မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၅ /၂၀၂၅)

နောက်ဆုံးရသတင်းများ - ၉၁၉၁၈ ခု

စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေစီမံကိန်း ဦးဆောင်ကော်မတီအစည်းအဝေးနှင့် မြန်မာနိုင်ငံဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ အစည်းအ‌ဝေးကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on June 01, 2025

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်‌ချေးငွေစီမံကိန်း ဦးဆောင်ကော်မတီ၏ (၃၃)ကြိမ်မြောက်အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဇွန် ၁ ရက်မှ ၃၀ ရက်အထိကာလကို ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ် ထပ်မံတိုးမြှင့်ထုတ်ပြန်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on June 01, 2025

၁။ အင်အားပြင်းမန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် ငလျင်ဒဏ် သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက် နိုင်စေရန်ရည်ရွယ်ပြီး တပ်မတော်အနေဖြင့် ၂၀၂၅ ခုနှစ်၊ မေ ၆ ရက်မှ ၃၁ ရက်အထိကာလကို ယာယီပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

နိုင်ငံဖွံ့ဖြိုးရေးအတွက် အရည်အသွေးပြည့်မီသော နည်းပညာရှင်များ မွေးထုတ်ဆောင်ရွက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on June 01, 2025

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် မေ ၂၈ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန စက်မှုနည်းပညာ လေ့ကျင့်သင်ကြားရေး သင်တန်းကျောင်းသို့ရောက်ရှိပြီး ဉာဏ်ရည်တုနည်းပညာ(AI)နှင့် Industrial Internet of Things (IIoT) သင်တန်းတို့တွင် လေ့ကျင့်သင်ကြားလျက်ရှိကြသော သင်တန်း သားများအား နှုတ်ဆက်အားပေးကာ နိုင်ငံတကာ၌ AI နှင့် IIoT တို့ကို စက်မှုကဏ္ဍအပြင် အခြားကဏ္ဍစုံ၌ တွင်ကျယ်စွာ အသုံးပြုလာကြပြီဖြစ်ရာ နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက် နည်းပညာဖွံ့ဖြိုးမှုအရွေ့များအတိုင်း လက်တွေ့ကျကျ အသုံးချနိုင်ရေး အလေးထားဆောင်ရွက်ရန် မှာကြားသည်။

ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင် မန္တလေးငလျင်ဒဏ်သင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ အိမ်ရာများနှင့် ယာယီကယ်ဆယ်ရေးစခန်း ကြည့်ရှုစစ်ဆေး

ပြန်ကြားရေးဝန်ကြီးဌာန / Posted on June 01, 2025

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ဒုတိယဝန်ကြီး၊ ပြည်ထောင်စု ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းတွင် မန္တလေးငလျင်ဒဏ် ခံစားခဲ့ရသည့် စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ အိမ်ရာများနှင့် ယာယီကယ်ဆယ်ရေးစခန်းတွင် ဝန်ထမ်းများနေရာချထားမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများ လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on June 01, 2025

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများသိရှိနိုင်ရေး အသိပေးသတင်း ထုတ်ပြန်ပြီးဖြစ်သည်။

ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on June 01, 2025

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။


၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၆ ရက်၊ ဇွန် ၁ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 01, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၅ ရက်၊ မေ ၃၁ ရက်၊ စနေနေ့။


Posted on May 31, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၄ ရက်၊ မေ ၃၀ ရက်၊ သောကြာနေ့။


Posted on May 30, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၃ ရက်၊ မေ ၂၉ ရက်၊ ကြာသပတေးနေ့။


Posted on May 29, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၂ ရက်၊ မေ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 28, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁ ရက်၊ မေ ၂၇ ရက်၊ အင်္ဂါနေ့။


Posted on May 26, 2025

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၅ /၂၀၂၅)


မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်/ Yangon / April 17, 2025


၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌသည် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တန်ခူးလ ပြည့်ကျော် ၅ ရက် (၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၇ ရက်) နေ့တွင် မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေး အရ ငဲ့ညှာထောက်ထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏ တည်ဆောက်ရေး လုပ်ငန်း များတွင် ပါဝင်ဆောင်ရွက်နိုင်ရန်လည်းကောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ အမိန့် အမှတ် (၃၀/၂၀၂၅) ဖြင့် သတ်မှတ်ထားသော ပြစ်မှုများမှအပ အကျဉ်းသား/ အကျဉ်းသူများ ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုပြီး အမိန့်အမှတ် (၃၁/၂၀၂၅) ဖြင့် အကျဉ်းသား/ အကျဉ်းသူ ၄၈၉၃ ဦး၏ ပြစ်ဒဏ်များကို လျှော့ပေါ့၍ ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပြုခဲ့ပါသည်။

၂။ ထို့ပြင် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေးကို ရှေးရှုကာ လူသားချင်းစာနာ ထောက်ထားမှုကို အလေးထားလျက် အမိန့်အမှတ် (၃၂/၂၀၂၅) ဖြင့် ပြစ်ဒဏ်ကျခံနေသည့် နိုင်ငံခြားသား အကျဉ်းသား /အကျဉ်းသူ ၁၃ ဦးတို့ကို ယင်းတို့ကျခံရန် ကျန်ရှိသည့် ပြစ်ဒဏ်များအပေါ် လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးခဲ့ပါသည်။

၃။ နိုင်ငံတော်၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်နှင့် လွတ်ငြိမ်းခွင့်ပြုခြင်းများသည် လူ့အခွင့် အရေးဆိုင်ရာ အပြုသဘောဆောင်သည့် ဆောင်ရွက်ချက်ဖြစ်ပါသည်။ လွတ်ငြိမ်းခွင့်ရရှိသော နိုင်ငံသားများသည် ငလျင်ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေး လုပ်ငန်းများတွင် တစ်တပ်တစ်အား ပါဝင်နိုင်မည်ဖြစ်ပြီး ဒီမိုကရေစီနှင့် ဖယ်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတွင်လည်း ပါဝင်နိုင်ကြမည်ဖြစ်ပါသည်။

၄။ နိုင်ငံခြားသား အကျဉ်းသား/ အကျဉ်းသူများကို ပြစ်ဒဏ်များလျှော့ပေါ့ပြီး လွတ်ငြိမ်းခွင့် ပြုခြင်းသည် နိုင်ငံများ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးကို မြှင့်တင်ရာ ရောက်သည့်အပြင် သဘာဝဘေးအန္တရာယ် ကျရောက်သည့် အခြေအနေများတွင် ကမ္ဘာ့မိသားစုဝင်နိုင်ငံအချင်းချင်း လူသားချင်းစာနာထောက်ထားမှုဖြင့် ကယ်ဆယ်ရေးနှင့် ကူညီပံ့ပိုးဆောင်ရွက်ပေးခဲ့မှုများကိုလည်း အလေးထား အသိအမှတ်ပြုရာရောက်ပါသည်။

၅။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိသူ များ၏ မိသားစုဝင်များနည်းတူ ဝမ်းမြောက်ပီတိဖြစ်ရပါကြောင်းနှင့် ပြစ်ဒဏ်လွတ်ငြိမ်း သက်သာ ခွင့်နှင့် လွတ်ငြိမ်းခွင့်ပြုခြင်းများကို ကြိုဆိုပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Download
HOT NEWS
January 4,