ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးသင်တန်းတက်ရောက်ရန် ရက်ချိန်းရယူရန် လျှောက်ထား ခြင်း (Online Booking System)
ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးသင်တန်းတက်ရောက်ရန် ရက်ချိန်းရယူရန် လျှောက်ထား ခြင်း (Online Booking System)
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / November 14, 2018
ဝန်ဆောင်မှုရယူရန်အခြေခံလိုအပ်ချက်များ
လျှောက်ထားလိုသူများသည်-
ဦးစီးဌာနမှထုတ်ပေးထားသည့်သက်တမ်းရှိ"သ"ယာဉ်မောင်းလိုင်စင် (သို့မဟုတ်) သက်တမ်းရှိ "က" ယာဉ်မောင်းလိုင်စင်ရှိရမည်။
ဝန်ဆောင်ခ
သင်တန်းကြေး - ၅၀၀ဝိ/-(ကျပ်)
Online Booking ရယူရန်အတွက် ဝန်ဆောင်ခ မှာ အခမဲ့ ဖြစ်ပါသည်။
လိုအပ်သောစာရွက်စာတမ်းများ
(က) "သ"ယာဉ်မောင်းလိုင်စင်(သို့မဟုတ်)"က" ယာဉ်မောင်းလိုင်စင်(မူရင်း/မိတ္တူ)
(ခ) နိုင်ငံသားစိစစ်ရေးကတ်(မူရင်း/မိတ္တူ)
လျှောက်ထားရန်အဆင့်များ
အောက်ပါ အချက်အလက်များကို Online Appointment Application Form တွင် ရွေးချယ်ဖြည့်စွက်ရန်-
(က) လာရောက်သင်တန်းတက်မည့်ရုံးအမည်၊
(ခ) လိုင်စင်အမျိုးအစား၊
(ဂ) လက်ရှိလိုင်စင်အမှတ်၊
(ဃ) လက်ရှိလိုင်စင်ထုတ်ပေးထားသည့်ရုံး၊
(င) သင်တန်းတက်ရောက်မည့်ရက်၊
(စ) သင်တန်းတက်ရောက်မည့်အချိန်၊
Online Booking ရယူရန်အတွက်
ရန်ကုန်တိုင်းဒေသကြီးအတွင်းယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းသင်တန်းရက်ချိန်းလျှောက်လွှာပုံစံ တွင် ဖြည့်စွက်၍ Booking ရယူနိုင်ပါသည်။
ဆက်သွယ်ရမည့်လိပ်စာ
ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၊ သံသုမာလမ်း နှင့် မြင်သာလမ်းထောင့်၊ သင်္ဃန်းကျွန်း မြို့နယ်၊ ရန်ကုန်မြို့။
Online Booking လျှောက်ထားမှုတွင် အဆင်မပြေမှုများနှင့် သိရှိလိုသည်များရှိပါက
ဖုန်း - 09 781 425 403, 09 974885896, 09 254 513 042 များသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Website လိပ်စာ
ဖြည့်စွက်ချက်
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး(ရန်ကုန်) တွင် “ခ” ယာဉ်မောင်းလိုင်စင် ဖြေဆိုခွင့်လျှောက်ထားသူများအား ယခင်က ယာဉ်မောင်းသင်တန်းဆင်းလက်မှတ် တင်ပြနိုင်မှသာဖြေဆိုခွင့်ပြုမည်ဖြစ်ပြီးယခု သင်တန်းဆင်းလက်မှတ်မလိုအပ်ဘဲ ဖြေနိုင်ရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းပညာပေးသင်တန်းကို လက်ခံဖွင့်လှစ် သင်ကြားပေးလျက်ရှိပါ သည်။