မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် (၁၂/ ၂၀၂၄)

နောက်ဆုံးရသတင်းများ - ၈၅၂၆၄ ခု

ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များအတွင်း မိုင်းထောင်ဖောက်ခွဲမှုများနှင့် စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်အုပ်ချုပ်ရေးမှူးအား လုပ်ကြံပစ်ခတ်သူ Free Land Attack Force (FLA) အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များအား လက်နက်၊ ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on December 26, 2024

နိုင်ငံတော်အစိုးရက အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေရန်၊ အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် နိုင်ငံ့ဝန်ထမ်းများအပါအဝင် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ်ခြင်း၊ အများပြည်သူနှင့် သက်ဆိုင်သောနေရာများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ အများပြည်သူပိုင်ပစ္စည်းများအား ဓားပြတိုက်လုယက်ခြင်းစသည့် အကြမ်းဖက်လုပ်ငန်းများကို နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။

၂ဝ၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိခဲ့သော မန္တလေးတိုင်းဒေသကြီးမှ အားကစားသမားများနှင့် နည်းပြများအား ဂုဏ်ပြုချီးမြှင့်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on December 26, 2024

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိခဲ့သော အားကစားသမားများနှင့် နည်းပြများအား ဂုဏ်ပြုချီးမြှင့်ခြင်းကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့၊ မြို့တော်ခန်းမ၌ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ကိုထိုက်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ အားကစားဝါသနာရှင်ပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများ အားကစားသမားများနှင့် နည်းပြများ တက်ရောက်ကြသည်။

နိုင်ငံရေးပါတီ တည်ထောင်ခွင့်လျှောက်ထားခြင်းများကို စိစစ်ခွင့်ပြုပေးလျက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on December 26, 2024

နိုင်ငံရေးပါတီတည်ထောင်လိုသူများက ယင်းတို့တည်ထောင်လိုသော ပါတီအမည်ကိုဖော်ပြ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားလျက်ရှိကြရာ ယနေ့အထိ ပါတီတည်ထောင်ခွင့် လျှောက်ထားလာသည့်အဖွဲ့ ၁၈ ဖွဲ့ရှိပြီး၊ ယင်းသို့လျှောက်ထားသည့် အဖွဲ့များအနက် ကယားပြည်နယ်ပြည်သူ့ပါတီ (KySPP)သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ကော်မရှင်က ယနေ့တွင် နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားချက်ကို ခွင့်ပြုလိုက်ကြောင်း သိရှိရသည်။

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်မီးရှို့ခဲ့သဖြင့်နေအိမ် ၂ဝ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on December 26, 2024

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ကျေးရွာကို ဒီဇင်ဘာလ(၂၅)ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်မီးရှို့ခဲ့သဖြင့် နေအိမ် ၂၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

နေ့စဉ်မိုးလေဝသသတင်း (ည ၇ နာရီ) ထုတ်ပြန်ချက်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on December 26, 2024

နေ့စဉ်မိုးလေဝသသတင်း (ည ၇ နာရီ) ထုတ်ပြန်ချက်

နေ့စဉ်မိုးလေဝသသတင်း (ညနေ ၄ နာရီ) ထုတ်ပြန်ချက်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on December 26, 2024

နေ့စဉ်မိုးလေဝသသတင်း (ညနေ ၄ နာရီ) ထုတ်ပြန်ချက်


၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၂၇ ရက်၊ သောကြာနေ့။


Posted on Dec 26, 2024

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၂၆ ရက်၊ ကြာသပတေးနေ့။


Posted on Dec 26, 2024

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Dec 25, 2024

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၂၄ ရက်၊ အင်္ဂါနေ့။


Posted on Dec 24, 2024

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၂၃ ရက်၊ တနင်္လာနေ့။


Posted on Dec 23, 2024

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္ဂနွေနေ့။


Posted on Dec 22, 2024

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် (၁၂/ ၂၀၂၄)


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 10, 2024
image


၁။ လူသားအားလုံးအတွက် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို ထည့်သွင်းဖော်ပြထားသော ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို ကုလသမဂ္ဂက ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ထိုနေ့ကို အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ခဲ့သည်မှာ ယနေ့တွင် (၇၆) နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။

