ဆိုက်ရောက်ဗီဇာ လျှောက်ထားခြင်း
ဆိုက်ရောက်ဗီဇာ လျှောက်ထားခြင်း
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန / September 19, 2018
၀န်ဆောင်မှုအကြောင်းအရာ
အပြည်ပြည်ဆိုင်ရာလေဆိပ် (၃) ခုသို့ ဆိုက်ရောက်ချိန်တွင် သတ်မှတ် အထောက်အထားများ တင်ပြ၍ ဆိုက်ရောက်ဗီဇာ လျှောက်ထားနိုင်ပါသည်။
ခွင့်ပြုသည့်လေဆိပ်များ
- ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (Yangon International Airport)
- မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် (Mandalay International Airport)
- နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ် (Nay Pyi Taw International Airport)
ဗီဇာအမျိုးအစားများ
ဗီဇာအမျိုးအစားများ |
နေခွင့် |
ဗီဇာကြေး |
လုပ်ငန်းဗီဇာ (Business Visa) |
၇၀ ရက် |
အမေရိကန်ဒေါ်လာ ၅၀ |
အလုပ်ရုံ/ ဆွေးနွေးပွဲ/ အစည်းအဝေး/ သုတေသနဗီဇာ (Workshop/ Seminar/ Meeting/ Research Visa) |
၂၈ ရက် |
အမေရိကန်ဒေါ်လာ ၄၀ |
ဖြတ်သန်းဗီဇာ (Transit Visa) |
၂၄ နာရီ |
အမေရိကန်ဒေါ်လာ ၂၀ |
ယာဉ်အမှုထမ်းဗီဇာ (Crew Visa) |
၂၈ ရက် |
အမေရိကန်ဒေါ်လာ ၄၀ |
ခွင့်ပြုနိုင်ငံများ
ဆိုက်ရောက်ဗီဇာ ခွင့်ပြုသည့် နိုင်ငံစာရင်းအား http://www.mip.gov.mm/on-arrival-visa/ တွင် ကြည့်ရှုနိုင်ပါသည်။
ဆိုက်ရောက်ဗီဇာ ရယူရန် အခြေခံလိုအပ်ချက်များ
http://www.mip.gov.mm/on-arrival-visa/ တွင် ကြည့်ရှုနိုင်ပါသည်။
ဝန်ဆောင်မှု ရရှိနိုင်မည့် တည်နေရာ
ဆိုက်ရောက်ဗီဇာ (Visa On Arrival) လျှောက်လွှာပုံစံကို လေကြောင်းလိုင်းများတွင် လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ Website ဖြစ်သော http://www.mip.gov.mm/on-arrival-visa/ တွင်လည်းကောင်း ထုတ်ယူ၍ ရန်ကုန်၊ မန္တလေး နှင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ ဆိုက်ရောက်ဗီဇာကောင်တာတွင် တင်ပြ လျှောက်ထားနိုင်သည်။
Website လိပ်စာ
http://www.mip.gov.mm/on-arrival-visa/
လျှောက်လွှာပုံစံ ရယူရန်
http://www.mip.gov.mm/လျှောက်လွှာပုံစံများ-2/