ရန်ကုန်တိုင်းဒေသကြီးအတွင်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်ရုံး(မန္တလေးတောင်ပိုင်း) နှင့် ခရိုင်ရုံး(မန္တလေးမြောက်ပိုင်း) တို့တွင် မော်တော်ယာဉ်မှတ်ပုံတင်ယာဉ် မှန်ကန်ခြင်း ရှိ /မရှိ စစ်ဆေးရန် လျှောက်ထားခြင်း (Online Booking System)
ရန်ကုန်တိုင်းဒေသကြီးအတွင်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်ရုံး(မန္တလေးတောင်ပိုင်း) နှင့် ခရိုင်ရုံး(မန္တလေးမြောက်ပိုင်း) တို့တွင် မော်တော်ယာဉ်မှတ်ပုံတင်ယာဉ် မှန်ကန်ခြင်း ရှိ /မရှိ စစ်ဆေးရန် လျှောက်ထားခြင်း (Online Booking System)
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / November 13, 2018
ဝန်ဆောင်မှုရယူရန်အခြေခံလိုအပ်ချက်များ
သက်ဆိုင်ရာဒေသအတွင်းမှတ်ပုံတင်ထားသည့်သက်တမ်းရှိမော်တော်ယာဉ်များ
ဝန်ဆောင်ခ
မော်တော်ယာဉ်စစ်ဆေးခ
(၁) ယာဉ်ငယ် - ၅၀၀ဝိ/- (ကျပ်)
(၂) ယာဉ်ကြီး - ၁၀၀၀ဝိ/- (ကျပ်)
Online Booking ရယူရန်အတွက် ဝန်ဆောင်ခ မှာ အခမဲ့ ဖြစ်ပါသည်။
လိုအပ်သောစာရွက်စာတမ်းများ
(က) မော်တော်ယာဉ်မှတ်ပုံတင်စာအုပ်၊
(ခ) မော်တော်ယာဉ်သက်သေခံလက်မှတ်၊
(ဂ) လုပ်ငန်းလာရောက်ဆောင်ရွက်သူ၏ နိုင်ငံသားစိစစ်ရေးကတ်(မူရင်း/မိတ္တူ)၊
လျှောက်ထားရန်အဆင့်များ
အောက်ပါအချက်အလက်များကို Online Appointment Application Form တွင် ရွေးချယ်ဖြည့်စွက်ရန်-
(က) လုပ်ငန်းဆောင်ရွက်မည့်ရုံးအမည်၊
(ခ) လာရောက်လုပ်ငန်းဆောင်ရွက်မည့်နေ့၊
(ဂ) ယာဉ်အမှတ်၊
Online Booking ရယူရန်အတွက်
ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ်မှတ်ပုံတင်ယာဉ် မှန်ကန်ခြင်း ရှိ /မရှိ စစ်ဆေးရန် ရက်ချိန်းရယူရန် လျှောက်လွှာပုံစံ နှင့် မန္တလေးတိုင်းဒေသကြီးအတွင်း ရှိ ခရိုင်ရုံး(မန္တလေးတောင်ပိုင်း) နှင့် ခရိုင်ရုံး(မန္တလေးမြောက်ပိုင်း) တို့တွင် မော်တော်ယာဉ်မှတ်ပုံတင်ယာဉ် မှန်ကန်ခြင်း ရှိ /မရှိ စစ်ဆေးရန် ရက်ချိန်းရယူရန် လျှောက်လွှာပုံစံ များတွင် ဖြည့်စွက်၍ Booking ရယူနိုင်ပါသည်။
ဆက်သွယ်ရမည့်လိပ်စာ
ရန်ကုန်တိုင်းဒေသကြီး
(က) ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၊ သံသုမာလမ်း နှင့် မြင်သာလမ်းထောင့်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။
(ခ ) တိုင်းဒေသကြီးရုံးခွဲ(ရွာသာကြီး)၊
(ဂ ) ခရိုင်ရုံး(ရန်ကုန်အရှေ့ပိုင်း)၊
(ဃ) ခရိုင်ရုံး(ရန်ကုန်အနောက်ပိုင်း)၊
(င ) ခရိုင်ရုံး(ရန်ကုန်မြောက်ပိုင်း)၊
(စ ) ခရိုင်ရုံး(ရန်ကုန်တောင်ပိုင်း)၊
မန္တလေးတိုင်းဒေသကြီး
တိုင်းဒေသကြီးရုံး(မန္တလေး)၊ သိပ္ပံလမ်း ၇၃ နှင့်၇၈လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
Online Booking လျှောက်ထားမှုတွင် အဆင်မပြေမှုများနှင့် သိရှိလိုသည်များရှိပါက
ရန်ကုန်ရုံး
ဖုန်း - 09 781 425 403,09 974885896, 09 254 513 042
မန္တလေးရုံး
ဖုန်း -024066169 များသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Website လိပ်စာ
ဖြည့်စွက်ချက်
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်ရုံးအသီးသီးတွင် နေ့စဉ် ယာဉ်မှန်/မမှန် စစ်ဆေး ဆောင်ရွက်ပေးသည့် ယာဉ်စီးရေ များပြားလျက်ရှိပါသဖြင့် လုပ်ငန်းစဉ်များ နှောင့်နှေးမှုမရှိစေရေး (Online Booking System) ကိုပြောင်းလဲကျင့်သုံးခြင်းဖြစ်ပါသည်။