရှောက်၍ ကျောင်းအကျိုး တော်ဆောင်များ၊မိဘများကလည်း ပံ့ပိုးဖြည့်ဆည်းပေးကြစေလိုကြောင်း၊ ကျောင်းကော်မတီများ၊ အကျိုးတော်ဆောင် များ၊ မိဘများအနေဖြင့် မိမိတို့၏သားသမီးပညာသင်ကြားခွင့်ကို လမ်းကြောင်းအမှန်သို့ရောက်အောင် လမ်းညွှန်ပေး ကြရန်နှင့်ဆရာ၊ဆရာမများအနေဖြင့်လည်း ပညာရည်ထူးချွန်ပြီး နိုင်ငံအတွက်အားထားရသည့် ဗလငါးတန်နှင့် ပြည့်စုံ သော တပည့်ကောင်းများပေါ်ထွက်အောင် သင်ကြားပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ကျောင်းဆောင်သစ်အားတာဝန်ယူတည်ဆောက်ပေးသော နန်းအေးရိပ်ကုမ္ပဏီက ကျောင်းဆောင် သစ်ဆိုင်ရာစာရွက်စာတမ်းများကို ကျောင်းအုပ်ကြီးထံ လွှဲပြောင်းပေးအပ်ပြီး ကျောင်းအကျိုးတော်ဆောင်မိဘတစ်ဦး က ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တက်ရောက်လာသူများ အားရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ပါသည်။


၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၂၈ ရက်၊ တနင်္လာနေ့။


Posted on Oct 28, 2024

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ ရက်၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္ဂနွေနေ့။


Posted on Oct 27, 2024

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၂၆ ရက်၊ စနေနေ့။


Posted on Oct 26, 2024

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊ အောက်တိုဘာ ၂၅ ရက်၊ သောကြာနေ့။


Posted on Oct 25, 2024

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက်၊ အောက်တိုဘာ ၂၄ ရက်၊ ကြာသပတေးနေ့။


Posted on Oct 24, 2024

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၆ ရက်၊ အောက်တိုဘာ ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Oct 23, 2024
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၄၁/၂၀၂၄)

Posted on Oct 24, 2024

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၄၁/၂၀၂၄)

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ၊ နေပြည်တော်ပုံနှိပ်စက်ရုံ(ဇေယျာသီရိ)၌ ( အလျား ၈ဝ၊ x အနံ ၈ဝ၊ x အမြင့် ၁၈၊ ) သိုလှောင်ရုံ(၁)လုံး...

Posted on Oct 22, 2024

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ၊ နေပြည်တော်ပုံနှိပ်စက်ရုံ(ဇေယျာသီရိ)၌ ( အလျား ၈ဝ၊ x အနံ ၈ဝ၊ x အမြင့် ၁၈၊ ) သိုလှောင်ရုံ(၁)လုံး ဆောက်လုပ်ခြင်းလုပ်ငန်းအတွက် အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်း

HOT NEWS
January 4,