ဒေါက်တာအေးမောင် အား ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈၈ ပုဒ်မခွဲ(က)အရ အရေးယူထားခြင်း ပယ်ဖျက်
နောက်ဆုံးရသတင်းများ - ၉၇၀၃၆ ခု

ပြန်ကြားရေးဝန်ကြီးဌာန / Posted on September 13, 2025
(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိပြည်သူ့ဆေးရုံ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်မောင်ဝင်း၊ အနောက်တောင် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးကျော်ထက်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။

ပြန်ကြားရေးဝန်ကြီးဌာန / Posted on September 13, 2025
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၃၆ လမ်းနှင့် ၃၆ x ၅၃ လမ်းထောင့်ရှိ Cover Club ဆိုင်၌ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့ နံနက် ၁ နာရီမှ ၂ နာရီအချိန်ထိ DJ Violet (ခ) ခင်ထွေးထွေးမွန်(၂၄)နှစ်နှင့် DJ မန်နေဂျာဖြစ်သူ ဖြိုးဟိန်းကိုကို (ခ)မင်းထိုက်နှင့် Dice (ခ)ဉာဏ်လင်းထက်တို့ ဦးဆောင်၍ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” သီချင်းအား အရက်သေစာသောက်စားမူးယစ်၍ သရုပ်ပျက်အဝတ်အစားများဝတ်ဆင်ကာ DJ တီးခတ်ကခုန်ခဲ့မှုကြောင့် ဗုဒ္ဓဘာသာအား အကြည်ညိုပျက်စေရန် ပြုလုပ်ခဲ့ကြောင်း တွေ့ရှိရသဖြင့် အရေးယူဆောင်ရွက်နိုင်ရေး ရှာဖွေဖမ်းဆီးခဲ့ရာ DJ တီးခတ်သူ DJ Violet (ခ) ခင်ထွေးထွေးမွန်(၂၄)နှစ်နှင့် DJ မန်နေဂျာဖြစ်သူ ဖြိုးဟိန်းကိုကို(ခ)မင်းထိုက်(၂၈)နှစ်တို့ကို စက်တင်ဘာ ၁၁ ရက် ည ၁၁ နာရီ မိနစ် ၃၀ ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ နနွင်းကုန်းရပ်ကွက်နေအိမ်၌လည်းကောင်း၊ ဆိုင်ပိုင်ရှင် သက်လွင်အောင်(ခ)မျိုးအောင်(၄၉)နှစ်၊ ဆိုင်မန်နေဂျာ ဇင်စုရ(၃၁)နှစ်တို့ကို ယနေ့မွန်းလွဲ ၁ နာရီခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၃၆ လမ်းနှင့် ၃၆ x ၅၃ လမ်းထောင့်ရှိ Cover Club ဆိုင်၌လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရှိရသည်။

ပြန်ကြားရေးဝန်ကြီးဌာန / Posted on September 13, 2025
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၇)သို့ တက်ရောက်မည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ နိုင်ငံ့သားကောင်းရတနာများအား ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်မှူး ဗိုလ်မှူးချုပ်စိုးကျော်ထက်နှင့် တာဝန်ရှိသူများက ပုသိမ်တပ်နယ် အားကစားခန်းမ၌ သွားရောက်တွေ့ဆုံသည်။

ပြန်ကြားရေးဝန်ကြီးဌာန / Posted on September 13, 2025
၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် စာသင်ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၌ ကျောင်းပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးအတွက် နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 13, 2025
နေ့စဉ်မိုးလေဝသသတင်း (ည ၇ နာရီ) ထုတ်ပြန်ချက်

ပြည်ထဲရေးဝန်ကြီးဌာန / Posted on September 13, 2025
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်ကျော်ကျော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၈ ရက်မှ ၁၂ ရက်အထိ မလေးရှားနိုင်ငံ၊ မလက္ကာမြို့၌ ကျင်းပသည့် (၁၉)ကြိမ်မြောက် နိုင်ငံဖြတ်ကျော်မှုခင်းများဆိုင်ရာ အာဆီယံဝန်ကြီးအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ [19th ASEAN Ministerial Meeting on Transnational Crime (AMMTC) and its Related Meetings] သို့ တက်ရောက်ခဲ့ပြီး စက်တင်ဘာ ၁၂ ရက်တွင် ရန်ကုန်မြို့သို့ လေကြောင်း ခရီးဖြင့် ပြန်လည်ရောက်ရှိခဲ့ပါသည်။
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်၊ စက်တင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။
Posted on Sep 14, 2025
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၆ ရက်၊ စက်တင်ဘာ ၁၂ ရက်၊ သောကြာနေ့။
Posted on Sep 12, 2025
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၅ ရက်၊ စက်တင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။
Posted on Sep 11, 2025
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၄ ရက်၊ စက်တင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Sep 10, 2025
ဒေါက်တာအေးမောင် အား ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈၈ ပုဒ်မခွဲ(က)အရ အရေးယူထားခြင်း ပယ်ဖျက်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / September 13, 2025