ကင်းသာရေထိန်းတမံ ရေဝင်ရောက်မှု၊ တမံကြံ့ခိုင်မှုနှင့် နုန်းတားတမံများ တည်ဆောက်ပြီးစီးမှုအခြေအနေ ကွင်းဆင်းစစ်ဆေး

ကင်းသာရေထိန်းတမံ ရေဝင်ရောက်မှု၊ တမံကြံ့ခိုင်မှုနှင့် နုန်းတားတမံများ တည်ဆောက်ပြီးစီးမှုအခြေအနေ ကွင်းဆင်းစစ်ဆေး


Ministry of Information/ Naypyitaw / August 26, 2025
image_latest


နေပြည်တော် သြဂုတ် ၂၅

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ဩဂုတ် ၂၃ ရက်က နေပြည်တော်တပ်ကုန်းမြို့နယ် ကင်းသာကျေးရွာအနီးရှိ ကင်းသာရေထိန်းတမံသို့ သွားရောက် ၍ ရေသိုလှောင်ထားရှိမှု၊ တမံကြံ့ခိုင်မှုနှင့် နုန်းတားတမံများ တည်ဆောက်ပြီးစီးမှုနှင့် ယာယီနုန်းဖမ်းကဒစ်တန်းတည်ဆောက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး ရေထိန်းတမံအတွင်း သဲနုန်းဝင်ရောက်မှုလျော့နည်းစေရေးနှင့် ဝင်ရောက်ပြီး သဲနုန်းများ ပြန်လည်ဖယ်ထုတ်နိုင်ရေး ဆွေးနွေးမှာကြားသည်။

၂၀၂၄ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ရာဂီမုန်တိုင်း၏ ထူးကဲမိုးရေချိန်များကြောင့် ကင်းသာရေထိန်းတမံထိခိုက်ပျက်စီးမှုများကို ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးဖြစ်ရာ ရေလှောင်ဧရိယာအတွင်း သဲနုန်းပို့ချမှုလျော့ကျစေရေးအတွက် ရေစီးဝင်ချောင်းများဖြစ်သည့် ကျောက်ဆည်ချောင်းနှင့် ရေဝေချောင်းများအပေါ်တွင် နုန်းတားတမံများ တည်ဆောက်ထားရှိသကဲ့သို့ သဲနုန်းများထပ်မံ၍ မဝင်ရောက်စေရေးအတွက် ယာယီနုန်းဖမ်းကဒစ်တန်း တည်ဆောက်ထားရှိပြီးဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကင်းသာရေထိန်းတမံရေပိုလွှဲနှင့် ဆက်စပ်ရေအား အဆောက်အအုံများ၏ ကြံ့ခိုင်မှု၊ တမံရေဝေရေလဲဧရိယာနှင့် တမံအောက်ဘက်ပိုင်းဧရိယာများတွင် မိုးရာသီကာလသစ်ပင်များ စိုက်ပျိုးထားရှိမှု၊ ဆည်ရေသောက်ဧရိယာအတွင်း မိုးစပါးနှင့် မိုးသီးနှံစိုက်ပျိုးထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး တမံနှင့် ရေပိုလွှဲဆက်စပ်ရေအား အဆောက်အအုံများအား စဉ်ဆက်မပြတ်စောင့်ကြည့်စစ်ဆေးရန်နှင့် ရေလှောင်တမံများတွင် အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှုစီမံချက် (Emergenacy Preparedness Plan -EPP) ပါ လုပ်ငန်းစဉ်များအတိုင်း လိုက်နာဆောင်ရွက်ကြရန်၊ မိုးစပါးနှင့် မိုးသီးနှံလျားထားဧကပြည့်မီရေး ကြိုးစားဆောင်ရွက်ရန် ကိစ္စရပ်များကို တာဝန်ကျဝန်ထမ်းများအား ဆွေးနွေးမှာကြားသည်။

ကင်းသာရေထိန်းတမံအနေဖြင့် ယခုနှစ်မိုးရာသီကာလအတွင်း မိုးစပါးနှင့် မိုးသီးနှံ ဧက ၅၀၀ ကျော် လျာထားကာ စိုက်ပျိုးရေပေးဝေလျက်ရှိကြောင်း၊ ယနေ့အထိ မိုးစပါးနှင့် မိုးသီးနှံ ဧက ၃၅၀ ကျော် စိုက်ပျိုးပြီးစီးပြီးဖြစ်ရာ ကျန်စိုက်ဧကများကို စိုက်ပျိုးရေဆက်လက်ပေးဝေလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၇ ရက် ၊ သြဂုတ် ၂၉ ရက်၊ သောကြာနေ့။


Posted on Aug 29, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၆ ရက် ၊ သြဂုတ် ၂၈ ရက်၊ ကြာသပတေးနေ့။


Posted on Aug 28, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၅ ရက် ၊ သြဂုတ် ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Aug 27, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၄ ရက် ၊ သြဂုတ် ၂၆ ရက်၊ အင်္ဂါနေ့။


Posted on Aug 26, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၃ ရက် ၊ သြဂုတ် ၂၅ ရက်၊ တနင်္လာနေ့။


Posted on Aug 25, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၂ ရက် ၊ သြဂုတ် ၂၄ ရက်၊ တနင်္ဂနွေနေ့။


Posted on Aug 24, 2025
AnnouncementsExplore more >

မတရားအသင်းအဖြစ် ကြေညာခြင်း

Posted on Aug 28, 2025

မတရားအသင်းအဖြစ် ကြေညာခြင်း

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခြင်း

Posted on Aug 28, 2025

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

Posted on Aug 28, 2025

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း