နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနမှ ကြော်ငြာခြင်း

နောက်ဆုံးရသတင်းများ - ၁၀၅၈၁၀ ခု

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ကမ္ဘာ့စားသုံးသူသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ်အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ / Posted on March 13, 2026

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများ နေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲ"ဂုဏဝိသိဋ္ဌပူဇာ"မဟာမင်္ဂလာအခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ / Posted on March 13, 2026

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲ”ဂုဏဝိသိဋ္ဌပူဇာ”မဟာမင်္ဂလာ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

ဧရာ၀တီတိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၆)တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ / Posted on March 13, 2026

ဧရာဝတီတိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၆)ကို ယနေ့ ညနေပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်း အဝေးခန်းမ(၁)တွင်ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ စီးပွားရေးရာဝန်ကြီး၊ တိုင်းဒေသကြီးမြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ကော်မတီဝင် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၆ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ဖိတ်ခေါ် အမျိုးသား (အလွတ်တန်း)ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ / Posted on March 13, 2026

၂၀၂၆ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ဖိတ်ခေါ် အမျိုးသား (အလွတ်တန်း)ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းဖူဆယ်အားကစားကွင်းတွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များနှင့် ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ခဲ့ကြသည်။

နေ့စဉ်မိုးလေဝသသတင်း (နံနက် ၇ နာရီ)ထုတ်ပြန်ချက်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on March 13, 2026

နေ့စဉ်မိုးလေဝသသတင်း (နံနက် ၇ နာရီ)ထုတ်ပြန်ချက်

ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ သက်ဆိုင်ရာဘာသာရပ်အလိုက် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှု ကြည့်ရှုအားပေး၍ အခြေခံပညာဆရာ ဆရာမများနှင့်တွေ့ဆုံ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on March 13, 2026

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်သည် ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ၊ မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ တာဝန်ရှိသူများနှင့် အတူ ယနေ့ နံနက်ပိုင်းတွင် ကျောက်ဆည်မြို့နယ် အစိုးရနည်းပညာအထက်တန်းကျောင်းရှိ စာစစ်ဌာနသို့ သွားရောက်၍ ၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ သက်ဆိုင်ရာဘာသာရပ်အလိုက် စိတ်အေးချမ်းသာစွာ ဖြေဆိုနေသည့် ကျောင်းသား ကျောင်းသူများကို လိုက်လံကြည့်ရှုအားပေးပြီး လက်တွေ့ဖြေဆိုမည့် စာဖြေခန်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ အားလုံးပူးပေါင်း၍ စာမေးပွဲလုပ်ငန်းစဉ်များ အောင်မြင်ပြီးမြောက်သည်အထိ အလေးထားဆောင်ရွက်ပေးကြရန်မှာကြားသည်။


၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။


Posted on Mar 13, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


Posted on Mar 12, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Mar 11, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


Posted on Mar 10, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


Posted on Mar 09, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 08, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနမှ ကြော်ငြာခြင်း


နေပြည်တော်စည်ပင်သာယာရေးကော်မတီ/ နေပြည်တော် / March 11, 2026