တင်ဒါအောင်မြင်ကြောင်းကြေညာခြင်း
နောက်ဆုံးရသတင်းများ - ၁၀၇၀၇၁ ခု
ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 16, 2026
ယနေ့သည် မြန်မာသက္ကရာဇ် ၁၃၈၇ ခု နှစ်ဟောင်းကုန်ဆုံးသောနေ့ဖြစ်သည်။ မြန်မာလူမျိုးတို့သည် နှစ်ဟောင်းကုန်၍ နှစ်သစ်ဆန်းသည်ကို အလေးအမြတ်ထားကြသည်။ ထို့ကြောင့် နှစ်သစ်သို့မကူးပြောင်းမီ နှစ်သစ်ကူးပွဲတော်ဖြစ်သည့် အတာသင်္ကြန်ပွဲတော်ကို အကြို၊ အကျ၊ အကြတ်၊ အတက်ဟူ၍ လေးရက်တိုင်ခြိမ့်ခြိမ့်သဲဆင်နွှဲကြသည်။ မင်္ဂလာအခါတော် အချိန်အခါကာလတွင် သင်္ကြန်ရေဖြင့် သွန်းလောင်းပြီး ကောင်းခြင်းမင်္ဂလာအဖြာဖြာတို့ကို ဆောင်ကြဉ်းကြသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on April 16, 2026
နေ့စဉ်မိုးလေဝသသတင်း (နံနက် ၇ နာရီ)ထုတ်ပြန်ချက်
ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 16, 2026
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဝင်းမြင့်နှင့်အတူ ဧပြီ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် တရုတ်နိုင်ငံပိုင် China Railway Beijing Engineering Group Co., Ltd သို့ သွားရောက်ပြီး ကုမ္ပဏီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ MEIGE Joint Energy Holding Co., Ltd ကုမ္ပဏီဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများ၊ Yunnan-Irrawaddy Supply Chain မှ President ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 16, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နိုင်ငံတော်သမ္မတအဖြစ် စတင်တာဝန်ထမ်းဆောင်ခြင်းအတွက် ဘူတန်ဘုရင့်နိုင်ငံ ဝန်ကြီးချုပ် ဒါရှို ရှားရင်း တော့ဘ်ဂေးထံမှ ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့သည်။
ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 16, 2026
ရန်ကုန်တိုင်းဒေသကြီးရှိ မဏ္ဍပ်များနှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်များတွင် ယနေ့ မြန်မာ့ရိုးရာ မဟာသင်္ကြန်အကြတ်နေ့၌ နံနက်ပိုင်းမှစတင်ကာ မိသားစုအလိုက်၊ အစုအဖွဲ့အလိုက် အေးချမ်းပျော်ရွှင်စွာ သင်္ကြန်ပွဲတော်ဆင်နွှဲကြသည့် သင်္ကြန်ချစ်သူပြည်သူများဖြင့် စည်ကားများပြားလျက်ရှိသည်။
ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 16, 2026
နေပြည်တော်ရင်ပြင်၌ကျင်းပသည့် နေပြည်တော်လမ်းလျှောက် သင်္ကြန်တွင် ယနေ့ သင်္ကြန်အကြတ်နေ့ နံနက်ပိုင်းမှစတင်ကာ လာရောက်လည်ပတ်ကြသူ ပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။
တင်ဒါအောင်မြင်ကြောင်းကြေညာခြင်း
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / June 13, 2025
ပြန်ကြားရေးဝန်ကြီးဌာန
ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီ
ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနအတွက် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်၊ သာမန်အသုံး စရိတ်ဖြင့် စက္ကူနှင့်ပုံနှိပ်ရေးပစ္စည်းများ ဝယ်ယူရန် ပြည်တွင်း/ပြည်ပ ပစ္စည်းများဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီမှ (၁၁-၆-၂၀၂၅)ရက်နေ့၊ မွန်းလွဲ(၁၄:၀၀)နာရီအချိန်တွင် စိစစ်ခဲ့သည့် ဈေးနှုန်းများအနက် အနည်းဆုံးပေးသွင်းသည့် အောက်ပါကုမ္ပဏီများမှ ယှဉ်တွဲပါဈေးနှုန်း၊ အရေအတွက်တို့ဖြင့် တင်ဒါအောင်မြင်ကြောင်းကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီ၏ ဆုံးဖြတ်ချက်အရ ကြေညာအပ်ပါသည် -
