သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ (၁၈) ကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကျင်းပ တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ (၁၈) ကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကျင်းပ
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန/ နေပြည်တော် / February 03, 2026
ဆယ့်နှစ်လရာသီပွဲတော်များတွင် တစ်ခုအပါအဝင်ဖြစ်သည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာ ကောင်းကို လက်ဆင့်ကမ်းထိန်းသိမ်းရန်၊ ဝန်ထမ်းအချင်းချင်း ချစ်ကြည်ရင်းနှီးမှု တိုးပွားပြီး စည်းလုံး ညီညွတ်စွာဖြင့် ပူးပေါင်းဆောင်ရွက်တတ်မှုကို ပိုမိုအားကောင်းလာစေရန်၊ ဝန်ထမ်းများ ပျော်ရွှင်ပြီး လုပ်ငန်းခွင်သာယာစေရန်ရည်ရွယ်၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ (၁၈) ကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ၃-၂-၂၀၂၆ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာနရုံးချုပ်တွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အကဲဖြတ် အမှတ်ပေး အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အသင်းများ၊ ဝန်ကြီးဌာနအောက်ရှိ ဌာနများနှင့် တက္ကသိုလ်တို့မှ ဝန်ထမ်းများ တပျော်တပါး ပါဝင်ဆင်နွှဲကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲအား ဖွင့်လှစ်ပေးပြီး ဌာနများနှင့် တက္ကသိုလ်တို့မှ ပြိုင်ပွဲဝင်အသင်း (၁၂) သင်း၏ ထမနဲထိုး ယှဉ်ပြိုင်နေမှုအား လှည့်လည် ကြည့်ရှု အားပေးသည်။
ပြိုင်ပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးက ပထမဆုရရှိသော မြန်မာ့သစ်လုပ်ငန်းအသင်းအား လည်းကောင်း၊ ဒုတိယဝန်ကြီးက ဒုတိယဆုရရှိသော သစ်တောဦးစီးဌာနအသင်းအားလည်းကောင်း၊ အမြဲတမ်းအတွင်းဝန်က တတိယဆုရရှိသော မြေတိုင်းဦးစီးဌာနအသင်းအားလည်းကောင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက နှစ်သိမ့်ဆုရရှိသော အသင်းများအားလည်းကောင်း အသီးသီး ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။
တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန/ နေပြည်တော် / February 11, 2026
တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
ရက်စွဲ၊ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာနမှ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် အောက်ဖော်ပြပါ လုပ်ငန်းများဆောင်ရွက်ခြင်းအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီများအား အောက်ပါအတိုင်း ထုတ်ပြန် ကြေညာလိုက်ပါသည် -
|
စဉ် |
တင်ဒါ အမှတ်စဉ် |
လုပ်ငန်းအမည် |
ရွေးချယ်ခံရသည့် ကုမ္ပဏီအမည် |
|
၁။ |
ITCS - ၆၀/၂၀၂၅ |
Container Data Center Modules for e-Government အတွက်လိုအပ်သော စက်ပစ္စည်းများ ဝယ်ယူတပ်ဆင်ခြင်း |
Myanmar ICT Solutions Ltd. |
|
၂။ |
ITCS - ၆၁/၂၀၂၅ |
Modular Container Data Center Farm များသို့ Server နှင့် ဆက်စပ် စက်ပစ္စည်းများ ပြောင်းရွှေ့ တပ်ဆင်ခြင်း |
Byte Matrix Co., Ltd. |
|
၃။ |
ITCS - ၆၄/၂၀၂၅ |
DC and Office Facilities များ ဖြုတ်သိမ်း ပြောင်းရွှေ့တပ်ဆင်ခြင်း |
Novel Power Co., Ltd. |
တင်ဒါကော်မတီ (ဆက်သွယ်ရေး)
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
ရုံးအမှတ် (၂) ၊ နေပြည်တော်
