Myanmar Foreign Trade Bank (MPU New Product (IBFT- Inter Bank Fund Transfer)) မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်း (Mobile Payment)

Myanmar Foreign Trade Bank (MPU New Product (IBFT- Inter Bank Fund Transfer))


စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန / October 07, 2021

 

၁။      IBFT (Inter Bank Fund Transfer) ငွေလွှဲခြင်းဝန်ဆောင်မှုကို မိမိဘဏ်၏ ATMများတွင် အောက်ပါအတိုင်း ငွေလွှဲပြောင်းနိုင်ပါသည် -

          (၁-က)   MFTB ATM တွင် MFTB Card မှ အခြားဘဏ် MPU Card (eg.MWD) သို့ လည်းကောင်း

          (၁-ခ)    MFTB ATM တွင် အခြားဘဏ် MPU Card (eg. Yoma) မှ အခြားဘဏ် MPU Card ( eg. Yoma)သို့ လည်းကောင်း

          (၁-ဂ)    MFTB ATM တွင် အခြားဘဏ် MPU Card (eg. Yoma) မှ အခြားဘဏ် MPU Card ( eg. Shwe)သို့ လည်းကောင်း

၂။       IBFT (Inter Bank Fund Transfer) ငွေလွှဲခြင်းဝန်ဆောင်မှုကို အခြားဘဏ်၏ ATM များတွင်လည်း အောက်ပါအတိုင်း ငွေလွှဲပြောင်းနိုင်ပါသည် -

          (၂-က)   အခြားဘဏ် ATM တွင် MFTB Card မှ MFTB Card သို့ လည်းကောင်း

          (၂-ခ)     အခြားဘဏ် ATM တွင် MFTB Card မှအခြားဘဏ် MPU Card (eg. UAB) သို့ လည်းကောင်း

          (၂-ဂ)    အခြားဘဏ် ATM တွင် အခြားဘဏ် MPU Card (eg. CHDB) မှ MFTB Card သို့လည်းကောင်း

၃။      IBFT (Inter Bank Fund Transfer) ငွေလွှဲခြင်းဝန်ဆောင်မှုကို တစ်နေ့လျှင် အနည်းဆုံး ကျပ်တစ်ထောင် (၁,၀၀၀/-) မှ အများဆုံးကျပ်သိန်းတစ်ရာ (၁၀,၀၀၀,၀၀၀/-) အထိ လွှဲပြောင်း နိုင်မည်ဖြစ်ပါသည်။ ဝန်ဆောင်ခ အနေဖြင့် ပုံသေ ကျပ် (၂၀၀/-) နှင့် ငွေလွှဲပြောင်းသည့် ပမာဏ ၏ ( ၀.၀၅% )ကို လွှဲပြောင်းသူ၏ ATM Card Account မှ ကောက်ခံမည်ဖြစ်ပါသည်။

၄။      ယင်းငွေလွှဲဝန်ဆောင်မှုကို လတ်တလောတွင် IBFT (Inter Bank Fund Transfer) ဆောင်ရွက်ပြီးစီးသော MPU အဖွဲ့ဝင်ဘဏ်များဖြစ်သည့် Yoma, Shwe, UAB, RDB, MWD, CHIDB များ၏ ATM များနှင့် ATM Card များသို့သာ  ငွေလွှဲပြောင်းနိုင်မည်ဖြစ်ပါသည်။

Website လိပ်စာ

https://www.mmftb.gov.mm/

မေးလေ့ရှိသောမေးခွန်းများ

မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်း (Mobile Payment)


စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန / April 19, 2018

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

MPT, MECTel,Mytel  ဖုန်းအသုံးပြုသူ မည်သူမဆို 1666 သို့ SMS ​ပေးပို့၍ လည်းကောင်း၊ *666# သို့ USSD ဖုန်းခေါ်ဆို၍ လည်းကောင်း မှတ်ပုံတင် နိုင်ပါသည်။

ဝန်ဆောင်ခ

ငွေကျပ် ၁၀,၀၀၁ မှ ၁၀,၀၀,၀၀၀ အထိ ငွေသွင်းခြင်း(Cash In) အတွက်  ကျပ်၂၀၀မှ၆၀၀၊ ငွေကျပ် ၁,၀၀၀ မှ ၁၀,၀၀,၀၀၀ အထိ ငွေထုတ်ခြင်း(Cash Out)အတွက် ကျပ် ၅၀၀မှ ၁၅၀၀ အထိကောက်ခံပြီး အငြိမ်းစာလစာထုတ်ယူ ခြင်းအတွက် SMS ပို့ခ(၃၀၀)ကျပ်နှင့်ဘဏ်ဝန်ဆောင်ခ (၂၀၀)ကျပ်ကောက် ခံပါသည်။

လိုအပ်သောစာရွက်စာတမ်း

မရှိပါ။

လျှောက်ထားရန်အဆင့်များ

MPT, MECTel, Mytel မိုဘိုင်းဖုန်းဖြင့် အခမဲ့ Register ပြုလုပ်နိုင်ပါသည်။ ငွေသွင်း/ငွေထုတ်ခြင်း တို့ကို ကျပ်-၅၀,၀၀၀/- အောက် ဆောင်ရွက်ပါက Unknown Your Customer အဖြစ်လည်းကောင်း၊ ကျပ်-၅၀,၀၀၀/- အထက် ဆောင်ရွက်လိုပါက Known Your Customer (KYC) အဖြစ် သတ်မှတ်ပါ သည်။ Bank to Business (B2B) စနစ်သုံး၍ ငွေသားပေးသွင်းနိုင်ပါသည်။

ဆက်သွယ်ရမည့် လိပ်စာ

Myanmar Mobile Money

အမှတ်-၅၁၊ ဗိုလ်ရာညွန့်လမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့

ဝန်ဆောင်မှုရရှိနိုင်မည့် တည်နေရာများ

 နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၄) ခုရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲ (၂၈၁) ဘဏ်နှင့် Myanmar Mobile Money မှ ခန့်အပ်ထားသော ပြင်ပအေးဂျင့်များ

Website လိပ်စာ

www.meb.gov.mm