အခြေခံသံတမန်ရေးရာကျွမ်းကျင်မှုသင်တန်းအမှတ်စဉ်(၄၆/၂၀၂၄)သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

နောက်ဆုံးရသတင်းများ - ၈၅၀၆၆ ခု

တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on December 21, 2024

၁။ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျကရှိရာ ဒီဇင်ဘာလ ၂၀ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များကစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကျောက်ဆည်မြို့၊ မြို့ရှောင်လမ်း၌ မော်တော်ယာဉ် (၁) စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း (၄) မျိုး၊ လူသုံးကုန်ပစ္စည်း (၃) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇,၁၈၀,၆၄၅) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Profia Truck (၁) စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ ရန်ကုန် - မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် (၃၆၆/၆)၊ တံခွန်တိုင်အဝိုင်းအနီး၌ မော်တော်ယာဉ် (၁) စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း (၇) မျိုး၊ လူသုံးကုန်ပစ္စည်း (၃) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄,၈၉၅,၀၀၄) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Sung Long Bus (၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ မန္တလေးဘူတာကြီး၌ ရန်ကုန် - မန္တလေးအဆန်ရထား၊ ပါဆယ် (၁) ရထားတွဲပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း (၄) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄,၀၁၇,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၆,၀၉၂,၆၄၉) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပါသည်။

အစိုးရရုံးပိတ်ရက်နှင့် အများပြည်သူအလုပ်ပိတ်ရက်များ၏ ကြားရက်များကို တစ်ဆက်စပ်တည်း ပိတ်ပေးပြီး ပိတ်သောရက်များအတွက် စနေတစ်ရက် ပြန်အစားထိုးရန် သတ်မှတ်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on December 21, 2024

နိုင်ငံတော်အစိုးရသည် အများပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းများ ခရီးသွားလာမှုလွယ်ကူစေရန်နှင့် ရက်ရှည်အနားယူအပန်းဖြေနိုင်စေရန်အတွက် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ်၊ ပြက္ခဒိန်နှစ်အတွင်း အစိုးရရုံးပိတ်ရက်နှင့် အများပြည်သူအလုပ်ပိတ်ရက်များကြားရှိ အောက်ပါရုံးဖွင့်ရက်များကို တစ်ဆက်တည်း ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးသွားမည်ဖြစ်သည်-

နေ့စဉ်မိုးလေဝသသတင်း (ည ၇ နာရီ) ထုတ်ပြန်ချက်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on December 21, 2024

နေ့စဉ်မိုးလေဝသသတင်း (ည ၇ နာရီ) ထုတ်ပြန်ချက်

နေ့စဉ်မိုးလေဝသသတင်း (ညနေ ၄ နာရီ) ထုတ်ပြန်ချက်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on December 21, 2024

နေ့စဉ်မိုးလေဝသသတင်း (ညနေ ၄ နာရီ) ထုတ်ပြန်ချက်

ဘားအံမြို့၌ ဒီဇင်ဘာလူထုအားကစားလ တတိယအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပ

ကရင်ပြည်နယ်အစိုးရအဖွဲ့ / Posted on December 21, 2024

ဘားအံမြို့၌ ဒီဇင်ဘာလူထုအားကစားလ တတိယအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပ

နေ့စဉ်မိုးလေဝသသတင်း (မွန်းလွဲ ၂ နာရီ) ထုတ်ပြန်ချက်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on December 21, 2024

နေ့စဉ်မိုးလေဝသသတင်း (မွန်းလွဲ ၂ နာရီ) ထုတ်ပြန်ချက်


၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၂၁ ရက်၊ စနေနေ့။


Posted on Dec 21, 2024

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက်၊ ဒီဇင်ဘာ ၂၀ ရက်၊ သောကြာနေ့။


Posted on Dec 19, 2024

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက်၊ ဒီဇင်ဘာ ၁၉ ရက်၊ ကြာသပတေးနေ့။


Posted on Dec 19, 2024

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃ ရက်၊ ဒီဇင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Dec 18, 2024

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃ ရက်၊ ဒီဇင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Dec 18, 2024

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၁၇ ရက်၊ အင်္ဂါနေ့။


Posted on Dec 17, 2024

အခြေခံသံတမန်ရေးရာကျွမ်းကျင်မှုသင်တန်းအမှတ်စဉ်(၄၆/၂၀၂၄)သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ


နိုင်ငံခြားရေးဝန်ကြီးဌာန/ Nay Pyi Taw / December 13, 2024
image


(၁၃-၁၂-၂၀၂၄ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဖွင့်လှစ်ခဲ့သည့် အခြေခံသံတမန်ရေးရာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၄၆/၂၀၂၄)၊ နေပြည်တော်တန်းခွဲနှင့် ရန်ကုန်တန်းခွဲတို့၏ သင်တန်းဆင်းပွဲအခမ်းအနား များကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်(သောကြာနေ့)၊ နံနက်(၁၀:၀၀)နာရီတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ နေပြည်တော်ရှိ လောကနတ်ခန်းမ၌လည်းကောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရန်ကုန်ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌လည်းကောင်း တစ်ပြိုင်တည်းကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးမှ ရန်ကုန်မြို့၌ တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ ပါသည်။ အဆိုပါသင်တန်းဆင်းပွဲ အခမ်းအနားများသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်း ဝန်၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ အငြိမ်းစားသံအမတ်ကြီးများ၊ ဝါရင့်သံတမန်များ၊ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူများ၊ တက္ကသိုလ်များမှ ပါမောက္ခဆရာကြီး/ဆရာမကြီးများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ ကြပါသည်။ အခြေခံသံတမန်ရေးရာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၄၆/၂၀၂၄)ကို နိုင်ငံခြားရေးဝန်ကြီး ဌာန(နေပြည်တော်)နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန(ရန်ကုန်)တို့တွင် တန်းခွဲနှစ်ခုဖြင့် ၂၃-၉-၂၀၂၄ ရက်နေ့မှ ၁၃-၁၂-၂၀၂၄ ရက်နေ့အထိ ရက်သတ္တ(၁၂)ပတ်ကြာဖြင့် ဖွင့်လှစ်ခဲ့ပြီး၊ အစိုးရအဖွဲ့ အစည်းအသီးသီးနှင့် ဝန်ကြီးဌာနများမှဝန်ထမ်းများနှင့် ပြင်ပပုဂ္ဂလိကနယ်ပယ်များမှ နိုင်ငံတကာ ဆက်ဆံရေးနှင့် သံတမန်ရေးရာဘာသာရပ်များကို စိတ်ပါဝင်စားသူများ စုစုပေါင်း(၂၁၆)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။ သင်တန်းတွင် သံတမန်ရေးရာဘာသာရပ်များ၊ နိုင်ငံတကာဆက်ဆံရေး ဘာသာရပ်များ၊ မျက်မှောက်ခေတ်နိုင်ငံတကာရေးရာများ၊ နိုင်ငံတကာဥပဒေဘာသာရပ်များ၊ စီးပွားရေးနှင့် အထွေထွေဗဟုသုတဆိုင်ရာများ စသည့်ဘာသာရပ်များကို သင်ကြားပို့ချခဲ့ပါသည်။

HOT NEWS
January 4,