မြို့နယ်အချို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထား စီးနင်းသူများအား ဖမ်းဆီးအရေးယူ
မြို့နယ်အချို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထား စီးနင်းသူများအား ဖမ်းဆီးအရေးယူ
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / July 27, 2025
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၆ ရက်က မြို့နယ်အချို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထား စီးနင်းသူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၂၆ ရက်တွင် ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူပေါင်းအဖွဲ့များသည် လိုင်စင်မဲ့ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များ ဖမ်းဆီးရမိနိုင်ရေး ယာဉ်စစ်ပိတ်ဆို့စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ဆူးလေကုန်းကျေးရွာနေ ငယ်လေး(ခ) စောဝင်း(၂၈)နှစ်အား လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် တစ်စီး ဖြင့်လည်းကောင်း။
အလားတူ မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ မော်လမြိုင်မြို့နယ်၊ လှိုင်ရပ်ကွက်နေ လှဝင်း(ခ)ကစ္စနား(၅၂)နှစ်၊ အေးသာယာရပ်ကွက်နေ သက်ဇော်ထွေး(၂၈)နှစ်နှင့် ကျိုက်ထိုမြို့နယ်၊ ခရွဲကျေးရွာနေ ခင်သောင်း(၃၅)နှစ်တို့အား လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များဖြင့်လည်းကောင်း။
အလားတူ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ မှော်ဘီမြို့နယ်၊ ရိုးဝကျေးရွာနေ သန်းဝင်း(ခ)ဝေဠု(၃၉)နှစ်အား လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် တစ်စီးဖြင့်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သဖြင့် ငယ်လေး(ခ)စောဝင်းပါ ငါးဦးတို့အား သက်ဆိုင်ရာရဲစခန်းများ၌ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
