Notification 26/2026
နောက်ဆုံးရသတင်းများ - ၁၀၆၆၁၈ ခု
ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 04, 2026
၂ဝ၂၆ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ အမှတ် (၈) ရပ်ကွက်ရှိ “ရွှေစင်ဝင်း” ရွှေဆိုင်တွင် ဆိုင်ရှင်ဖြစ်သူသည် ဆိုင်ဝန်ထမ်း ဖြစ်သူနှင့်အတူ ဆိုင်ရှိရွှေဆွဲကြိုး ၁၈၄ ကုံးပါ ရွှေထည်ပစ္စည်းမျိုးစုံ အလေးချိန် ၁ ပိဿာ ၅၀ ကျပ်သားခန့်၊ တန်ဖိုးငွေကျပ်သိန်း ၈၅၀၀ ခန့်အား ခရီးဆောင်အိတ်ဖြင့် သိမ်းဆည်းပြီး ဆိုင်ပိတ်ကာ နေအိမ်သို့ပြန်ရန် မော်တော်ယာဉ်အားစောင့်ဆိုင်းနေစဉ် အမျိုးသားနှစ်ဦးရောက်ရှိလာပြီး သေနတ်ပစ်ဖောက်ခြိမ်းခြောက်ကာ ကားဘီးဖြုတ်သည့် ဂွင်းဂွဖြင့်ရိုက်နှက်ပြီး ရွှေထည်ပစ္စည်းများထည့်ထားသော အိတ်အားလုယက်ယူဆောင်၍ အသင့်စောင့်နေသည့် အမျိုးသားတစ်ဦးမောင်းနှင်သည့် ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားခဲ့ကြောင်း သတင်းပေးပို့တိုင်ကြားလာသဖြင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့မရဲစခန်း၌ (ပ)၇၆/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့်လှစ်ကာ ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး စုံစမ်းဆောင်ရွက်ခဲ့သည်။
ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 03, 2026
ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်း
ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 03, 2026
နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ခြင်း
ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 03, 2026
၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက်တွင်ကျင်းပသည့် နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ပွဲ၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံးပါဝင်သော နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့က ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့မှ ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ထားသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည့်အတွက် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီဗဟိုကော်မတီ၊ မြန်မာ-တရုတ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးအသင်း (MCITP)၊ မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာများအသင်းချုပ် (Federation of MLCA)၊ မြန်မာ-အိန္ဒိယ-တရုတ် ပူးပေါင်းဆောင်ရွက်ရေးနှင့် စီးပွားဖွံဖြိုး တိုးတက်ရေးအသင်း (MICA)၊ မြန်မာ-တရုတ်ဗုဒ္ဓဘာသာချစ်ကြည်နှီးနှောဖလှယ်ရေးအဖွဲ့ (MCBFEA)၊ လူမျိုးပေါင်းစုံညီညွတ်ရေးနှင့်အကျိုးဆောင်အဖွဲ့ (IUCO)၊ ဘာသာပေါင်းစုံမိတ်ဆွေများအဖွဲ့၊ မြန်မာ-တရုတ် အမျိုးသမီးများအသင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း (ဗဟို)၊ မြန်မာနိုင်ငံလုံးဆိုင်ရာဟေးလုံကျန်း ကုန်သည်ကြီးများအသင်းချုပ်၊ မြန်မာနိုင်ငံဘတ်စကတ်ဘောအဖွဲ့ချုပ်၊ မြန်မာ-ကိုရီးယားချစ်ကြည်ရေးအသင်း၊ မြန်မာ-ဗီယက်နမ် ချစ်ကြည်ရေးအသင်း၊ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) တို့က အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း ကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on April 03, 2026
နောက်ဆက်တွဲမြေငလျင်သတင်း
ပြည်ထောင်စုတရားလွှတ်တော်ချုပ် / Posted on April 03, 2026
ဒုတိယမြို့နယ်တရားသူကြီးများ လုပ်ငန်းဝင်သင်တန်းအမှတ်စဉ် (၃၄) သင်တန်းဆင်းပွဲ နှင့် ကျမ်းသစ္စာပြုပွဲ အခမ်းအနားကို ယနေ့နံနက် (၀၈:၀၀) နာရီတွင် ပြည်ထောင်စုတရား လွှတ်တော်ချုပ်၊ Judicial College ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး တက်ရောက်၍ သင်တန်းဆင်း အမှာစကား ပြောကြားခဲ့ပါသည်။
Notification 26/2026
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 31, 2026
Republic of the Union of Myanmar
Union Election Commission
Notification 26/2026
13th Waxing of Tabodwe, 1387 ME
30 January 2026
Announcement of Elected Representatives of Region or State Hluttaw
According to the announcements issued by the respective Region and State Subcommissions in accordance with Section 49 (b) of the Region or State Hluttaw Election Law, the following persons have been duly elected as Region or State Hluttaw representatives in the multiparty democratic general election conducted in phases starting from 28 December 2025.
#TheGlobalNewLightOfMyanmar
