ကချင်ပြည်နယ် နောင်မွန်းမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် တပ်မတော်မှ ထောက်ပံ့ပေးအပ်သည့် စားသောက်ကုန်ပစ္စည်းများနှင့် ထောက်ပံ့ရေးပစ္စည်းများပို့ဆောင်

ကချင်ပြည်နယ် နောင်မွန်းမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် တပ်မတော်မှ ထောက်ပံ့ပေးအပ်သည့် စားသောက်ကုန်ပစ္စည်းများနှင့် ထောက်ပံ့ရေးပစ္စည်းများပို့ဆောင်


Ministry of Information/ Naypyitaw / June 07, 2025
image_latest


နေပြည်တော် ဇွန် ၆

ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နောင်မွန်းမြို့နယ်အတွင်းရှိ နောင်မွန်း - ပန်နန်းဒင်သွားမေခမြစ်ကူး (လူကူး) ကြိုးတံတားသည် မေ ၃၁ ရက်တွင် မေခမြစ်ရေ အဆမတန်မြင့်တက်ကာ မြစ်အတွင်း မျောပါသွားခဲ့သဖြင့် လမ်းပန်းဆက်သွယ်မှုပြတ်တောက်ခဲ့ပြီး အဆိုပါဒေသရှိ ရေဘေးသင့်ပြည်သူများ အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသဖြင့် ပျက်စီးခဲ့သည့် ကြိုးတံတားအား ဌာနဆိုင်ရာ တာဝန်ရှိသူများက အမြန်ဆုံးပြန်လည်ဆောက်လုပ်ခဲ့ရာ ဇွန် ၄ ရက်တွင် ဆောက်လုပ်ပြီးစီးခဲ့မှုနှင့် နောင်မွန်းမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် မော်တော်ယာဉ်များဖြင့် စားသောက်ဖွယ်ရာများ သွားရောက်ပို့ဆောင်လျက်ရှိသည့် သတင်းအား ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

ယနေ့တွင် အဆိုပါနောင်မွန်းမြို့နယ်အတွင်းရှိ ရေဘေးသင့်ကျေးရွာများဖြစ်သည့် တလာထုကျေးရွာ၊ ပန်နန်းဒင်ကျေးရွာနှင့် ရီဒမ်းကျေးရွာတို့ရှိ ဒေသခံပြည်သူ ၂၅၉ ဦးတို့အား တပ်မတော်မှ ထောက်ပံ့ပေးအပ်သည့် ဆန် ၁၁၅ အိတ်၊ ဆီ ၁၇၅ ပိဿာ၊ ဆား ၅၈ ပိဿာ၊ ကုလားပဲ ၃၈၈ ပိဿာ၊ ဆေးဝါးများနှင့် အခြားစားသောက်ဖွယ်ရာများကို နယ်မြေခံတပ်မတော်သားများနှင့် ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များက အဆိုပါကျေးရွာများသို့ သွားရောက်ပို့ဆောင်ပေးခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့ကြောင်းနှင့် ဆက်လက်၍လည်း လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက်၊ ဇွန် ၈ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 08, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက်၊ ဇွန် ၇ ရက်၊ စနေနေ့။


Posted on Jun 07, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက်၊ ဇွန် ၆ ရက်၊ သောကြာနေ့။


Posted on Jun 06, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက်၊ ဇွန် ၅ ရက်၊ ကြာသပတေးနေ့။


Posted on Jun 05, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၉ ရက်၊ ဇွန် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jun 04, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၈ ရက်၊ ဇွန် ၃ ရက်၊ အင်္ဂါနေ့။


Posted on Jun 03, 2025
AnnouncementsExplore more >

မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့သော အိုင်အယ်လ်အို (ILO) ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ အသိပေးချက်

Posted on Jun 6, 2025

ILO ၏ (၁၁၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံကျင်းပ နေစဉ်ကာလအတွင်း ၅-၆-၂၀၂၅ ရက်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်သော ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်ခဲ့ပါသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း

Posted on Jun 4, 2025

အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၉/၂၀၂၅)

Posted on Jun 5, 2025

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၉/၂၀၂၅)

HOT NEWS
January 4,