နေပြည်တော်လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲကြမည့် ကိုရီးယားအနုပညာရှင်များ နေပြည်တော်သို့ ထပ်မံရောက်ရှိ မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာကြော်ငြာခနှုန်းထားများ

နေပြည်တော်လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲကြမည့် ကိုရီးယားအနုပညာရှင်များ နေပြည်တော်သို့ ထပ်မံရောက်ရှိ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 16, 2024
image_latest


နေပြည်တော် ဧပြီ ၁၅

၁၃၈၅ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အခါသမယတွင် မြန်မာ-ကိုရီးယား နှစ်နိုင်ငံယဉ်ကျေးမှုဖလှယ်နိုင်ရန်နှင့် ပြည်သူများကို ဖျော်ဖြေတင်ဆက်နိုင်ရန်အတွက် နေပြည်တော်လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲကြမည့် ကိုရီးယား K-Pop အနုပညာရှင် ၁၉ ဦးပါဝင်သည့် ဒုတိယအဖွဲ့သည် ယမန်နေ့ညပိုင်းက ရန်ကုန်မြို့သို့ရောက်ရှိပြီး ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ သီးသန့်မော်တော်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာ ကြသည်။

အဆိုပါ ကိုရီးယားအနုပညာရှင်အဖွဲ့သည် ညနေပိုင်းတွင် နေပြည်တော်ရှိ မြတ်တော်ဝင်ဟိုတယ်သို့ရောက်ရှိကြရာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ သင်္ကြန်ယိမ်းအဖွဲ့များက အတာရေပက်ဖျန်း၍ လှိုက်လှဲနွေးထွေးစွာ ကြိုဆိုကြသည်။

အဆိုပါအဖွဲ့သည် ညနေပိုင်းတွင် နေပြည်တော်မြို့တော်ဝန်မဏ္ဍပ်သို့ သွားရောက်ဖျော်ဖြေ တင်ဆက်ကြကြောင်း၊ ယင်းအဖွဲ့တွင် K-Pop Group “Highless” မှ အဖွဲ့ဝင်များဖြစ်ကြသည့် လီဆူမင်နှင့် မြောင်ဂျင်အာ၊ K-Pop အဆိုတော် ဂျောင်ဒယ်ရီ၊ Gold (ကင်ဂျီယောင်း)၊ ကင်မင်ဂျီ၊ ကင်ယီချန်း၊ K-Pop (Dias) အမျိုးသား လေးဦး အကအဖွဲ့နှင့် DJ ဂျိုးဂျိုးတို့ အပါအဝင်စုစုပေါင်းအနုပညာရှင် ၁၉ ဦး ပါဝင်ကြောင်း သိရသည်။

သတင်းစဉ်


၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလပြည့်ကျော် ၁ ရက်၊ မတ် ၁၄ ရက် ၊သောကြာနေ့။


Posted on Mar 14, 2025

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလပြည့်နေ့ ၊ မတ် ၁၃ ရက် ၊ကြာသပတေးနေ့။


Posted on Mar 13, 2025

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၄ ရက်၊ မတ် ၁၂ ရက် ၊ဗုဒ္ဓဟူးနေ့။


Posted on Mar 12, 2025

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၃ ရက်၊ မတ် ၁၁ ရက် ၊အင်္ဂါနေ့။


Posted on Mar 11, 2025

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၂ ရက်၊ မတ် ၁၀ ရက် ၊တနင်္လာနေ့။


Posted on Mar 10, 2025

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၁ ရက်၊ မတ် ၉ ရက် ၊တနင်္ဂနွေနေ့။


Posted on Mar 09, 2025

မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာကြော်ငြာခနှုန်းထားများ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 14, 2025
image


HOT NEWS
January 4,