ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / August 01, 2025
ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တွေ့ရစဉ်။


     ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၀ ရက် ညနေ ၄ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ အုပ်ပုံစုရပ်ကွက်၊ မြဝတီလမ်းရှိ ဒေါ်စိုးစိုးရီ(၆၃)နှစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ ၎င်းနှင့်အတူ ညီညီအောင်(ခ)ရာစင်း(၃၂)နှစ်အား တွေ့ရှိပြီး နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၃,၂၀၀ ပြား (တစ်ပြားလျှင် ၁,၀၀၀ ကျပ်နှုန်းဖြင့် ဒေသကာလတန်ဖိုး ငွေကျပ် ၁၃၂ သိန်း) ဖမ်းဆီးရမိသဖြင့် ဒေါ်စိုးစိုးရီနှင့် ညီညီအောင်(ခ)ရာစင်းတို့နှစ်ဦးအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်း ရရှိပါသည်။