မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် (၁၀/၂၀၂၅)

နောက်ဆုံးရသတင်းများ - ၉၆၁၃၈ ခု

အစိုးရစက်မှုလက်မှုသိပ္ပံ(ဘားအံ)၏ မိုးရာသီဖူဆယ်အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

ကရင်ပြည်နယ်အစိုးရအဖွဲ့ / Posted on August 27, 2025

အစိုးရစက်မှုလက်မှုသိပ္ပံ(ဘားအံ)၏ မိုးရာသီဖူဆယ်အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

နေ့စဉ်မိုးလေဝသသတင်း (ညနေ ၄ နာရီ) ထုတ်ပြန်ချက်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on August 27, 2025

နေ့စဉ်မိုးလေဝသသတင်း (ညနေ ၄ နာရီ) ထုတ်ပြန်ချက်

မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် နေပြည်တော်ကောင်စီနယ်မြေ၌ ရေကြီးရေလျှံမှုများ ဖြစ်ပွား

ပြန်ကြားရေးဝန်ကြီးဌာန / Posted on August 27, 2025

လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံနယ်စပ်ဒေသများပေါ်၌ ဖြစ်ပေါ်ခဲ့သော အပူပိုင်းမုန်တိုင်းငယ်သည် လေဖိအားနည်းဆဲလ်အဖြစ် အားလျော့သွားခဲ့ပြီး၊ ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသများကို ဖြတ်ကျော်လျက်ရှိပါသည်။

နေ့စဉ်မြစ်ရေခန့်မှန်းချက်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on August 27, 2025

နေ့စဉ်မြစ်ရေခန့်မှန်းချက်

(၁၂) ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on August 27, 2025

(၁၂)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများ (12th ASEAN Mini-sterial Meeting on Social Welfare and Deve-lopment-AMMSWD and Related Meetings)ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် Video Conference ဖြင့် ဩဂုတ် ၂၆ ရက်မှ ၂၉ ရက်အထိ နေပြည်တော်ရှိ M-Gallery Hotel ၌ လက်ခံကျင်းပသည်။


၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၅ ရက် ၊ သြဂုတ် ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Aug 27, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၄ ရက် ၊ သြဂုတ် ၂၆ ရက်၊ အင်္ဂါနေ့။


Posted on Aug 26, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၃ ရက် ၊ သြဂုတ် ၂၅ ရက်၊ တနင်္လာနေ့။


Posted on Aug 25, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၂ ရက် ၊ သြဂုတ် ၂၄ ရက်၊ တနင်္ဂနွေနေ့။


Posted on Aug 24, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁ ရက် ၊ သြဂုတ် ၂၃ ရက်၊ စနေနေ့။


Posted on Aug 23, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လကွယ်နေ့ ၊ သြဂုတ် ၂၂ ရက်၊ သောကြာနေ့။


Posted on Aug 22, 2025

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် (၁၀/၂၀၂၅)


မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်/ Yangon / August 25, 2025


၁။ ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နှင့် ကျောက်မဲမြို့တို့ ဆက်သွယ်ထားသည့် မန္တလေး-လားရှိုး ရထားလမ်းပေါ်ရှိ ဂုတ်ထိပ်တံတားကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်နေ့ တွင် ဖျက်ဆီးခံခဲ့ရကြောင်း သိရှိရပါသည်။ ဂုတ်ထိပ်တံတားသည် နှစ်ပေါင်း ၁၂၅ နှစ် သက်တမ်း ရှိသည့် မီးရထားလမ်းတံတား တစ်ခုဖြစ်ပြီး နိုင်ငံတော်အစိုးရနှင့် ဒေသခံပြည်သူ များက လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်ခဲ့သော နိုင်ငံ၏ အထင်ကရနှင့် သမိုင်းဝင် တံတား ဖြစ်ပါသည်။ ဤအဖျက်လုပ်ရပ်သည် အများပြည်သူ သယ်ယူပို့ဆောင်ရေး၊ လုံခြုံရေး၊ ဒေသခံပြည်သူများ၏ နေ့စဉ်ဘဝနှင့် စီးပွားရေး ဆောင်ရွက်မှုများအပေါ် ပြင်းထန်စွာ ထိခိုက် စေသည်သာမက မြန်မာနိုင်ငံ၏ သမိုင်းဝင်အမွေအနှစ် တစ်ခုအား ထိခိုက်ပျက်စီးစေခြင်း ဖြစ်ပါသည်။

၂။ တံတားကြီးများဥပဒေအရ တံတားကြီး အင်္ဂါရပ်များကို ရည်ရွယ်ချက်ဖြင့် တမင် ဖျက်ဆီးခြင်း၊ ပျက်စီးစေခြင်း၊ တံတားရေရှည်တည်တံ့ခိုင်မြဲမှုကို ထိခိုက်စေမည့် အပြုအမူများ မပြုလုပ်ရန် တားမြစ်ထားပါသည်။ ဂုတ်ထိပ်တံတား ဖျက်ဆီးခံရခြင်းသည် အများပြည်သူ သို့မဟုတ် ပုဂ္ဂလိကအတွက် အရေးကြီးသော အခြေခံ အဆောက်အအုံကို ထိခိုက်ဆုံးရှုံးစေရန် ပြုလုပ်မှုဖြစ်၍ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၂ (ဂ) အရ အကြမ်းဖက်မှု ဖြစ်ပါ သည်။

၃။ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်သည့် ရာဇဝတ်မှုမြောက်၍ တရားမျှတမှု မရှိသော အကြမ်းဖက် ကျူးလွန်မှု အားလုံးကို ပြတ်ပြတ်သားသား ရှုတ်ချကြောင်း အသိအမှတ် ပြုထားပါသည်။ ဂုတ်ထိပ်တံတားအား ဖျက်ဆီးသည့် အကြမ်းဖက်မှု လုပ်ရပ်သည် နိုင်ငံနှင့် ပြည်သူအတွက် ကြီးမားသော ဆုံးရှုံးမှု ဖြစ်ပေါ်စေပြီး ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေး တို့ကို ခြိမ်းခြောက်သည့် လုပ်ရပ်ဖြစ်သည်ဟု မှတ်ယူပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်