AA အကြမ်းဖက်သောင်းကျန်းသူများက ဘူးသီးတောင်မြို့ရှိ ယာယီနေရပ်စွန့်ခွာသူများနေထိုင်သည့် စာသင်ကျောင်းအတွင်းသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့မှုကြောင့် ဒေသခံပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာများရရှိ

AA အကြမ်းဖက်သောင်းကျန်းသူများက ဘူးသီးတောင်မြို့ရှိ ယာယီနေရပ်စွန့်ခွာသူများနေထိုင်သည့် စာသင်ကျောင်းအတွင်းသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့မှုကြောင့် ဒေသခံပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာများရရှိ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 04, 2024
image_latest


နေပြည်တော် မေ ၄

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၊ အမှတ်(၁)ရပ်ကွက်အတွင်းရှိ ယာယီနေရပ် စွန့်ခွာသူများနေထိုင်သည့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်းသို့ AA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဒေသခံပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး အသက် ၁ နှစ်ခွဲ၊ အသက် ၃ နှစ်နှင့် အသက် ၅ နှစ် အရွယ်ကလေးငယ်များ အပါအဝင် ဒေသခံပြည်သူ ၁၅ ဦး ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ AA အကြမ်းဖက်သောင်းကျန်းသူများသည် ယနေ့နံနက် ၁ နာရီခန့်တွင် ဘူးသီးတောင်မြို့၏ တောင်ဘက်မီတာ ၄၀၀၀ ခန့်အကွာရှိ ဘဂုံးနားတောင်ရွာဘက်မှနေ၍ လက်နက်ကြီးများဖြင့် လူနေရပ်ကွက်များအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့မှုကြောင့် ဘူးသီးတောင်မြို့၊ အမှတ်(၁)ရပ်ကွက်အတွင်းရှိ ယာယီနေရပ်စွန့်ခွာနေသူများ နေထိုင်သည့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်းသို့ လက်နက်ကြီးကျည် ၂ လုံး ကျရောက် ပေါက်ကွဲခဲ့သည်။

ယင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း အေးချမ်းစွာနေထိုင်လျက်ရှိသော  ယာယီနေရပ်စွန့်ခွာ ဒေသခံပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး အသက် ၁ နှစ်ခွဲ၊ အသက် ၃ နှစ်နှင့် အသက် ၅ နှစ်အရွယ် ကလေးငယ် ၄ ဦး အပါအဝင် ဒေသခံပြည်သူ ၁၅ ဦး ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် ဒဏ်ရာရရှိသူများအား သက်ဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များက ဘူးသီးတောင်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ အရေးပေါ်ပို့ဆောင်၍ လိုအပ်သည့် ဆေးကုသမှုခံယူစေလျက်ရှိသည်။

AA အကြမ်းဖက်သောင်းကျန်းသူများသည် ရခိုင်ပြည်နယ်အတွင်း ဒေသခံပြည်သူများ အေးချမ်းစွာနေထိုင်နေမှုနှင့် လူမှုစီးပွားဘဝပျက်စီးစေရန် ရည်ရွယ်ချက်ဖြင့် လူနေရပ်ကွက်/ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့မှုအနေဖြင့် ယခုအကြိမ်အပါအဝင် စုစုပေါင်း ၁၃ ကြိမ်ရှိခဲ့ပြီး ယင်းသို့ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ဒေသခံပြည်သူ ၅၇ ဦး သေဆုံးခဲ့ကာ ၁၀၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် တည်ငြိမ်အေးချမ်းလျက်ရှိသော မြို့၊ ရွာ၊ ရပ်ကွက်များအတွင်း လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခြင်း၊ တိုက်ပွဲများဖော်ဆောင်ခြင်းများ လုပ်ဆောင်လျက်ရှိပြီး ဒေသကောင်းစားရေးဟုသုံးနှုန်း၍ အမှန်တကယ်တွင် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်လျက်ရှိရာ ၎င်းတို့၏ လုပ်ရပ်များသည် လုံးဝလက်ခံနိုင်ဖွယ်ရာမရှိသည့် လုပ်ရပ်များဖြစ်သဖြင့် ဒေသခံပြည်သူများက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်း သတင်းရရှိသည်။


၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၁၈ ရက်၊ စနေနေ့။


Posted on May 18, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၁၇ ရက်၊ သောကြာနေ့။


Posted on May 17, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၁၆ ရက်၊ ကြာသပတေးနေ့။


Posted on May 16, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 15, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၁၄ ရက်၊ အင်္ဂါနေ့။


Posted on May 14, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၁၃ ရက်၊ တနင်္လာနေ့။


Posted on May 13, 2024
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များပေးအပ်ရန် အသိပေးကြေညာချက်

Posted on May 18, 2024

၂၀၁၄ ခုနှစ်၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများအရ ထုတ်ဝေသူများသည် မိမိတို့ထုတ်ဝေသည့် စာအုပ်စာစောင် ၅ အုပ် သို့မဟုတ် ၅ စောင်ကို ပြန်ကြားရေးဝန်ကြီးဌာနသို့ အဖိုးအခလွတ်ပေးအပ်ရမည်ဖြစ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် အဆိုပါစာအုပ်စာစောင်များကို မူပိုင်ခွင့်နှင့် စာအုပ်စာရင်း ၂ အုပ်၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီသို့ ၂ အုပ်နှင့် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနသို့ ၁ အုပ် ပေးပို့လျက်ရှိပါသည်။

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း

Posted on May 16, 2024

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း

အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း

Posted on May 16, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးမှ ဦးအောင်ကျော်မိုးအား အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်တာဝန်များကို ထမ်းဆောင်ရန် တာဝန်ပေးအပ်လိုက်သည်။

HOT NEWS
January 4,