ဝေါမြို့နယ်တွင် ငွေကျပ် ၇ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၅ သန်းဖမ်းဆီးရမိ

 ဝေါမြို့နယ်တွင် ငွေကျပ် ၇ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၅ သန်းဖမ်းဆီးရမိ


Ministry of Information/ Naypyitaw / November 19, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၁၉

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဝေါမြို့နယ် ညောင်ခါးရှည်ကျေးရွာအနီး၌ သတင်းအရစောင့်ဆိုင်းစဉ် နိုဝင်ဘာ ၈ ရက် ည ၁၁ နာရီခန့်တွင် မှိုင်းဆွေမောင်းနှင်လာသော ISUZU ခြောက်ဘီးမော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ခန့်မှန်းတန်ဖိုးငွေကျပ် ၇ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြား ၅ သန်းကို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရှိရသည်။

ဆက်စပ်သတင်းများအရ အဆိုပါဖမ်းဆီးရမိစိတ်ကြွဆေးပြားများအား မန္တလေးမှဘားအံသို့ သယ်ဆောင်ခိုင်းသူမှာ မန္တလေးမြို့နေ မြတ်မင်းဦး(ဖမ်းဆီးရန်ကျန်)နှင့် ဖမ်းဆီးရမိမော်တော်ယာဉ်အား မန္တလေးမြို့ စွယ်တော်ကားဝင်းအနီးသို့ လာရောက်ပို့ဆောင်သူမှာ ပြင်ဦးလွင်မြို့နေ အောင်မျိုးဝင်း(ဖမ်းဆီးရန်ကျန်)တို့ဖြစ်ကြောင်းသိရှိရပြီး မန္တလေးမှဘားအံသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။


Posted on Mar 27, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။