သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) မဟာဘွဲ့သင်တန်းသားများအတွက် လျှောက်လွှာခေါ်ယူခြင်း

နောက်ဆုံးရသတင်းများ - ၁၀၆၆၁၂ ခု

ဒုတိယမြို့နယ်တရားသူကြီးများ လုပ်ငန်းဝင်သင်တန်း အမှတ်စဉ် (၃၄) သင်တန်းဆင်းပွဲနှင့် ကျမ်းသစ္စာပြုပွဲ အခမ်းအနားကျင်းပခြင်း

ပြည်ထောင်စုတရားလွှတ်တော်ချုပ် / Posted on April 03, 2026

ဒုတိယမြို့နယ်တရားသူကြီးများ လုပ်ငန်းဝင်သင်တန်းအမှတ်စဉ် (၃၄) သင်တန်းဆင်းပွဲ နှင့် ကျမ်းသစ္စာပြုပွဲ အခမ်းအနားကို ယနေ့နံနက် (၀၈:၀၀) နာရီတွင် ပြည်ထောင်စုတရား လွှတ်တော်ချုပ်၊ Judicial College ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး တက်ရောက်၍ သင်တန်းဆင်း အမှာစကား ပြောကြားခဲ့ပါသည်။

တရားရေးအရာရှိကြီးများမွမ်းမံသင်တန်း အမှတ်စဉ် (၅) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခြင်း

ပြည်ထောင်စုတရားလွှတ်တော်ချုပ် / Posted on April 03, 2026

တရားရေးအရာရှိကြီးများမွမ်းမံသင်တန်းအမှတ်စဉ်(၅)သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်( ၇: ၀၀ ) နာရီတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားရေးကောလိပ် (Judicial College)၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြား ခဲ့ပါသည်။

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၌ KIA သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး သေဆုံး

ပြည်ထဲရေးဝန်ကြီးဌာန / Posted on April 03, 2026

အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH နှင့် NUG တို့သည် နိုင်ငံတော်ကြီး အလုံးစုံပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များကို ဖွဲ့စည်း၍ အချို့သော ဒေသများတွင် မြို့၊ ရွာများအတွင်း.........................................................

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၌ ငွေကျပ် ၁,၀၂၆ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ပြည်ထဲရေးဝန်ကြီးဌာန / Posted on April 03, 2026

၂၀၂၆ ခုနှစ်၊ မတ် ၃၀ ရက် မွန်းလွဲ ၁ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ပင်လုံ-မော်ဟဲကျေးရွာသွားကားလမ်း၌...................................................

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၌ ငွေကျပ် ၄၂ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ပြည်ထဲရေးဝန်ကြီးဌာန / Posted on April 03, 2026

၂၀၂၆ ခုနှစ်၊ ဧပြီ ၁ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၊ မိုင်းလပ်ကျေးရွာအုပ်စု၊ ဝမ်ကျွန်ကျေးရွာနေ စိုင်းလုံတစ်(ခ)စိုင်းပုံ(၅၂)နှစ်၏.........................................................

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၌ မော်တော်ယာဉ်နှင့် ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် တိုက်မိခဲ့မှုကြောင့် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး သေဆုံးကာ အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိ

ပြည်ထဲရေးဝန်ကြီးဌာန / Posted on April 03, 2026

၂၀၂၆ ခုနှစ်၊ ဧပြီ ၁ ရက်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၌ မော်တော်ယာဉ်နှင့် ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် တိုက်မိခဲ့မှုကြောင့် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး သေဆုံးကာ အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) မဟာဘွဲ့သင်တန်းသားများအတွက် လျှောက်လွှာခေါ်ယူခြင်း


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန/ နေပြည်တော် / April 03, 2026


၁။      သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်မှုအစီအစဉ်ဖြင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက်ဖွင့်လှစ်မည့် အောက်ပါမဟာဘွဲ့ သင်တန်းများသို့ ဝင်ခွင့်လျှောက်ထားနိုင်ပါသည်။

(က)    စွန့်ဦးတီထွင်မှုနှင့်စီးပွားရေးစီမံခန့်ခွဲမှုပညာမဟာဘွဲ့

                      (Master of Entrepreneurship and Business Management– MEBM)

(ခ)     ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာမဟာဘွဲ့

                    (Master of Public Administration – MPA)

(ဂ)     အသုံးချသုတေသနပညာမဟာဘွဲ့

                    (Master of Applied Research – MAR)

၂။       အဆိုပါ မဟာဘွဲ့သင်တန်းများအတွက် အောက်ပါအရည်အချင်းများနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်။

