သတင်းထုတ်ပြန်ချက်

နောက်ဆုံးရသတင်းများ - ၈၁၄၅၆ ခု

နွားထိုးကြီးမြို့နယ်တွင် ကျေးရွာများမှ အဖိုးတန်ပစ္စည်းများနှင့် စားနပ်ရိက္ခာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လုယက်ယူဆောင်သွားကြောင်း မဟုတ်မမှန်လုပ်ကြံရေးသားလျက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on September 20, 2024

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးကျေးရွာတွင် စက်တင်ဘာ ၁၈ ရက်က ကျေးရွာအတွင်း နေအိမ်များမှပစ္စည်းများနှင့် ကားလမ်းမကြီးတစ်လျှောက်ရှိ ကုန်စုံဆိုင်၊ ဖုန်းဆိုင်များမှပစ္စည်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လုယက်ယူဆောင်နေကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံရေးသား ဝါဒဖြန့်ဝေနေသည်ကိုတွေ့ရှိရသည်။

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်း ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on September 20, 2024

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှက စတုတ္ထအကြိမ်မြောက် ယူရေးရှားအမျိုးသမီးဖိုရမ်တွင် ဗီဒီယိုမိန့်ခွန်းပြောကြားခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on September 20, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့၌ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်မှ ၂၀ ရက်အထိ “ယုံကြည်မှုများတိုးမြှင့်ခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်းအတွက် အမျိုးသမီးများကဏ္ဍ” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်လျက်ရှိသည့် စတုတ္ထအကြိမ်မြောက် ယူရေးရှားအမျိုးသမီးဖိုရမ်သို့ ဗီဒီယိုမိန့်ခွန်းပေးပို့ခဲ့ပါသည်။

ရေပြန်လည်ကျဆင်းသွားသည့်နေရာများ၌ လိုအပ်သည့်သန့်ရှင်းရေးလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on September 20, 2024

နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်/ကျေးရွာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးအဖွဲ့များက ရေများပြန်လည်ကျဆင်းသွားသည့် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊

နေ့စဉ်မိုးလေဝသသတင်း (ည ၇ နာရီ) ထုတ်ပြန်ချက်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 20, 2024

နေ့စဉ်မိုးလေဝသသတင်း (ည ၇ နာရီ) ထုတ်ပြန်ချက်

နေ့စဉ်မိုးလေဝသသတင်း (ညနေ ၄ နာရီ) ထုတ်ပြန်ချက်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 20, 2024

နေ့စဉ်မိုးလေဝသသတင်း (ညနေ ၄ နာရီ) ထုတ်ပြန်ချက်


၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၄ ရက်၊ စက်တင်ဘာ ၂၁ ရက်၊ စနေနေ့။


Posted on Sep 21, 2024

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၃ ရက်၊ စက်တင်ဘာ ၂၀ ရက်၊ သောကြာနေ့။


Posted on Sep 20, 2024

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၂ ရက်၊ စက်တင်ဘာ ၁၉ ရက်၊ ကြာသပတေးနေ့။


Posted on Sep 19, 2024

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁ ရက်၊ စက်တင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Sep 18, 2024

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်နေ့၊ စက်တင်ဘာ ၁၇ ရက်၊ အင်္ဂါနေ့။


Posted on Sep 17, 2024

၁၃၈၆ ခုနှစ်၊ တော်သလင်းလဆန်း ၁၄ ရက်၊ စက်တင်ဘာ ၁၆ ရက်၊ တနင်္လာနေ့။


Posted on Sep 16, 2024

သတင်းထုတ်ပြန်ချက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 26, 2021


သတင်းထုတ်ပြန်ချက်

 

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၂၆)ရက်နေ့မှ (၂၈)ရက် နေ့အထိ ကျင်းပခဲ့သည့် (၃၈)ကြိမ်မြောက်နှင့် (၃၉)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်း အဝေးများနှင့် ဆက်စပ် ထိပ်သီးအစည်းအဝေးများသို့ မြန်မာနိုင်ငံမှ နိုင်ငံရေးအရ ကိုယ်စားမပြုသည့် ကိုယ်စားလှယ် (နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်) တက်ရောက်ပါရန် ၁၉-၁၀-၂၀၂၁ ရက်နေ့၌ အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ဘရူနိုင်းနိုင်ငံ၏ ဖိတ်ကြားစာကို မြန်မာဘက်က လက်ခံရရှိ ခဲ့ပါသည်။

 