၂။ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း အတည်ပြုထုတ်ပြန်ခဲ့သည့်အချိန်မှစ၍ ကမ္ဘာ့နိုင်ငံများတွင် နိုင်ငံသားများ၏လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို မြှင့်တင်ကာကွယ်ရန် ကြိုးပမ်းခဲ့ကြပါသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း အတည်ပြုချမှတ်ချိန်တွင် ပါဝင်ထောက်ခံခဲ့ရုံသာမက နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်တွင်းဥပဒေများတွင်လည်း ကြေညာစာတမ်းပါ လူ့အခွင့်အရေးစံများကို လိုက်လျောညီထွေစွာ ထည့်သွင်းပြဋ္ဌာန်းထားပါသည်။ ထို့ပြင် အဓိကအပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးသဘောတူစာချုပ်ကြီးများအနက် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်နှင့် နောက်ဆက်တွဲစာချုပ် (၂) ခု၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ်နှင့် မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်တို့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ချုပ်ဆိုထားပါသည်။

၃။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ် တစ်နှစ်တာအတွင်း လူ့အခွင့်အရေးအသိပညာပေးဆွေးနွေးဟောပြောပွဲများနှင့် သင်ခန်းစာပို့ချမှုများ စုစုပေါင်း (၆၃) ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး သင်တန်းသားပေါင်း (၈၃၉၁) ဦးကို အသိပညာမျှဝေပေးနိုင်ခဲ့ပါသည်။ လူ့အခွင့်အရေးဖောက်ဖျက်ခံရသည်ဆိုသော တိုင်တန်းချက် (၂၁၄) စောင်ကို စိစစ်ဆောင်ရွက်ခြင်း၊ အကျဉ်းထောင်/ အချုပ်ထောင် (၁၀) ခု၊ အကျဉ်းစခန်း (၁၂) ခု၊ ရဲစခန်းအချုပ်ခန်း (၁၈) ခု၊ တရားရုံးအချုပ်ခန်း (၁၅) ခု၊ ဘိုးဘွားရိပ်သာ (၁၀) ခု၊ အမျိုးသမီးသက်မွေးသင်တန်းကျောင်း (၃) ကျောင်း၊ မသန်စွမ်းသက်ငယ်သင်တန်းကျောင်း (၁) ကျောင်းနှင့် လူငယ်သင်တန်းကျောင်း (၅) ကျောင်းတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးမှုများပြုလုပ်ကာ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ အကြံပြုချက်ပေါင်း (၂၉၃) ချက်ကို သက်ဆိုင်ရာ ဝန်ကြီးဌာန/ အဖွဲ့အစည်းများသို့ ပေးပို့ခဲ့ပါသည်။ တည်ဆဲဥပဒေ၊ အဆိုပြုထားသော ဥပဒေကြမ်းများနှင့် စပ်လျဉ်း၍ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေအကြံပြုစာ (၆) စောင် ပေးပို့ခြင်း၊ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ် (Convention on the Elimination of all forms of Discrimination against Women- CEDAW) နှင့် မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာသဘောတူစာချုပ် (Convention on the Rights of Persons with Disabilities - CRPD) တို့ကို ဘာသာပြန်ဆိုပုံနှိပ်ခြင်းနှင့် လူ့အခွင့်အရေးနှင့် စပ်လျဉ်းသည့် နိုင်ငံတကာနှင့် ဒေသဆိုင်ရာအစည်းအဝေးများသို့ (၂၈) ကြိမ် ပါဝင်တက်ရောက်ခြင်းတို့ ဆောင်ရွက်နိုင်ခဲ့ပါသည်။ ထို့ပြင် လူ့အခွင့်အရေးနှင့်စပ်လျဉ်းသည့် အများပြည်သူသို့ သတင်းထုတ်ပြန်ချက် (၁၂) စောင်နှင့် ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်မှု သတင်းဖော်ပြချက် (၁၀၃)ခုကို ထုတ်ပြန်ခဲ့ပါသည်။

၄။ ၂၀၂၄ ခုနှစ်တွင် ကျရောက်သော (၇၆) နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့အတွက် ကုလသမဂ္ဂကချမှတ်သည့် ဆောင်ပုဒ်မှာ “ဒို့အခွင့်အရေး၊ ဒို့အနာဂတ်၊ ယခုကစလို့ ဆောင်ကြဉ်းအပ်” “Our Rights, Our Future, Right Now.” ဖြစ်ပါသည်။

၅။ တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးကာ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ပြီး သာယာဝပြောသော နိုင်ငံတော်ကို တည်ဆောက်ရာတွင် ပြည်သူတစ်ရပ်လုံးက လူ့အခွင့်အရေးကို လေးစားလိုက်နာကျင့်သုံးခြင်းဖြင့် ပိုမိုကောင်းမွန်သော အနာဂတ်ကို ဖန်တီးတည်ဆောက်ကြရန် ယနေ့ကျရောက်သော အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ကို ဂုဏ်ပြုလျက် တိုက်တွန်းအပ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်

HOT NEWS
January 4,