(က)    အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှဘွဲ့ရရှိပြီးသူဖြစ်ရမည်။

(ခ)     တက္ကသိုလ်တစ်ခုခုတွင် အခြားသင်တန်းတစ်ခုခု တစ်ပြိုင်တည်းတက်ရောက်နေသူ မဖြစ်စေရ။

(ဂ)     သက်ဆိုင်ရာမဟာဘွဲ့သင်တန်းနှင့် ကိုက်ညီသည့်လုပ်ငန်းနယ်ပယ်အလိုက် အတွေ့ အကြုံရှိသူကို ဦးစားပေးပါမည်။

(ဃ)    သက်ဆိုင်ရာသင်ရိုးနှင့်အညီသတ်မှတ်ထားသော အချိန်အတိုင်းပြည့်မီစွာတက်ရောက် နိုင်သူဖြစ်ရမည်။

(င)     ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနအကြီးအကဲ၏ သင်တန်းသို့တက်ရောက် ခွင့်ပြုကြောင်း ထောက်ခံစာပါရှိရမည်။

၃။      သင်တန်းနှင့်သက်ဆိုင်သော လျှောက်လွှာပုံစံများကို သက်ဆိုင်ရာတာဝန်ခံဌာနများတွင် Online (သို့မဟုတ်) သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) ၊ သင်တန်းရေးရာဌာနတွင် (၃-၄-၂၀၂၆) ရက် (သောကြာနေ့) မှ (၂-၅-၂၀၂၆) (စနေနေ့) ထိ သတ်မှတ်ရက်အတွင်း တင်သွင်း လျှောက်ထားနိုင်ပါသည်။

၄။      သင်တန်းဝင်ခွင့်ရေးဖြေစာမေးပွဲကို (၁၆-၅-၂၀၂၆) ရက် (စနေနေ့) တွင် သမဝါယမနှင့်စီမံခန့်ခွဲမှု ပညာတက္ကသိုလ်(သန်လျင်)၌ နံနက် ၉:၀၀နာရီမှ ၁၂:၀၀ နာရီ အထိ ဖြေဆိုရမည်ဖြစ်ပါသည်။

၅။      သင်တန်းအတွက်ဝင်ခွင့်ရေးဖြေစာမေးပွဲတွင် သတ်မှတ်အဆင့်မီသူများအား လူတွေ့စစ်ဆေး ရွေးချယ်သွားမည်ဖြစ်ပါသည်။

၆။      သင်တန်းကို အပတ်စဉ် စနေနေ့နှင့်တနင်္ဂနွေနေ့ နံနက် ၉:၀၀ နာရီမှ ညနေ ၅:၀၀ နာရီအထိ (Hybrid System) ဖြင့် Online နှင့် In Person တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းကာလမှာ (၂) နှစ် ဖြစ်ပါသည်။

၇။      ပြည့်စုံစွာဖော်ပြမှုမရှိသော လျှောက်လွှာများ၊  ထောက်ခံချက်မပြည့်စုံသော လျှောက်လွှာ များကိုလက်ခံစဉ်းစားမည်မဟုတ်ပါ။

၈။      အသေးစိတ်သိရှိလိုပါက   -  (က) MEBM သင်တန်းအတွက် သမဝါယမပညာဌာန၊

          ဆက်သွယ်ရန်ဖုန်းနံပါတ်နှင့်        (ဖုန်း-၀၉၉၇၆၃၇၉၉၃၁၊၀၉၄၂၂၅၅၁၇၈၈)

          အီးမေးလ်များ                           Email- docsem2023@gmail.com

                                                (ခ) MPA သင်တန်းအတွက် ဘောဂဗေဒဌာန၊

                                                       (ဖုန်း-၀၉၅၀၈၁၆၃၂၊ ၀၉၄၄၂၀၇၆၄၆၅)

                                                       Email- economicsdept1132026@gmail.com

                                                (ဂ) MAR သင်တန်းအတွက် စာရင်းအင်းပညာဌာန၊

                                                       (ဖုန်း-၀၉၇၈၅၅၈၇၉၄၇၊ ၀၉၉၇၉၂၅၇၆၉၇)

                                                       Email- statisticsucmtmar@gmail.com

                                                          (ဃ) သင်တန်းရေးရာဌာန

                                                                  (၀၉၇၉၅၃၀၀၁၅၁)

                                                                  Email- academicaffairsucmt@gmail.com

 

 

 

     

 

                   

Download ရယူရန်