အများပြည်သူသို့ အသိပေးကြေညာခြင်း
နောက်ဆုံးရသတင်းများ - ၁၀၅၈၂၅ ခု
ကရင်ပြည်နယ်အစိုးရအဖွဲ့ / Posted on March 13, 2026
မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပမည်
ပြည်ထဲရေးဝန်ကြီးဌာန / Posted on March 13, 2026
အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိစေရန်နှင့် အကြောက်တရားများ လွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊......................................................
ပြည်ထဲရေးဝန်ကြီးဌာန / Posted on March 13, 2026
၂၀၂၆ ခုနှစ်၊ မတ် ၁၀ ရက်နှင့် ၁၁ ရက်က မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ကရင်ပြည်နယ်တို့ရှိ မြို့နယ်အချို့၌ လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ပြည်ထဲရေးဝန်ကြီးဌာန / Posted on March 13, 2026
၂၀၂၆ ခုနှစ်၊ မတ် ၁၁ ရက်က ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၌ ထော်လာဂျီယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ ထန်းပင်အား ဝင်ရောက်တိုက်မိခဲ့မှုကြောင့် အမျိုးသား တစ်ဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပြည်ထဲရေးဝန်ကြီးဌာန / Posted on March 13, 2026
၂၀၂၆ ခုနှစ်၊ မတ် ၁၂ ရက် နံနက် ၈ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ မြို့တော်ခန်းမ၌ စားသုံးသူရေးရာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနား......................................................
ပြည်ထဲရေးဝန်ကြီးဌာန / Posted on March 13, 2026
၂၀၂၆ ခုနှစ်၊ မတ် ၁၂ ရက် နံနက် ၁၀ နာရီတွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ မင်းဘူး-မကွေးကားလမ်းမကြီးဘေး ခရိုင်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနရုံးရှေ့၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို ကြိုဆိုဂုဏ်ပြုသော အထိမ်းအမှတ်အဖြစ်...................................................
အများပြည်သူသို့ အသိပေးကြေညာခြင်း
နေပြည်တော်ကောင်စီ/ location / March 13, 2026
အများပြည်သူသို့ အသိပေးကြေညာခြင်း
မြန်မာနိုင်ငံအတွင်းသို့ ကုန်သွယ်ရေးစီးဌာန၏တင်သွင်းခွင့်ပြုချက်နှင့်အကောက်ခွန်ဦးစီးဌာနတို့တွင် အခွန်များပေးဆောင်၍ တင်သွင်း ရောက်ရှိပြီးသော မော်တော်ယာဉ်များသည်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် ကနဦးမှတ်ပုံတင်ဆောင်ရွက်ရမည် ဖြစ်သော်လည်း မှတ်ပုံတင်ဆောင်ရွက်ခြင်းမရှိဘဲ နံပါတ်ပြားအတုများ၊ အလှဆင်နံပါတ်ပြားများတပ်ဆင်၍ အသုံးပြုနေသည်ကိုတွေ့ရှိရပါသည်။ထို့ပြင် လုပ်ငန်းသုံးယာဉ်များနှင့် စက်ယန္တရားများသည်လည်း မှတ်ပုံတင်ဆောင်ရွက်ခြင်း မရှိဘဲ လုပ်ငန်းခွင်များတွင် အသုံးပြုဆောင်ရွက်နေကြောင်း တွေ့ရှိရပါသည်။
အဆိုပါ မော်တော်ယာဉ်များသည် တည်ဆဲ ၂၀၂၀ ပြည့်နှစ်၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့်မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေနှင့်အညီ ကနဦးမှတ်ပုံတင်ခြင်း လုပ်ငန်းများကို မဖြစ်မနေဆောင်ရွက်ရမည်ဖြစ်ပါသောကြောင့် ကုန်သွယ်ရေးဦးစီးဌာနမှ ၂၀၁၈ ခုနှစ်အတွင်း တင်သွင်းခွင့်လိုင်စင်ထုတ်ပေးထားသောယာဉ်များသည် ၃၀-၄-၂၀၂၆ ရက်နောက်ဆုံးထား၍လည်းကောင်း၊ ၂၀၁၉ ခုနှစ်အတွင်း တင်သွင်းခွင့်လိုင်စင် ထုတ်ပေးထားသောယာဉ်များသည် ၃၁-၅-၂၀၂၆ ရက်နောက်ဆုံးထား၍ လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်အတွင်း တင်သွင်းခွင့်လိုင်စင် ထုတ်ပေး ထားသောယာဉ်များသည် ၃၀-၆-၂၀၂၆ ရက်နောက်ဆုံး ထား၍လည်းကောင်း ကနဦးမှတ်ပုံတင်ခြင်းလုပ်ငန်းများပြီးပြတ်အောင်ဆောင်ရွက်ကြရန်၊ သတ်မှတ်ကာလကျော်လွန်ပါက ကနဦးမှတ်ပုံတင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးမည်မဟုတ်ပါကြောင်းနှင့် မှတ်ပုံတင်ခြင်းလုပ်ငန်းများ အချိန်မီဆောင်ရွက်ခြင်းမပြုပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