အစည်းအဝေးတက်မည့် မြန်မာကိုယ်စားလှယ်၏ အဆင့်ကိုနှိမ့်၍ ဖိတ်ကြားခြင်းနှင့် မိန့်ခွန်းပြောခြင်းနှင့် ဆုံးဖြတ်ချက်များချမှတ်ရာတွင် အကန့်အသတ်ထားခြင်း တို့သည် အာဆီယံ ပဋိညာဉ်စာတမ်းပါ မူ၊ လုပ်ထုံးလုပ်နည်းနှင့် အာဆီယံ၏ ထုံးတမ်းအစဉ်အလာတို့နှင့် ကွဲလွဲနေပြီး၊ အထူးသဖြင့် အာဆီယံ ပဋိညာဉ်စာတမ်း အပိုဒ်-၂ ပါ “အာဆီယံအဖွဲ့ဝင် နိုင်ငံအားလုံး၏ လွတ်လပ်မှု၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ တန်းတူ ရည်တူရှိမှု၊ နယ်မြေ တည်တံ့ခိုင်မြဲမှုနှင့် အမျိုးသားရေးလက္ခဏာများကို လေးစားလိုက်နာရန်” နှင့် အပိုဒ်-၅ တွင်ပါရှိသည့် “အဖွဲ့ဝင် နိုင်ငံများသည် တူညီသည့်အခွင့် အရေးနှင့်တာဝန်များရှိရမည်” ဆိုသည့် ပြဌာန်းချက်များနှင့် ကိုက်ညီမှုမရှိပါ။

 

ထို့အပြင် ၁၅-၁၀-၂၀၂၁ ရက်နေ့က ပြုလုပ်ခဲ့သည့် အရေးပေါ် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးအပြီး ဆုံးဖြတ်ချက်သည် အာဆီယံပဋိညာဉ်စာတမ်းနှင့်အညီ အဖွဲ့ဝင် နိုင်ငံအားလုံး၏ တူညီဆန္ဒအရ ဆုံးဖြတ်ခဲ့ခြင်း မဟုတ်သည့်အတွက် ယင်းအစည်းအဝေးဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံက လက်မခံနိုင်ကြောင်း၊ ယင်းကိစ္စကို မှတ်တမ်းတင်ထားရန် အဆိုပါ အစည်းအဝေးတွင်ပင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၊ ဘရူနိုင်းနိုင်ငံသို့ အသိပေးခဲ့သည်။

 

သို့ရာတွင် မြန်မာနိုင်ငံ၏ သဘောထားကို လျစ်လျူရှုလျက်၊ အာဆီယံထိပ်သီး အစည်းအဝေးများသို့ မြန်မာနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ဦးချမ်းအေး တက်ရောက်ရန် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံက ၂၅-၁၀-၂၀၂၁ ရက်နေ့တွင် ဖိတ်ကြားခဲ့သည်။

 

သို့ပါ၍ အဆိုပါ အာဆီယံထိပ်သီးအစည်းအဝေးများနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေး များသို့ မြန်မာနိုင်ငံက နိုင်ငံအကြီးအကဲ သို့မဟုတ် အစိုးရအဖွဲ့ အကြီးအကဲ သို့မဟုတ် နိုင်ငံအကြီးအကဲကို ကိုယ်စားပြုမည့် ပြည်ထောင်စုဝန်ကြီးအဆင့်ပုဂ္ဂိုလ်က ပါဝင် တက်ရောက် နိုင်ရေးကိုသာ လက်ခံမည်ဖြစ်ကြောင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းဘက်သို့ ၂၅-၁၀၂၀၂၁ ရက်နေ့တွင် အကြောင်းပြန်ကြားခဲ့သည်။

 

မြန်မာနိုင်ငံမှ အာဆီယံထိပ်သီးအစည်းအဝေးများသို့ နိုင်ငံ့အကြီးအကဲအဆင့် သို့မဟုတ် ၎င်း၏ကိုယ်စား ပြည်ထောင်စုဝန်ကြီးအဆင့် တက်ရောက်ခွင့် မရရှိသောကြောင့် မတက်ရောက် နိုင်ခဲ့ခြင်းမှာ အာဆီယံအား မကျေနပ်မှုကို ပြသလိုသော သဘောဆန္ဒဖြင့် ပြုလုပ်ခဲ့ခြင်း မဟုတ်သည့်အပြင်၊ အာဆီယံကို သပိတ်မှောက်နေခြင်းလည်း မဟုတ်ကြောင်း၊ အာဆီယံ ပဋိညာဉ်စာတမ်းပါ မူများ၊ အစဉ်အလာများနှင့်အညီ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ၏ ရရှိသင့်သည့် အခွင့်အရေးကိုတောင်းဆိုခြင်းသာဖြစ်ပြီး မြန်မာနိုင်ငံ၏ ညှိနှိုင်းဆောင်ရွက် လိုသည့် သဘောထား ကို ပြသခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့သို့ ဝင်ရောက်ပြီးသည့်အချိန်မှစ၍ အာဆီယံပဋိညာဉ် စာတမ်းပါ မူ နှင့်လုပ်ထုံးလုပ်နည်းများကို လေးစား၊ လိုက်နာခဲ့ပြီး အာဆီယံအသိုက်အဝန်း ထူထောင်ရာတွင် ပူးပေါင်းဆောင်ရွက် လျက်ရှိပါသည်။ မြန်မာနိုင်ငံအနေဖြင့် တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်ရာတွင် အာဆီယံနှင့် အပြုသဘော ဆက်လက်ပူးပေါင်း ဆောင်ရွက် သွားပါမည်။

 

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်