စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားမှုအား နှောင့်ယှက်ဖျက်ဆီးရန် ရည်ရွယ်၍ PDF အမည်ခံ အကြမ်းဖက်သမားများက စာသင်ကျောင်းပေါ်သို့ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများ လုပ်ဆောင်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားမှုအား နှောင့်ယှက်ဖျက်ဆီးရန် ရည်ရွယ်၍ PDF အမည်ခံ အကြမ်းဖက်သမားများက စာသင်ကျောင်းပေါ်သို့ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများ လုပ်ဆောင်


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / June 05, 2026


     လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် နိုင်ငံတော်မှ မျိုးဆက်သစ်ကလေးသူငယ်များ၏ ပညာရေးတိုးတက်မြင့်မားစေရန် စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုအား နှောင့်ယှက်ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်များဖြင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ စာရေးကိရိယာများအား လုယက်ယူဆောင် ဖျက်ဆီးခြင်း၊ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအား ခြိမ်းခြောက်ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အအုံများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ လက်နက်ကြီး၊ Drop Bomb များဖြင့် အဝေးမှ ပစ်ခတ်တိုက်ခိုက်ခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိပါသည်။
     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇွန် ၃ ရက် နံနက် ၂ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့၊ ရန်နိုင်အေးရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ဇီးကုန်း)သို့ PDF အမည်ခံ အကြမ်းဖက်သမားများက အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားမှုအား နှောင့်ယှက်ဖျက်ဆီးရန် ရည်ရွယ်၍ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့ရာ အဆိုပါကျောင်းဝင်းအတွင်းရှိ နှစ်ထပ်ကျောင်းဆောင်အမိုးပေါ်သို့ Drop Bomb နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ကျောင်းဆောင်၏အမိုးသွပ် ၈ ချပ်နှင့် မျက်နှာကြက်ကျောက်ပြား ၂၀ ချပ်ခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် ယခုပညာသင်နှစ်တွင် အခြေခံပညာအထက်တန်းကျောင်း(ဇီးကုန်း)၌ ကျောင်းဆရာ၊ ဆရာမ ၃၁ ဦးမှ ကျောင်းသား၊ ကျောင်းသူ ၃၇၇ ဦးတို့အား ကျောင်းဖွင့်လှစ် ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။
     အထက်ပါဖြစ်စဉ်မှ အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားမှုအား နှောင့်ယှက်ဖျက်ဆီးရန် ရည်ရွယ်၍ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းလုံခြုံစွာ ပညာသင်ကြားနိုင်ရန် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက် ၊ ဇွန် ၅ ရက်၊ သောကြာနေ့။


Posted on Jun 05, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက် ၊ ဇွန် ၄ ရက်၊ ကြာသပတေးနေ့။


Posted on Jun 04, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက် ၊ ဇွန် ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jun 03, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက် ၊ ဇွန် ၂ ရက်၊ အင်္ဂါနေ့။


Posted on Jun 02, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက် ၊ ဇွန် ၁ ရက်၊ တနင်္လာနေ့။


Posted on Jun 01, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက် ၊ မေ ၃၁ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 01, 2026