ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း(ရွာသစ်)၌ ရေဝင်ရောက်မှုကြောင့် တင်ကျန်ခဲ့သော ရွှံ့နွံများအား ဆေးကြောသန့်ရှင်းခြင်းလုပ်ငန်းများ ဆောင်ရွက်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း(ရွာသစ်)၌ ရေဝင်ရောက်မှုကြောင့် တင်ကျန်ခဲ့သော ရွှံ့နွံများအား ဆေးကြောသန့်ရှင်းခြင်းလုပ်ငန်းများ ဆောင်ရွက်
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / September 03, 2025
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂ ရက် နံနက် ၈ နာရီ ၃၀ မိနစ်ခန့်က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း(ရွာသစ်)ရှိ စာသင်ခန်းများ၌ ရေဝင်ရောက်မှုကြောင့် တင်ကျန်ခဲ့သော ရွှံ့နွံများအား တပ်ကုန်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် သုံးစီးဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဆေးကြောသန့်ရှင်းခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ရာ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။