စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၌ အပြစ်မဲ့ပြည်သူ တစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်၍ မော်တော်ယာဉ် တစ်စီးကို လုယက်ယူဆောင်ခဲ့သူ PDF အမည်ခံ အကြမ်းဖက်သမား တစ်ဦးအား ၎င်းလုယက်ယူဆောင်ခဲ့သည့် မော်တော်ယာဉ်နှင့်အတူ အသေပစ်ခတ်ဖမ်းဆီးရမိ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၌ အပြစ်မဲ့ပြည်သူ တစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်၍ မော်တော်ယာဉ် တစ်စီးကို လုယက်ယူဆောင်ခဲ့သူ PDF အမည်ခံ အကြမ်းဖက်သမား တစ်ဦးအား ၎င်းလုယက်ယူဆောင်ခဲ့သည့် မော်တော်ယာဉ်နှင့်အတူ အသေပစ်ခတ်ဖမ်းဆီးရမိ
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / December 30, 2024
နိုင်ငံတော်အစိုးရက အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေရန်၊ အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် နိုင်ငံ့ဝန်ထမ်းများအပါအဝင် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ်ခြင်း၊ အများပြည်သူနှင့်သက်ဆိုင်သော နေရာများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ အများပြည်သူပိုင်ပစ္စည်းများအား ဓားပြတိုက်လုယက်ခြင်းစသည့် အကြမ်းဖက်လုပ်ငန်းများကို နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက် နံနက် ၇ နာရီ ၂၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ မြို့နယ်၊ သလ္လာရပ်ကွက်၊ သုခဝတီလမ်းနေ ဒေါ်မို့မို့စန်း(၃၉)နှစ်သည် ၎င်းပိုင် ယာဉ်အမှတ် 4D/XXXX WISH အမျိုးအစား အဖြူရောင်မော်တော်ယာဉ်အား နေအိမ်ခြံဝင်းအတွင်းမှ သုခဝတီလမ်းပေါ်သို့ ထုတ်နေစဉ် Mask များတပ်ဆင်ကာ သေနတ်များကိုင်ဆောင်ထားသည့် PDF အမည်ခံ အကြမ်းဖက်သမား ငါးဦး(စိစစ်ဆဲ)က ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာပြီး ဒေါ်မို့မို့စန်းအား သေနတ်ဖြင့် ပစ်ခတ်၍ မော်တော်ယာဉ်အား လုယက်ယူဆောင်ထွက်ပြေးသွားခဲ့သဖြင့် ဒေါ်မို့မို့စန်းတွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ပြီး ဆေးကုသနိုင်ရေး မုံရွာမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသပေးနေစဉ် ရရှိထားသောဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ ညနေ ၅ နာရီ ၄၀ မိနစ်တွင် PDF အမည်ခံ အကြမ်းဖက်သမား တစ်ဦး(စိစစ်ဆဲ)အား မုံရွာမြို့နယ်၊ ပြည်တော်သာရပ်ကွက်ရှိ ကံသာဘုန်းကြီးကျောင်းအနီး မုံရွာ-သာစည်ကားလမ်းပေါ်၌ ၎င်းတို့ လုယက်ယူဆောင်လာသည့် ယာဉ်အမှတ် 4D/XXXX WISH အမျိုးအစား အဖြူရောင်မော်တော်ယာဉ်နှင့်အတူ အသေပစ်ခတ်ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်တွင် အပြစ်မဲ့ပြည်သူ တစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်၍ မော်တော်ယာဉ်အား လုယက်ယူဆောင်ခဲ့သည့် PDF အမည်ခံ အကြမ်းဖက်သမား တစ်ဦးအား အသေပစ်ခတ်ဖမ်းဆီးရမိခဲ့ပြီး အကြမ်းဖက်မှု ပြုလုပ်နေသူများအား ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင်တိုက်ဖျက်ကြရန်နှင့် ဖမ်းဆီးရန်ကျန်တရားခံ များအား အမြန်ဆုံးဆက်လက်ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်းနှင့် မြို့၊ ရွာများအမြန်ဆုံးအေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်းထုတ်ပြန်ထားကြောင်း သိရသည်။
အမိန့်ကြော်ငြာစာအမှတ်(၉၀/၂၀၂၄) စျေးကွက်ငွေလဲလှယ်နှုန်း (Market Trading Rate) ကို အခြေခံသည့် အပတ်စဉ်နိုင်ငံခြားငွေလဲလှယ်နှုန်း (Weekly Exchange Rate) ဖြင့် ပြောင်းလဲ၍...
Posted on Dec 27, 2024ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၅၀/၂၀၂၄)
Posted on Dec 28, 2024ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၅၀/၂၀၂၄)