သတင်း

နောက်ဆုံးရသတင်းများ - ၁၀၁၄၉၁ ခု

Image
မြန်မာနိုင်ငံအတွက် တတိယမြောက်ရွှေတံဆိပ်ဆုကို ဘိလိယက်နှင့် စနူကာအားကစားနည်းမှ ထပ်မံဆွတ်ခူး၊ ပိုက်ကျော်ခြင်း၊ ဂျူဒိုနှင့် မြင်းစီးအားကစားနည်းများမှ ကြေးတံဆိပ်လေးခု ဆွတ်ခူးရရှိ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on December 15, 2025

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်နှင့် ချွန်ဘူရီမြို့များတွင် ကျင်းပလျက်ရှိရာ မြန်မာအသင်းအနေဖြင့် ရေကူး၊ မြားပစ်၊ ပိုက်ကျော်ခြင်း၊ စကွက်ရှ်၊ ဝူရှူး၊ ကဘာဒီ၊ ကရာတေး၊ သေနတ်ပစ်၊ ပန်ကြပ်ဆီလပ်၊ ဘိလိယက်နှင့်စနူကာ၊ ဘိုးလင်း၊ ဂျူဒို၊ ဖူဆယ်၊ မွေ၊ လက်ဝှေ့၊ ဘတ်စကက်ဘော၊ စက်ဘီး၊ ပြေးခုန်ပစ်၊ စကိတ်၊ E-sports၊ ကစ်ဘောင်ဆင်၊ အပြည်ပြည်ဆိုင်ရာ လှေ၊ ရွက်လှေ၊ ဟော်ကီ၊ အလေးမပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ မြန်မာအားကစားအဖွဲ့ခေါင်းဆောင်နှင့် အုပ်ချုပ်မှုအဖွဲ့ဝင်များ၊ မြန်မာအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးသည်။

Image
MSME များအား ဒစ်ဂျစ်တယ်နည်းပညာအသုံးပြု၍ လုပ်ငန်းဖွံ့ဖြိုးမှုမြှင့်တင်ရေး အစီအစဉ်နည်းလမ်းများ အကောင်အထည်ဖော်မှုစတင်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on December 15, 2025

MSMEs လုပ်ငန်းများ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြု၍ လုပ်ငန်းဖွံ့ဖြိုးမှုမြှင့်တင်ရေးအစီအစဉ်ကို ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ မြို့တော်ခန်းမ၌ကျင်းပရာ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း Virtual စနစ်ဖြင့် တက်ရောက်သည်။

Image
ဒုတိယဝန်ကြီး ဦးသိုက်စိုး (၁၄) ကြိမ်မြောက် အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာဝန်ကြီးအဆင့် အစည်းအဝေးသို့ တက်ရောက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on December 15, 2025

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Amamtara Siam Bangkok Hotel ၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၉ ရက်မှ ၁၂ ရက်အထိ ကျင်းပလျက်ရှိသည့် (၁၄)ကြိမ်မြောက် အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာဝန်ကြီးအဆင့် အစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာ ၁၁ ရက် ဒေသစံချိန်တော် မွန်းလွဲ ၂ နာရီ မိနစ် ၄၀ တွင် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းဖြင့် ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ ရောက်ရှိခဲ့သည်။

Image
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on December 15, 2025

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

Image
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံးအမှုဆောင်ချုပ် ဦးအောင်လင်းဒွေး စစ်တွေမြို့ အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများအား တွေ့ဆုံ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on December 15, 2025

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင်ကျရောက်မည့် (၅၁) နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားသို့ တက်ရောက်ရန် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ် ဦးအောင်လင်းဒွေးသည် ပြည်ထောင်စုဝန်ကြီးများ၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ဝင်များနှင့်အတူ ယနေ့ညနေပိုင်းတွင် တပ်မတော်လေယာဉ်ဖြင့် စစ်တွေမြို့သို့ ရောက်ရှိကြရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာဦး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက နွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။

Image
မိမိတို့ မြန်မာနိုင်ငံအစိုးရအနေဖြင့် ယခုကဲ့သို့ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများကို ခွင့်ပြုထားခြင်း၊ လက်ခံထားခြင်းမရှိသလို နှိမ်နင်းရေးလုပ်ငန်းများတွင် နိုင်ငံတကာနှင့် တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်လျက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on December 15, 2025

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှုအမြစ်ပြတ်နှိမ်နင်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအသံလွှင့်ဌာန၌ ကျင်းပပြုလုပ်ပြီး အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့အဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် တာဝန်ရှိသူများက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။

Image
နိုင်ငံတော်၏အကျိုးစီးပွားအတွက် အကြမ်းဖက်မှန်သမျှရှင်းလင်းချေမှုန်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on December 15, 2025

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်မှစတင်၍ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် မဟုတ်မမှန်သတင်းများ ကျယ်ကျယ်လောင်လောင် ဖြန့်ဝေလျက်ရှိသည်ကိုတွေ့ရသည်။ ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကို တပ်မတော်မှတိုက်ခိုက်မှုကြောင့် အဆိုပါနေရာတွင် တက်ရောက်ကုသလျက်ရှိသည့် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်သေဆုံးခဲ့သည်ဟု ပြည်တွင်းမှ အကြမ်းဖက်သောင်းကျန်းသူများနှင့် ၎င်းတို့အပေါင်းပါများ၏ လှုံ့ဆော်မှုများနှင့်အတူ ပြည်ပမှ အလိုတူအလိုပါ အဖွဲ့အစည်းများနှင့်လူပုဂ္ဂိုလ်များက တစ်ပြိုင်တည်း သွေးထိုးလှုံ့ဆော်ခဲ့ကြသည်ကို တွေ့ရသည်။

Image
နေ့စဉ်မိုးလေဝသသတင်း (နံနက် ၇ နာရီ)ထုတ်ပြန်ချက်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on December 15, 2025

နေ့စဉ်မိုးလေဝသသတင်း (နံနက် ၇ နာရီ)ထုတ်ပြန်ချက်

Image
နေ့စဉ်မြစ်ရေခန့်မှန်းချက်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on December 15, 2025

နေ့စဉ်မြစ်ရေခန့်မှန်းချက်

Image
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၅၁)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on December 15, 2025

ယနေ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၁၅)ရက်နေ့တွင် ကျရောက်သည့် (၅၁) နှစ်မြောက် ရခိုင်ပြည်နယ်နေ့၏ နေ့ထူးနေ့မြတ်အခါသမယ၌ ရခိုင်ပြည်နယ်နှင့် ဒေသအသီးသီးတွင် ရောက်ရှိနေကြသော ရခိုင်တိုင်းရင်းသား သွေးချင်းညီအစ်ကိုမောင်နှမများနှင့် နိုင်ငံတစ်ဝန်းရှိ ပြည်ထောင်စုဖွားတိုင်းရင်းသားပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ သုခချမ်းသာပြည့်စုံကြ၍ ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝကြပါစေကြောင်း ဦးစွာဆုမွန်ကောင်းတောင်းလျက်နှုတ်ခွန်းဆက်သအပ်ပါသည်။

HOT NEWS
January 4,