အသိဉာဏ်ရည်တု AI နည်းပညာနှင့် e-Government ဆိုင်ရာ လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ”နှင့် “နည်းပညာ အသုံးပြု မှုခင်းသတင်းအချက်အလက်စနစ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ” (၂) ရပ်၏ စတုတ္ထအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

အသိဉာဏ်ရည်တု AI နည်းပညာနှင့် e-Government ဆိုင်ရာ လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ”နှင့် “နည်းပညာ အသုံးပြု မှုခင်းသတင်းအချက်အလက်စနစ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ” (၂) ရပ်၏ စတုတ္ထအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း


ပြည်ထောင်စုတရားလွှတ်တော်ချုပ်/ နေပြည်တော် / May 22, 2026


နေပြည်တော်၊ မေ ၂၂

“ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ အသိဉာဏ်ရည်တု AI နည်းပညာနှင့် e-Government ဆိုင်ရာ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ” နှင့် “နည်းပညာအသုံးပြု မှုခင်းသတင်းအချက်အလက်စနစ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ” များ၏ စတုတ္ထအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ်ပိုင်းက ပြည်ထောင်စုတရားလွှတ်တော်ချုပ် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဒေါက်တာကိုကိုနိုင်က အဖွင့်အမှာစကားပြောကြားပြီး e-Government ဌာနမှ ညွှန်ကြားရေးမှူး ဦးကိုကိုလွင်၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဆုဝေလဲ့၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဇင်ဝေထက်တို့က ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ e-Government ဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များ နှစ်စဥ်ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်မှုများ၊ တရားစီရင်ရေးလုပ်ငန်းများ၌ နည်းပညာအထောက်အကူပြုမြှင့်တင်ရေး လုပ်ငန်းစဥ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြရာတွင် “၂၀၂၆ ခုနှစ်အတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ e-Government ဆိုင်ရာ ရှေ့လုပ်ငန်းစဉ် (၈) ရပ် ချမှတ်အကောင်အထည်ဖော်မည့် အစီအစဉ်များ၊ တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇) နှင့် နှစ်အလိုက်မဟာဗျူဟာလုပ်ငန်းအစီအစဉ်များတွင် နည်းပညာအသုံးပြုစနစ်များ၊ လုပ်ငန်းစဉ်များ ထည့်သွင်းအကောင်အထည် ဖော်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ တရားရုံးများကအမှုများကို မှန်မှန်နှင့်မြန်မြန် စစ်ဆေးစီရင်နိုင်ရန် နည်းပညာအသုံးပြု မှုခင်းစီမံခန့်ခွဲမှုစနစ်အား ယခင်သတ်မှတ်ထားသည့် ရှေ့ပြေးတရားရုံးများ၌ ထိရောက်စွာအသုံးပြုနိုင်ရေးအစီအစဉ်များ၊ e-Court စနစ်ဖော်ဆောင်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေသည့် အခြေအနေများ၊ တရားစီရင်ရေးကဏ္ဍတွင် အသိဉာဏ်ရည်တု AI ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မူဝါဒ၊ လမ်းညွှန်ချက်များချမှတ်ခြင်း၊ အသိပညာပေးဆောင်ရွက်နေမှုအခြေအနေများ၊ ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့သည့် Mini Data Center ပြန်လည်တည်ဆောက်နေသည့်အခြေအနေများ” နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးကြသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲသို့ ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါက်တာကိုကိုနိုင်၊ အဖွဲ့ဝင်များဖြစ်ကြသည့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် e-Government ဌာနမှ တာဝန်ရှိသူများ စုစုပေါင်း (၂၇) ဦး တက်ရောက်သည်။


၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။


Posted on May 23, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။


Posted on May 22, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။


Posted on May 21, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 20, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။


Posted on May 19, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။


Posted on May 17, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ

Posted on Jan 31, 2025

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