တိုင်းရင်းသားလူမျိုးများရုပ်သံလိုင်း အချိန်ပြောင်းလဲထုတ်လွှင့်မည်

တိုင်းရင်းသားလူမျိုးများရုပ်သံလိုင်း အချိန်ပြောင်းလဲထုတ်လွှင့်မည်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / July 27, 2024
image_latest


နေပြည်တော် ဇူလိုင် ၂၆

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်းထုတ်လွှင့်မှုကို ၂၀၂၄ ခုနှစ် ဧပြီ ၁ ရက်မှစပြီး ဇူလိုင် ၃၁ ရက်အထိ နေ့စဉ်နံနက် ၆:၀၀ နာရီမှစပြီး ရှမ်း ၊ “ဝ” ၊ ကချင်၊ ကယား၊ စကောကရင်၊ အနောက်ပိုးကရင်၊ အရှေ့ပိုးကရင်၊ ချင်း(လိုင်ဇိုး)၊ ချင်း(ချိုး)၊ မွန်၊ ရခိုင်ဘာသာအစီအစဉ်များကို ည ၂၃:၀၀ နာရီအထိ ထုတ်လွှင့်လျက်ရှိသည်။

ယခု NRC ရုပ်သံလိုင်းထုတ်လွှင့်ချိန် ပြောင်းလဲထုတ်လွှင့်မှုကို ၂၀၂၄ ခုနှစ် ဩဂုတ် ၁ ရက်မှစပြီး နိုဝင်ဘာ ၃၀ ရက်အထိ နေ့စဉ်နံနက် ၆:၀၀ နာရီမှ ၈:၀၀ နာရီအထိ “ဝ” ဘာသာအစီအစဉ်၊ နံနက် ၈:၀၀ နာရီမှ ၁၀:၀၀ နာရီအထိ ကချင်ဘာသာအစီအစဉ်၊ နံနက် ၁၀:၀၀ နာရီမှ မွန်းတည့် ၁၂:၀၀ နာရီအထိ ကယားဘာသာအစီအစဉ်၊ မွန်းတည့် ၁၂:၀၀ နာရီမှ မွန်းလွဲ ၁၃:၀၀ နာရီအထိ စကောကရင် ဘာသာအစီအစဉ်၊ မွန်းလွဲ ၁၃:၀၀ နာရီမှ ၁၄:၀၀ နာရီအထိ အနောက်ပိုးကရင် ဘာသာအစီအစဉ်၊ မွန်းလွဲ ၁၄:၀၀ နာရီမှ ၁၅:၀၀ နာရီအထိ အရှေ့ပိုးကရင်ဘာသာအစီအစဉ်၊ မွန်းလွဲ ၁၅:၀၀ နာရီမှ ညနေ ၁၆:၀၀ နာရီအထိ ချင်း (လိုင်ဇိုး) ဘာသာအစီအစဉ်၊ ညနေ ၁၆:၀၀ နာရီမှ ညနေ ၁၇:၀၀ နာရီအထိ ချင်း (ချိုး) ဘာသာအစီအစဉ်၊ ညနေ ၁၇:၀၀ နာရီမှ ည ၁၉:၀၀ နာရီအထိ မွန်ဘာသာအစီအစဉ်၊ ည ၁၉:၀၀ နာရီ မှ ၂၁:၀၀ နာရီအထိ ရခိုင်ဘာသာအစီအစဉ်၊ ည ၂၁:၀၀ နာရီမှ ၂၃:၀၀ နာရီအထိ ရှမ်းဘာသာအစီအစဉ်တို့ကို ဘာသာအလိုက် အချိန်ပြောင်းလဲ ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၇ ရက်၊ ဇူလိုင် ၂၇ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 27, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၆ ရက်၊ ဇူလိုင် ၂၆ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 26, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၅ ရက်၊ ဇူလိုင် ၂၅ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 25, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023

ကြေငြာချက်များ