ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့်ဝယ်ယူမည့် ရုံးသုံးစက်ပစ္စည်းများအိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
နောက်ဆုံးရသတင်းများ - ၁၀၁၃၇၇ ခု
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး / Posted on December 12, 2025
ပြန်ကြားရေးဝန်ကြီးဌာန / Posted on December 12, 2025
အဂတိလိုက်စားမှုဆိုသည်မှာ ကိုယ်ကျိုးစီးပွားအတွက် အများပြည်သူ့အာဏာကို အလွဲသုံးစားပြုခြင်းဟူသော ဖွင့်ဆိုချက်ရှိသည်။ ရာထူးတာဝန်ကို အလွဲသုံးစားပြုပြီး ကိုယ်ကျိုးရှာဖွေခြင်းသည် လူ့ကျင့်ဝတ်ဖောက်ဖျက်မှုဖြစ်သကဲ့သို့ ဥပဒေကို ဖောက်ဖျက် ကျူးလွန်ခြင်းလည်းဖြစ်သည်။ အဂတိလိုက်စားမှု ကျယ်ပြန့်စွာ အမြစ်တွယ်နေသည့် လူ့အဖွဲ့အစည်းတွင် နောက်ဆက်တွဲဖြစ်ပေါ်လာသည့် အကျိုးဆက်များမှာလည်း များပြားကျယ်ဝန်းလှပြီး အန္တရာယ်လည်း ကြီးသည်။
ပြန်ကြားရေးဝန်ကြီးဌာန / Posted on December 12, 2025
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ် သင်တန်းကျောင်း နေပြည်တော် နှင့် ရန်ကုန်တို့တွင်ဖွင့်လှစ်သည့် အလယ်အလတ်အဆင့်၊ အဆင့်မြင့် စာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၁၀၃) သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော် ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။
ပြန်ကြားရေးဝန်ကြီးဌာန / Posted on December 12, 2025
မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအကြား ဉာဏ်ရည်တုနည်းပညာ(AI)ကဏ္ဍ နှီးနှောဖလှယ်မှုများဆောင်ရွက်နေသည့် ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ်အတတ်ပညာမြှင့်တင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် နန်နင်းမြို့ ၌ ဒီဇင်ဘာ ၆ ရက်က ဆက်လက်လေ့လာကြသည်။
ပြန်ကြားရေးဝန်ကြီးဌာန / Posted on December 12, 2025
မဲခေါင်-လန်ချန်းပူးပေါင်းအစီအစဉ်၏ အထူး ရန်ပုံငွေ ၂၀၂၃ ဖြင့် ဆောင်ရွက်လျက်ရှိသည့် စားသောက်ကုန်လုပ်ငန်းကဏ္ဍတွင် စွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲရေး ရှေ့ပြေးစီမံကိန်းအောက်၌ ပြုလုပ်သည့် စွမ်းအင်စီမံခန့်ခွဲမှုသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Grand Amara Hotel ၌ ကျင်းပသည်။
ပြန်ကြားရေးဝန်ကြီးဌာန / Posted on December 12, 2025
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့်ဝယ်ယူမည့် ရုံးသုံးစက်ပစ္စည်းများအိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 12, 2025
(၂၀၂၅-၂၀၂၆ ခု၊ ဘဏ္ဍာရေးနှစ်)
၁။ ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးတွင် အသုံးပြုရန်အတွက် Network Security System တပ်ဆင်နိုင်ရေး စက်ပစ္စည်းများကို ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။
၂။ အိတ်ဖွင့်တင်ဒါပုံစံနှင့် လိုက်နာဆောင်ရွက်ရန်အချက်များကို(၁)စုံလျှင် ကျပ် ၁၀,၀၀၀/-နှုန်းဖြင့် (၁၅-၁၂-၂၀၂၅) ရက်နေ့မှ (၁၃-၁-၂၀၂၆) ရက်နေ့အထိ နံနက် (၀၉:၃၀) နာရီမှ (၁၆:၃၀) နာရီအထိ ရုံးချိန်အတွင်း ရုံးအမှတ် (၇) ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ နေပြည်တော်တွင် လာရောက်ဝယ်ယူနိုင်ပါသည်။
၃။ အိတ်ဖွင့်တင်ဒါများကို (၁၄-၁-၂၀၂၆) ရက်နေ့ (၁၆:၃၀) နာရီတွင် နောက်ဆုံးထား၍ ရုံးအမှတ်(၇)၊ ပြန်ကြားရေးဝန်ကြီးဌာန၊ နေပြည်တော်ရှိ တင်ဒါအဖွဲ့ဝင်များရှေ့မှောက်တွင် လာရောက်ပေးသွင်းရန်ဖြစ်ပါသည်။ (သတ်မှတ်ချိန်ထက်ကျော်လွန်သောတင်ဒါများကို ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။)
၄။ အိတ်ဖွင့်တင်ဒါပုံစံ၊ လိုက်နာဆောင်ရွက်ရန်အချက်များနှင့် ရုံးသုံးစက်ပစ္စည်းများ၏ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက အောက်ပါလိပ်စာတွင် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ
ရုံးအမှတ် (၇) ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ နေပြည်တော်
ဖုန်း ၊ ၀၆၇-၃၄၁၂၃၂၈ ၊ ၀၆၇- ၃၄၁၂၃၂၇၊ ၀၆၇- ၃၄၁၂၄၅၆
