သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ ပထမနှစ်ကျောင်းသားများခေါ်ယူခြင်း
နောက်ဆုံးရသတင်းများ - ၉၆၅၆၅ ခု

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 04, 2025
နေ့စဉ်မိုးလေဝသသတင်း (ညနေ ၄ နာရီ) ထုတ်ပြန်ချက်

ကရင်ပြည်နယ်အစိုးရအဖွဲ့ / Posted on September 04, 2025
မိခင်သေဆုံးမှုနှင့်ကလေးသေဆုံးမှုလျော့နည်းကျဆင်းရေး မိခင်နှင့်ကလေးကျန်းမာရေးစောင့်ရှောက်မှုသင်တန်းဖွင့်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on September 04, 2025
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှိ မြို့နယ်အားကစားကွင်း၊ ကာယဗလလေ့ကျင့်ရေးရုံများ ကြံ့ခိုင်မှုအခြေအနေ၊ ပြည်ခရိုင် အားကစားကွင်းပွဲကြည့်စင်နှင့် အားကစားကွင်း ပြင်ဆင်ထားရှိမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ပြည်ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 04, 2025
နေ့စဉ်မိုးလေဝသသတင်း (မွန်းလွဲ ၂ နာရီ) ထုတ်ပြန်ချက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on September 04, 2025
မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရသည့် တိုင်းဒေသကြီး/ ပြည်နယ်ခြောက်ခုတို့တွင် ယနေ့အထိ သေဆုံးသူ ၃၈၁၂ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၄ ဦးနှင့် ပျောက်ဆုံးသူငါးဦးရှိသည်။

ပြန်ကြားရေးဝန်ကြီးဌာန / Posted on September 04, 2025
ဆေးရုံအခြေပြု ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးနှင့် ဆေးရုံအခြေပြုကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းဗဟိုအဆင့် ဆရာဖြစ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ ပထမနှစ်ကျောင်းသားများခေါ်ယူခြင်း
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန/ နေပြည်တော် / August 26, 2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)
ပထမနှစ်ကျောင်းသားများခေါ်ယူခြင်း
၁။ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် စီးပွားရေးသိပ္ပံဘွဲ့သင်တန်းများ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းကာလမှာ(၄)နှစ် ဖြစ်ပါသည်။
၂။ အဆိုပါသင်တန်းများသို့ လျှောက်ထားသူများသည် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်သူ(မည်သည့်ဘာသာတွဲဖြင့်မဆို)ဖြစ်ရမည်။
၃။ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)သို့ လျှောက်ထားလာသူများအနက် တက္ကသိုလ်မှ လက်ခံနိုင်မည့် လူဦးရေသတ်မှတ်ချက်အရ တက္ကသိုလ်ဝင်စာမေးပွဲရမှတ် အများ/ အနည်းအလိုက် ရွေးချယ်သွားမည်ဖြစ်ပါသည်။
၄။ လျှောက်လွှာနှင့်အတူ အောက်ပါစာရွက်စာတမ်းများ ပူးတွဲတင်ပြရမည်-
(က) တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ်မိတ္တူ(သို့မဟုတ်) အောင်မြင်ကြောင်း ထောက်ခံစာမူရင်း
(ခ) အမှတ်စာရင်းမူရင်း
(ဂ) ပတ်စပို့ဆိုဒ်ဓါတ်ပုံ(၄)ပုံ
(ဃ) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ
၅။ ပထမနှစ်ဝင်ခွင့်လျှောက်လွှာများကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အောက်ရှိ သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနများ၏ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရုံးများမှတဆင့်ပေးပို့၍ဖြစ်စေ၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ သင်တန်းရေးရာဌာန၊ ကျောင်းသားရေးရာဌာနခွဲသို့ လူကိုယ်တိုင်ဖြစ်စေ၊ စာရွက်စာတမ်းအပြည့်အစုံဖြင့် လျှောက်ထားရမည်။
၆။ လျှောက်လွှာနှင့်လမ်းညွှန်များကို သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ သင်တန်းရေးရာဌာန၊ ကျောင်းသားရေးရာဌာနခွဲတွင် ၂၈.၈.၂၀၂၅ ရက် (ကြာသပတေးနေ့)မှ ၂၄.၁၀.၂၀၂၅ ရက် (သောကြာနေ့)ထိ ရုံးချိန်အတွင်း ဝယ်ယူလျှောက်ထားနိုင်ပါသည်။
၇။ တက္ကသိုလ်ဝင်ခွင့်ရရှိသူများကို သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ကြေညာသွားမည်ဖြစ်ပြီး သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန website https://mcrd.gov.mm နှင့် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) Website https://ucms.edu.mm နှင့် Facebook Page: University of Co-operative and Management, Sagaing တို့တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
၈။ အသေးစိတ်အချက်အလက်များကို ဝန်ကြီးရုံး website https://mcrd.gov.mm ၊ ဤတက္ကသိုလ်၏ Website https://ucms.edu.mm နှင့် Facebook Page: University of Co-operative and Management, Sagaing တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဖုန်းနံပါတ် 09-43045173 , 09-400451795 သို့လည်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။
တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေးချယ်ရေးအဖွဲ့
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)