(၉) ကြိမ်မြောက် အာယုဗေဒနေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပ ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းနှင့်စပ်လျဉ်း၍ အသိပေးကြေညာချက်
(၉) ကြိမ်မြောက် အာယုဗေဒနေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 30, 2024
မန္တလေး အောက်တိုဘာ ၂၉
တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး) နှင့် အိန္ဒိယနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးတို့ ပူးပေါင်းကျင်းပသည့် (၉) ကြိမ်မြောက် အာယုဗေဒနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး) ၌ ကျင်းပသည်။
အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး Mr. Shri Abhay Thakur ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အစိုးရအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းရင်းဆေးနယ်ပယ်အသီးသီးမှ တာဝန်ရှိသူများ၊ ဆေးနှင့် ဆေးဘက်နှီးနွှယ်တက္ကသိုလ်များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် အိန္ဒိယနိုင်ငံ ကောင်စစ်ဝန်ချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် အာယုဗေဒဆေးပညာရပ်သည် လွန်ခဲ့သည့် နှစ်ပေါင်း ၅၀၀၀ ခန့်မှ စတင်၍ ကျင့်သုံးခဲ့သော ရိုးရာတိုင်းရင်းဆေးဆိုင်ရာ ပညာရပ်တစ်ခုဖြစ်ကာ စိတ်နှလုံးနှင့် ခန္ဓာကိုယ် ကျန်းမာရေးသမမျှတအောင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း။
မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် ရှေးယခင်ကတည်းက ကျန်းမာရေးကဏ္ဍတွင် ပူးပေါင်းဆောင် ရွက်မှုများရှိခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှု၊ သုတေသနလုပ်ငန်းများဆောင်ရွက်မှုနှင့် ကျန်းမာရေး ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းများတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ ယခုနှစ် အာယုဗေဒနေ့အထိမ်းအမှတ် ဆောင်ပုဒ်ဖြစ်သည့် “Ayurvedic Innovation for Global Health” သည် အာယုဗေဒပညာရပ်၏ ကျန်းမာရေးကဏ္ဍတွင် အရေးပါမှုအား မီးမောင်းထိုးပြလျက်ရှိပြီး အာယုဗေဒပညာရပ်၏ အခြေခံနိယာမများဖြစ်သည့် အစားအသောက်ဂရုစိုက်ခြင်း၊ ရေဓာတ်လုံလောက်စွာ ရရှိရန်ဂရုပြုခြင်း၊ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်အောင် နေထိုင်ခြင်းအစရှိသည့် မိမိကျန်းမာရေးအား အလုံးစုံခြုံငုံအလေးထားခြင်းကို တစ်ကမ္ဘာလုံး သတိပြုမိစေရန်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးက အိန္ဒိယနိုင်ငံအနေဖြင့် အာယုဗေဒဆေးဝါးပညာရပ်နှင့်ပတ်သက်၍ Shangi Cooperation Organization နှင့် BIMSTEC အဖွဲ့ဝင်နိုင်ငံများနှင့်လည်း အသိပညာများမျှဝေ၍ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ နှစ်နိုင်ငံအကြား အာယုဗေဒပညာရပ်သင်ကြားရေးနှင့် သုတေသနနယ်ပယ်များတွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး) မှ ဒုတိယပါမောက္ခချုပ် (သင်ကြားရေး) ဦးဌေးလွင်က Myanmar and Ayurvedic Medicine နှင့် ပတ်သက်၍လည်းကောင်း၊ ရန်ကုန်မြို့ Swami Vivekonon da Cultural Centrer မှ Director Mr. Ashish Kumar က Evolution of Ayurveda and Importance of Ayurveda in day-to-day life နှင့် ပတ်သက်၍လည်းကောင်း ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်၊ အောက်တိုဘာ ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Oct 30, 2024
၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်၊ အောက်တိုဘာ ၂၉ ရက်၊ အင်္ဂါနေ့။
Posted on Oct 29, 2024
၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၂၈ ရက်၊ တနင်္လာနေ့။
Posted on Oct 28, 2024
၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ ရက်၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္ဂနွေနေ့။
Posted on Oct 27, 2024
၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၂၆ ရက်၊ စနေနေ့။
Posted on Oct 26, 2024
ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းနှင့်စပ်လျဉ်း၍ အသိပေးကြေညာချက်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 30, 2024
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့သည် (၂၄-၁၀-၂၀၂၄) ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ်၊ ၃၅/၂၀၂၄ ဖြင့် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ (ဂ) အရ ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်ကြေညာပြီး ယင်းဝန်ဆောင်မှုနှင့်သက်ဆိုင်သည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ တားမြစ်မိန့်၊ စည်းမျဉ်းသတ်မှတ်မိန့်၊ ကြီးကြပ်မိန့်၊ ကာကွယ်မိန့်နှင့် လိုအပ်သလိုဆောင်ရွက်စေသည့် အမိန့်ထုတ်ပြန်နိုင်ခွင့်ကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအား အပ်နှင်းခဲ့သဖြင့် ဝန်ကြီးဌာနက ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်သည့်အမိန့်ကို (၂၅-၁၀-၂၀၂၄) ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၀၃၈/၂၀၂၄ ဖြင့် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။
အဆိုပါ အမိန့်ကြော်ငြာစာအရ ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ရန်အတွက် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက (၂၅ - ၁၀- ၂၀၂၄) ရက်နေ့တွင်ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအမှတ် ၀၅၅/၂၀၂၄ နှင့်အညီ လုပ်ငန်းလိုင်စင် လျှောက်ထားရယူရန်နှင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာခြင်းမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ နှင့်အညီ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန