Myanmar Football Academies Tournament 2025-2026 ပြိုင်ပွဲတွင် ပထမဆုနှင့် အသန့်ရှင်းဆုံးအသင်းဆုရရှိခဲ့သည့် တပ်မတော်ဘောလုံးအကယ်ဒမီအသင်းအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ
Myanmar Football Academies Tournament 2025-2026 ပြိုင်ပွဲတွင် ပထမဆုနှင့် အသန့်ရှင်းဆုံးအသင်းဆုရရှိခဲ့သည့် တပ်မတော်ဘောလုံးအကယ်ဒမီအသင်းအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 22, 2026
နေပြည်တော် ဇန်နဝါရီ ၂၂
Myanmar Football Academies Tournament 2025-2026 ပြိုင်ပွဲတွင် ပထမဆုနှင့် အသန့်ရှင်းဆုံးအသင်းဆု (Fair Play Award) ရရှိခဲ့သည့် တပ်မတော်ဘောလုံးအကယ်ဒမီ အသင်းအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ဇေယျာသီရိဘောလုံးအားကစားကွင်း၌ ကျင်းပရာ တပ်မတော်အားကစားနှင့်ကာယပညာအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဟိန်း၊ တပ်မတော်ဘောလုံးကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ် ရဲထွဋ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော် အရာရှိကြီးများ၊ တပ်မတော်ဘောလုံးအကယ်ဒမီအုပ်ချုပ်ရေးမှူး၊ Myanmar Football Academies Tournament 2025-2026 ပြိုင်ပွဲတွင် ပထမဆုနှင့် အသန့်ရှင်းဆုံးအသင်းဆု (Fair Play Award )ရရှိခဲ့သည့် တပ်မတော်ဘောလုံးအကယ်ဒမီအသင်းမှ နည်းပြအဖွဲ့ဝင်များ၊ အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တပ်မတော်အားကစားနှင့်ကာယပညာအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဟိန်းက အဖွင့်အမှာစကားပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၁၀) သိန်းပေးအပ်ရာ တပ်မတော်ဘောလုံးအကယ်ဒမီအုပ်ချုပ်ရေးမှူးနှင့် အသင်းခေါင်းဆောင်တို့က လက်ခံရယူကြသည်။
ထို့နောက် တပ်မတော်ဘောလုံးအကယ်ဒမီအုပ်ချုပ်ရေးမှူး ဗိုလ်မှူးခင်မောင်စိုးက တပ်မတော်ဘောလုံးကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ် ရဲထွဋ်ထံ ချန်ပီယံဆုဖလားအား အပ်နှင်းသည်။
ယင်းနောက် တပ်မတော်ဘောလုံးအကယ်ဒမီအသင်းနည်းပြချုပ် ဦးညီညီလတ်က ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
မြန်မာဘောလုံးအကယ်ဒမီများပြိုင်ပွဲကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့မှ ၁၁ ရက် နေ့အထိ ရန်ကုန်မြို့၌ ပြိုင်ပွဲဝင်အသင်း (၈) သင်းဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဗိုလ်လုပွဲကို ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ယှဉ်ပြိုင်ကစားခဲ့ရာ တပ်မတော်ဘောလုံးအကယ်ဒမီအသင်းက မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး) အသင်းကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့ကြောင်း သတင်းရရှိသည်။
ပြည်သူလူထုသို့ အသိပေးနှိုးဆော်ချက်
Posted on Jan 21, 2026ICJ ကြားနာပွဲတွင် မြန်မာနိုင်ငံကိုယ်စား သွားရောက်ဖြေရှင်းနေသည့် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သော Agent of Myanmar အဖွဲ့အား ပြည်သူတစ်ရပ်လုံးအနေဖြင့် အားပေးထောက်ခံလျက်ရှိသည်ကို ဝမ်းသာဂုဏ်ယူဖွယ် မြင်တွေ့ရပါသည်။
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်)၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၅) နိုင်ငံရေးပါတီများ၏...
Posted on Jan 21, 2026၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်)၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၅) နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်လောင်းရရှိမှုအခြေအနေ
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ (အပိုင်း ၂) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးချင်း ဆန္ဒမဲရရှိမှု အခြေအနေ
Posted on Jan 21, 2026၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ (အပိုင်း ၂) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးချင်း ဆန္ဒမဲရရှိမှု အခြေအနေ
