Naypyitaw State Polytechnic University (NSPU) ၌ သိပ္ပံပွဲတော် ၂၀၂၅ ကျင်းပ

Naypyitaw State Polytechnic University (NSPU) ၌ သိပ္ပံပွဲတော် ၂၀၂၅ ကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 25, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၂၄

ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း “ROSATOM”နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်း၍ သိပ္ပံပွဲတော် ၂၀၂၅ ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Polytechnic University (NSPU) ၌ ကျင်းပသည်။

အခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးနှင့် ကိုယ်စားလှယ်များ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ပါမောက္ခများ၊ ပညာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာနအောက်ရှိ တက္ကသိုလ်နှင့် ကျောင်းများမှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်ကကျင်းပခဲ့သည့် သိပ္ပံပွဲတော်များ၏ မှတ်တမ်းဗီဒီယိုများကို ပြသ၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က အဖွင့်အမှာစကားပြောကြားကာ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး Mr. I.K. Azizov က ဂုဏ်ပြုအမှာစကားပြောကြားပြီး NSPU နှင့် ရမည်းသင်း နည်းပညာတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများက မြန်မာ့ရိုးရာယဉ်ကျေးမှုအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကိုယ်စားလှယ်များက အနုပညာပြပွဲ(Splitting Color) ဆုရရှိသူများအား ဂုဏ်ပြုဆုများကိုလည်းကောင်း၊ ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုဆုငွေနှင့် လက်ဆောင်ပစ္စည်းများကိုလည်းကောင်း ပေးအပ်ကြကာ ကျောင်းသားလူငယ်များ၏ ပန်းချီပြပွဲနှင့် Project Shows ပြုလုပ်နေမှုများကို လှည့်လည်ကြည့်ရှုလေ့လာကြသည်။

အဆိုပါ သိပ္ပံပွဲတော်ကို Naypyitaw State Polytechnic University (NSPU)၌ နိုဝင်ဘာ ၂၄ ရက်မှ ၂၅ ရက်အထိကျင်းပ၍ အခြေခံပညာ ကျောင်းသား ကျောင်းသူများအတွက် နျူကလီးယားဆိုင်ရာ ဉာဏ်စမ်းဂိမ်းယှဉ်ပြိုင်မှုများ ကျင်းပပြုလုပ်ကာ ဂုဏ်ပြုဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်သည်။

ထို့ပြင် Oliver Stone “Nuclear Now”မှတ်တမ်းရုပ်ရှင်နှင့် “ATOM Egypt ENG Master” နှင့် “The City Falls Asleep” မှတ်တမ်း ရုပ်ရှင်တိုများပြသခြင်း၊ “Nuclear Technology in Everyday Life5” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခြင်းနှင့် နျူကလီးယားဆိုင်ရာ အသိပညာများမျှဝေခြင်းများ ပါဝင်မည်ဖြစ်သည်။

ယခုလို သိပ္ပံပွဲတော်ကျင်းပခြင်းအားဖြင့် အခြေခံပညာအဆင့်မှသည် တက္ကသိုလ်ကျောင်းသား ကျောင်းသူများနှင့် ကဏ္ဍအသီးသီးတွင် တာဝန်ထမ်းဆောင်နေသည့် လူငယ်ပညာရှင်များအထိ နျူကလီးယားပညာရပ်အပါအဝင် သိပ္ပံဆိုင်ရာအသိအမြင်များ၊ အတွေ့အကြုံဗဟုသုတများတိုးပွား လာစေခြင်း၊ သိပ္ပံပညာကို ပိုမိုစိတ်ဝင်စားစေပြီး သိပ္ပံပညာဆိုင်ရာ အသစ်အဆန်းများ လေ့လာစူးစမ်း လိုစိတ်ဖြစ်ပေါ်လာစေခြင်း၊ ပညာရေးကဏ္ဍတွင် လူငယ်များ၏ စိတ်ဓာတ်ခွန်အားကို မြှင့်တင်ပေးနိုင်ခြင်း၊ နိုင်ငံအတွင်း နျူကလီးယားစွမ်းအင်ဆိုင်ရာ အသိပညာများ ပြန့်ပွားလာမည်ဖြစ်သည့်အတွက် နိုင်ငံတော်၏ သိပ္ပံနှင့် နျူကလီးယားစွမ်းအင်ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ရာတွင် များစွာအထောက်အကူပြုနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။    

သတင်းစဉ်


၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၆ ရက် ၊ နိုဝင်ဘာ ၂၅ ရက်၊ အင်္ဂါနေ့။


Posted on Nov 25, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၅ ရက် ၊ နိုဝင်ဘာ ၂၄ ရက်၊ တနင်္လာနေ့။


Posted on Nov 24, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၄ ရက် ၊ နိုဝင်ဘာ ၂၃ ရက်၊ တနင်္ဂနွေနေ့။


Posted on Nov 23, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၃ ရက် ၊ နိုဝင်ဘာ ၂၂ ရက်၊ စနေနေ့။


Posted on Nov 22, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၂ ရက် ၊ နိုဝင်ဘာ ၂၁ ရက်၊ သောကြာနေ့။


Posted on Nov 21, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် ၊ နိုဝင်ဘာ ၂၀ ရက်၊ ကြာသပတေးနေ့။


Posted on Nov 20, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့်ရာထူး(၁၁)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ်...

Posted on Nov 21, 2025

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့်ရာထူး(၁၁)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့်နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း

HOT NEWS
January 4,