ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များဖြစ်စေရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ချင်းပြည်နယ်၊ ဟားခါးမြို့တွင်ကျင်းပပြုလုပ် ချင်း၊ နိုဝင်ဘာ ၃၀

ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များဖြစ်စေရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ချင်းပြည်နယ်၊ ဟားခါးမြို့တွင်ကျင်းပပြုလုပ် ချင်း၊ နိုဝင်ဘာ ၃၀


တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန/ ချင်း / December 08, 2023
image_latest


တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ချင်းပြည်နယ် ညွှန်ကြားရေးမှူးရုံးက ဦးစီး၍ အခြေခံပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသား လူငယ်များဖြစ်စေရေး အသိပညာဟောပြောပွဲအခမ်းအနားကို (၃၀-၁၁-၂၀၂၃) ရက်နေ့တွင် ဟားခါးမြို့၊ အီးကေအိမ်ငင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ 

အခမ်းအနားတွင် ချင်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်း ထန်က နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့် ရှောက်ရေးဦးစီးဌာန၊ ချင်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်မောင် လွင်က အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်တို့ကို ရှင်းလင်းတင်ပြခဲ့ပါ သည်။ ဆက်လက်၍ ကျောင်းအလိုက်စာစီစာကုံးပြိုင်ပွဲတွင် ထူးချွန်ဆုရရှိသူများအား ဆုချီးမြှင့် ခဲ့ပြီး  အခမ်းအနားသို့ တက်ရောက်လာကြသူများအား ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန် သီချင်းဖြင့်လည်းကောင်း၊ ချင်းတိုင်းရင်းသားရိုးရာအကများဖြင့်လည်းကောင်း၊ အေရိုးဗစ်ကကွက် များဖြင့် လည်းကောင်း ဖျော်ဖြေခဲ့ကြကာ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။ 

ထိုနောက် အသိပညာပေးဟောပြောပွဲခြင်းကို  ဆက်လက်ကျင်းပရာ တိုင်းရင်းသားအခွင့် အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ချင်းပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးတင်မောင်လွင်က “လူငယ်နှင့်အခွင့်အရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊  ပြည်နယ် ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှညွန့်က “လူငယ်နှင့် အသက်မွေးဝမ်း ကျောင်းပညာရပ် ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဂိုဇာခုပ်က “လူငယ်နှင့် ကာယကြံ့ခိုင်မှုပြုလုပ်ခြင်းအကျိုး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီလာဝင်း က “လူငယ်နှင့် စာဖတ်ခြင်းအကျိုး” ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောခဲ့ကြ ပါသည်။

 ဆက်လက်၍ ပြည်နယ် သတ္ထုတွင်းဦးစီးဌာန ဦးစီးမှူး ဦးသိန်းဝင်းက “ပုံသေ အတွေး အခေါ်များကို ဖြောင့်မတ်မှန်ကန်သော အတွေးအခေါ်ဖြစ်စေရေး” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဦးစီးမှူး ဒေါ်နီနီခိုင်က “ဆောင်းရာသီ၌ ဖြစ်တတ်သော ရောဂါငယ်လေးများအပေါ် မီးဖိုချောင်သုံး ဆေးပစ္စည်း၊ ဆေးပင်အသုံးဝင်ပုံ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဦးစံကုန်း က “သဘာဝဘေးနှင့်စပ်လျဉ်း၍ ဘေး(၄)မျိုး” ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ ပြည်နယ် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနက ဦးစီးမှူး ဦးဟုန်းကီး က “အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေဖြင်းခံရသည့် ကလေးသူငယ်များ အသိပညာပေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြည်နယ် စားသုံးသူရေးရာဦးစီး ဌာနမှ ဦးစီးမှူး ဦးလှမိုးနိုင်က “လူငယ်နှင့် စားသုံးမှုအကာအကွယ်” ခေါင်းစဉ်ဖြင့် လည်းကောင်း  ဟောပြောခဲ့ကြပါသည်။

အဆိုပါ အခမ်းအနားသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၁၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။ 

သတင်းစာများ

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၇ ရက်၊ ဇူလိုင် ၂၇ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 27, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၆ ရက်၊ ဇူလိုင် ၂၆ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 26, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၅ ရက်၊ ဇူလိုင် ၂၅ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 25, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023

ကြေငြာချက်များ