ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၌ ဘိန်းစိမ်းများ ဖမ်းဆီးရမိ
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၌ ဘိန်းစိမ်းများ ဖမ်းဆီးရမိ
Ministry of Home Affairs/ နေပြည်တော် / November 20, 2025
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ပင်လုံကျေးရွာအုပ်စု၊ နန့်စီးအောင်ကျေးရွာအနီး၌ ပေကုန်းကျေးရွာမှ မိုးညှင်းမြို့ဘက်သို့ အဆိုပါကျေးရွာနေ မယွန်းစံပယ်(၂၉)နှစ် မောင်းနှင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မံဟဲကျေးရွာအုပ်စု၊ ပေကုန်းကျေးရွာနေ ဒေါ်စက်ကြည်(၆၅)နှစ် လိုက်ပါလာသော မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ ၎င်းတို့နှစ်ဦးထံမှ ဘိန်းစိမ်း ခြောက်ကီလို (တစ်ကီလိုလျှင် ငွေကျပ် ၁၂ သိန်းနှုန်းဖြင့် ဒေသကာလတန်ဖိုး ငွေကျပ် ၇၂ သိန်း)အား ဖမ်းဆီးရမိသဖြင့် ယွန်းစံပယ်နှင့် စက်ကြည်တို့ နှစ်ဦးအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Posted on Mar 25, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
