ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီ
နောက်ဆုံးရသတင်းများ - ၁၀၆၁၀၁ ခု
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ / Posted on March 20, 2026
(၈၁)နှစ်မြောက် တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေထိန်းတံခါးများနှင့် မြေထိန်းနံရံဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်- ရှောပြာ-ချောင်းသာကား လမ်း (တဲကြီးကုန်း)၌ ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ / Posted on March 20, 2026
ရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့နယ်၊ ကြခတ်ချောင်ကျေးရွာ၌ (၈၁)နှစ်မြောက် တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ပုသိမ်) (၃)ထပ်သင်တန်းသားဆောင် (၁၃၆ပေ×၄၄ပေ)ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ တာဝန်ရှိသူများနှင့်အတူ ဖွင့်လှစ်ပေးပြီး ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များပက်ဖျန်းပေးခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ / Posted on March 20, 2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီမှ ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ခွင့်ပြုမိန့် ထုတ်ပေးခဲ့သော တိုင်းဒေသကြီးအတွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်များနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးကို အခြေခံသည့် တိုင်းဒေသကြီး ဖြစ်ပါကြောင်းနှင့် တိုင်းဒေသကြီးအတွင်း ဆန်စပါးနှင့် ပတ်သက်သည့်လုပ်ငန်းများ၊ အထည်ချုပ်လုပ်ငန်းများကို အများဆုံးလာရောက် ရင်းနှီးမြှုပ်နှံလျက်ရှိပါကြောင်း
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ / Posted on March 20, 2026
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ရုံး၌ အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက် နာယူကြည်ညိုခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ / Posted on March 20, 2026
ဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၆) ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ယမန်နေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ / Posted on March 20, 2026
တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် မိတ်ဆက် တွေ့ဆုံပွဲ အခမ်းအနားကို ပုသိမ်မြို့၊ လွှတ်တော်ရုံး ပင်မအဆောက်အအုံရှိ Banquet Hall ၌ ယနေ့ နံနက် (ဝ၈၀၀) နာရီအချိန်တွင် ကျင်းပခဲ့သည်။ ဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အမှာစကား ပြောကြားရာတွင်“ ပြည်သူများက ရွေးချယ်ပေးသည့် လွှတ်တော်ကိုယ်စားလှယ်များ စုံညီစွာ ရောက်ရှိလာသည့်အတွက် မိတ်ဆက်တွေ့ဆုံခြင်းဖြစ်ကြောင်း
ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / July 10, 2025
ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ၊ ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ရုံးသုံး/လုပ်ငန်းသုံး စက်ကိရိယာပစ္စည်းများဝယ်ယူရန် ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ (၁၀-၇-၂၀၂၅)ရက်နေ့၊ မွန်းလွဲ(၁၃:၀၀)နာရီ အချိန်တွင် စိစစ်ခဲ့သည့်ဈေးနှုန်းများအနက် အနည်းဆုံးပေးသွင်းသည့် အောက်ပါကုမ္ပဏီများမှ ယှဉ်တွဲပါ ဈေးနှုန်း၊ အရေအတွက်တို့ဖြင့် တင်ဒါအောင်မြင်ကြောင်းကို ပြန်ကြားရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးအမှတ်စဉ် (၉/၂၀၂၅)၏ အတည်ပြုချက်အရ ကြေညာအပ်ပါသည် -
