ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၌ ဒီဇယ်ဆီများ တရားမဝင် သယ်ဆောင်လာသူ အမျိုးသား လေးဦးအား ဖမ်းဆီးအရေးယူ
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၌ ဒီဇယ်ဆီများ တရားမဝင် သယ်ဆောင်လာသူ အမျိုးသား လေးဦးအား ဖမ်းဆီးအရေးယူ
Ministry of Home Affairs/ Naypyitaw / November 25, 2025
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက်က ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၌ ဒီဇယ်ဆီများ တရားမဝင် သယ်ဆောင်လာသူ အမျိုးသား လေးဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၃ ရက် မွန်းလွဲ ၃ နာရီ ၅ မိနစ်တွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ မိုးညှင်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မန္တလေးမြို့မှ မြစ်ကြီးနားမြို့ဘက်သို့ မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ကူမဲမြို့၊ ကွက်သစ်ရပ်ကွက်နေ ဝေဖြိုးမြင့်(၃၅)နှစ် မောင်းနှင်ပြီး ရှမ်းပြည်နယ်၊ ဟိုပင်မြို့နယ်၊ မြို့မတောင်ရပ်ကွက်နေ ထက်နေလင်း(၂၇)နှစ် လိုက်ပါလာသည့် 9H-XXXX NISSAN အဖြူရောင် ၁၂ ဘီး မော်တော်ယာဉ်ပေါ်မှ GAS အိုး တစ်လုံးလျှင် ဒီဇယ်ဆီ ၁၀ ဂါလန်ခန့်ပါ ၈၀ လုံး၊ စုစုပေါင်း ဒီဇယ်ဆီ ၈၀၀ ဂါလန်ခန့်နှင့် မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကူးမြို့နယ်၊ ရှောက်ပင်ရိုးကျေးရွာနေ မျိုးကိုကို(၃၀)နှစ် မောင်းနှင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နေ သီဟကျော်မျိုးအေး(၂၅)နှစ် လိုက်ပါလာသည့် 3C-XXXX NISSAN အဖြူရောင် ၁၂ ဘီး မော်တော်ယာဉ်ပေါ်မှ GAS အိုး ၁ လုံးလျှင် ဒီဇယ်ဆီ ၁၀ ဂါလန်ခန့်ပါ ၇၉ လုံး၊ စုစုပေါင်း ဒီဇယ်ဆီ ၇၉၀ ဂါလန်ခန့်တို့အား တရားမဝင် အထောက်အထားမဲ့ သယ်ဆောင်လာသည်ကို တွေ့ရှိဖမ်းဆီး ရမိခဲ့သဖြင့် မျိုးကိုကိုနှင့် သီဟကျော်မျိုးအေးတို့ နှစ်ဦးအား မိုးညှင်းမြို့မရဲစခန်း (ပ)၁၅၇/၂၀၂၅၊ ရေနံနှင့်ရေနံထွက်ဆိုင်ရာဥပဒေပုဒ်မ ၃၇ ဖြင့် လည်းကောင်း၊ ဝေဖြိုးမြင့်နှင့် ထက်နေလင်းတို့ နှစ်ဦးအား မိုးညှင်းမြို့မရဲစခန်း (ပ)၁၅၈/၂၀၂၅၊ ရေနံနှင့်ရေနံထွက်ဆိုင်ရာဥပဒေပုဒ်မ ၃၇ ဖြင့် လည်းကောင်း အသီးသီးအမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Posted on Mar 25, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
