ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မိုးရွာသွန်းမှုများပြားသောကြောင့် ရပ်ကွက်များအတွင်း ရေကျော်မှုများဖြစ်ပွားသည့် နေရာများသို့ နယ်မြေခံတပ်မတော်သားများမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မိုးရွာသွန်းမှုများပြားသောကြောင့် ရပ်ကွက်များအတွင်း ရေကျော်မှုများဖြစ်ပွားသည့် နေရာများသို့ နယ်မြေခံတပ်မတော်သားများမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်
Ministry of Information/ Naypyitaw / June 02, 2025

နေပြည်တော် ဇွန် ၂
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မိုးရွာသွန်းမှုများပြားသောကြောင့် ၂၀၂၅ ခုနှစ် ဇွန်လ ၁ ရက်မှစ၍ ဧရာဝတီမြစ်ရေမြင့်တက်လာပြီး မြစ်ကမ်းနံဘေးရှိ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ မြစ်ရေများ ဝင်ရောက်လျက်ရှိရာ ဇွန်လ ၁ ရက်နေ့တွင် ဧရာဝတီမြစ်ရေချိန် ၁၂၁၈ စင်တီမီတာခန့် မြင့်တက်လာခဲ့ပြီး ယနေ့ ၁၂၃၀ ချိန် တိုင်းတာချက်အရ ၁၁၉၅ စင်တီမီတာခန့် လျော့ကျကာ စိုးရိမ်ရေမှတ် ၁၂၀၀ စင်တီမီတာအောက် ၅ စင်တီမီတာခန့် လျော့ကျခဲ့သည်။
အဆိုပါ မြစ်ရေဝင်ရောက်မှုဖြစ်ပွားရာနေရာများရှိ ဒေသခံပြည်သူများအား ယနေ့တွင် နယ်မြေခံတပ်မတော်သားများက ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခြင်း၊ သွားလာရန်ခက်ခဲသည့် နေရာများတွင် စက်လှေများ၊ ယာဉ်များဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်ထွေးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း
Posted on Jun 4, 2025အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း
“Public Notice for filing complaints”
Posted on Jun 4, 2025