ကမ္ဘာ့စံချိန်စံညွှန်းနေ့ (World Standards Day 2025) အခမ်းအနားနှင့် အမျိုးသားအရည်အသွေး ထောက်ခံချက်ထုတ်ပေးရေးအဖွဲ့အကောင်အထည်ဖော်ရေး စီမံကိန်းပြီးမြောက်ခြင်း အခမ်းအနားကျင်းပ

ကမ္ဘာ့စံချိန်စံညွှန်းနေ့ (World Standards Day 2025) အခမ်းအနားနှင့် အမျိုးသားအရည်အသွေး ထောက်ခံချက်ထုတ်ပေးရေးအဖွဲ့အကောင်အထည်ဖော်ရေး စီမံကိန်းပြီးမြောက်ခြင်း အခမ်းအနားကျင်းပ


Ministry of Information/ Naypyitaw / October 15, 2025
image_latest


နေပြည်တော် အောက်တိုဘာ ၁၄

အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းအဖွဲ့ကြီးက နိုင်ငံတကာစံချိန်စံညွှန်းရေးဆွဲသည့် ပညာရှင်များနှင့် ပြည်တွင်းရှိ မြန်မာစံချိန်စံညွှန်းများ ပေါ်ထွက်လာစေရန် ပါဝင်ဆောင်ရွက်သူများကို ဂုဏ်ပြုရန်ရည်ရွယ်၍ ကမ္ဘာ့စံချိန်စံညွှန်းနေ့ (၁၃)ကြိမ်မြောက် အခမ်းအနားကို ယနေ့တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ အမျိုးသားစံချိန်စံညွှန်းကောင်စီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က ယခုနှစ်ကမ္ဘာ့စံချိန် စံညွှန်းနေ့(၂၀၂၅)၏ ဆောင်ပုဒ်မှာ "Shared Vision for a Better World: Spotlight on SDG 17- Partnerships for the Goals" (ပိုမိုကောင်းမွန်သော ကမ္ဘာကြီးအတွက် မျှော်မှန်းချက်များမျှဝေခြင်း- SDG 17 ရည်မှန်းချက်ပန်း တိုင်များအတွက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု) ဖြစ်ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများသည် တစ်ကမ္ဘာလုံး ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်သောကြောင့် နည်းပညာနှင့် ဆန်းသစ်တီထွင်မှုများကို အရှိန်မြှင့်တင်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ သက်ဆိုင် ရာကဏ္ဍအလိုက် မြန်မာစံချိန်စံညွှန်း ၉၄၈ ခုကို အတည်ပြုချမှတ်နိုင်ခဲ့ပြီး ပြည်တွင်းရှိ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍနှစ်ရပ်လုံးတွင် စံချိန်စံညွှန်းများနှင့်အညီ ကျင့်သုံးခြင်းဖြင့် မိမိတို့၏ထုတ်ကုန်များ အရည်အသွေးပြည့်မီပြီး နိုင်ငံတကာအသိအမှတ်ပြုမှုကို ရရှိစေခြင်းကြောင့် ကုန်သွယ်မှုတွင် လွယ်ကူချောမွေ့စေပြီး ပို့ကုန်ကဏ္ဍမြှင့်တင်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် အပြည်ပြည်ဆိုင်ရာစံချိန်စံညွှန်းအဖွဲ့ကြီး၏ အထွေထွေအတွင်းရေးမှူးချုပ် Mr. Sergio Mujica ၏ ကမ္ဘာ့စံချိန်စံညွှန်းနေ့ ဂုဏ်ပြု စကားနှင့် ကမ္ဘာ့စံချိန်စံညွှန်းနေ့ (၂၀၂၅) ဆိုင်ရာ ဗီဒီယိုကို ကြည့်ရှုကြသည်။

အခမ်းအနားသို့ အမျိုးသားစံချိန်စံညွှန်း ကောင်စီဝင်များဖြစ်ကြသော ဆက်စပ်ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ စံချိန်စံညွှန်းလုပ်ငန်းကော်မတီဝင်များ၊ စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာဆပ် ကော်မတီဝင်များ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ မြန်မာ နိုင်ငံအင်ဂျင်နီယာအသင်း၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ UMFCCI နှင့် ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ၊ MSMEs အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် အရည်အသွေးကိုက်ညီမှု စစ်ဆေးရေးဆိုင် ရာအဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဆက်လက်၍ မဲခေါင် - လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၃) ဖြင့် ဆောင်ရွက်သည့် “အမျိုးသားအဆင့်အရည်အသွေးဆိုင်ရာ အခြေခံအဆောက်အအုံ ခိုင်မာအားကောင်းစေရေးနှင့် ထုတ်ကုန်များ၊ ထုတ်လုပ်မှုနည်းစဉ်များနှင့် ဝန်ဆောင်မှု လုပ်ငန်းများအတွက် အမျိုးသားအရည်အသွေးထောက်ခံချက် ထုတ်ပေးရေးအဖွဲ့ အကောင်အထည်ဖော်ရေး စီမံကိန်းပြီးမြောက်ခြင်း အခမ်းအနားကို Hybrid စနစ်ဖြင့်ကျင်းပရာ အမျိုးသားစံချိန်စံညွှန်းကောင်စီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က အဖွင့်အမှာစကား ပြောကြားသည်။

ယင်းနောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့၊ နိုင်ငံခြား ရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးက အဖွင့်အမှာစကားပြော ကြားပြီး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြရာ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ အမျိုးသားစံချိန်စံညွှန်းနှင့် အရည်အသွေးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များက အမျိုးသားအဆင့်အရည်အသွေးဆိုင်ရာ အခြေခံအဆောက်အအုံများ ခိုင်မာအားကောင်းစေရေး ဆောင်ရွက်မှုများနှင့် အမျိုးသားအဆင့် အရည်အသွေး ထောက်ခံချက်ထုတ်ပေးရေးအဖွဲ့ အကောင်အထည်ဖော်ရေး စီမံကိန်းဆောင်ရွက် ထားရှိမှုများအပေါ် ရှင်းလင်းတင်ပြခဲ့ကြသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး မှ First Secretary Dr. Zhang Zhonghua တက်ရောက်ကြောင်း သိရသည်။

 သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၁၇ ရက်၊ သောကြာနေ့။


Posted on Oct 17, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ရက်၊ အောက်တိုဘာ ၁၆ ရက်၊ ကြာသပတေးနေ့။


Posted on Oct 16, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Oct 15, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊ အောက်တိုဘာ ၁၄ ရက်၊ အင်္ဂါနေ့။


Posted on Oct 14, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက်၊ အောက်တိုဘာ ၁၃ ရက်၊ တနင်္လာနေ့။


Posted on Oct 12, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၆ ရက်၊ အောက်တိုဘာ ၁၂ ရက်၊ တနင်္ဂနွေနေ့။


Posted on Oct 12, 2025
AnnouncementsExplore more >

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

Posted on Oct 16, 2025

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ အသိပေးကြော်ငြာခြင်း

Posted on Oct 17, 2025

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ အသိပေးကြော်ငြာခြင်း

တိုင်းရင်းသားလူမျိုးများ ၂၀၀ ကျပ်တန် (၈)လုံးပါ Block of Stamp အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁) မျိုးအား ရောင်းချပေးမည်။

Posted on Oct 17, 2025

တိုင်းရင်းသားလူမျိုးများ ၂၀၀ ကျပ်တန် (၈)လုံးပါ Block of Stamp အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁) မျိုးအား ရောင်းချပေးမည်။

HOT NEWS
January 4,