ကမ္ဘာ့သတင်းမီဒီယာကောင်စီအစည်းအဝေး တန်ဇန်းနီးယားနိုင်ငံ၌ ကျင်းပ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ တက်ရောက်ဆွေးနွေး

ကမ္ဘာ့သတင်းမီဒီယာကောင်စီအစည်းအဝေး တန်ဇန်းနီးယားနိုင်ငံ၌ ကျင်းပ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ တက်ရောက်ဆွေးနွေး


Ministry of Information/ Naypyitaw / July 21, 2025
image_latest


နေပြည်တော် ဇူလိုင် ၂၀

တန်ဇန်းနီးယားနိုင်ငံ Arusha မြို့တွင် ကမ္ဘာ့သတင်းမီဒီယာကောင်စီ (WAPC) (World Association of Press Councils) ၏ အထွေထွေအစည်းအဝေးနှင့် 2nd Pan-African Media Councils’ Summit 2025 ကို ဇူလိုင် ၁၄ ရက်မှ ၁၆ ရက်အထိ ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ တက်ရောက်ဆွေးနွေးသည်။

ညီလာခံသို့ တန်ဇန်းနီးယားနိုင်ငံ ဒုတိယသမ္မတ Dr. Philip Isdor Mpango နှင့် ဝန်ကြီးများ၊ အာဖရိက၊ အာရှနှင့်ဥရောပတိုက်တို့ရှိ နိုင်ငံပေါင်း ၃၀ ခန့်မှ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ အိမ်ရှင်နိုင်ငံမှ သတင်းမီဒီယာသမားများ တက်ရောက်ကြပြီး ဒုတိယသမ္မတက အဖွင့်အမှာစကားပြောကြားသည်။ အစည်းအဝေးတွင် အခြားသော ကမ္ဘာ့သတင်း မီဒီယာကောင်စီဝင်များနှင့်အတူ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦးက မြန်မာနိုင်ငံမီဒီယာလောကနှင့် သတင်းမီဒီယာကောင်စီ၏ အခန်းကဏ္ဍကို ဆွေးနွေးပြောကြားသည်။

ညီလာခံတွင် ကမ္ဘာနှင့်အာဖရိကတိုက်နိုင်ငံများ၌ သတင်းမီဒီယာသမားများအတွက် သတင်းမီဒီယာ ဆိုင်ရာကျင့်ဝတ်နှင့် စည်းမျဉ်းစည်းကမ်းများ ချမှတ်ရေး၊ ကျင့်ဝတ်နှင့်ညီညွတ်၍ တာဝန်ယူမှု တာဝန်ခံမှုရှိသော သတင်းမီဒီယာသမားများအတွက် စာနယ်ဇင်း လွတ်လပ်ခွင့်ရရှိစေရေး၊ သတင်းတုသတင်းမှားများ လျော့နည်းပပျောက်စေရေးနှင့် AI (Artificial Intelligence) နည်းပညာကို မီဒီယာကဏ္ဍတွင် စနစ်တကျအသုံးချနိုင်စေရေး စသည်တို့ကို ဆွေးနွေးကြသည်။ ဇူလိုင် ၁၇ ရက်တွင် နိုင်ငံတကာမှ တက်ရောက်လာကြသူများ Arusha National Park အမျိုးသားသဘာဝဥယျာဉ်ကို လေ့လာကြသည်။ အစည်းအဝေးတွင် ကောင်စီအတွင်းရေးမှူး ဦးအေးချမ်းလည်း တက်ရောက်ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၃ ရက်၊ ဇူလိုင် ၂၂ ရက်၊ အင်္ဂါနေ့။


Posted on Jul 22, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၂ ရက်၊ ဇူလိုင် ၂၁ ရက်၊ တနင်္လာနေ့။


Posted on Jul 21, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၁ ရက်၊ ဇူလိုင် ၂၀ ရက်၊ တနင်္ဂနွေနေ့။


Posted on Jul 20, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၀ ရက်၊ ဇူလိုင် ၁၉ ရက်၊ စနေနေ့။


Posted on Jul 19, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၉ ရက်၊ ဇူလိုင် ၁၈ ရက်၊ သောကြာနေ့။


Posted on Jul 18, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၈ ရက်၊ ဇူလိုင် ၁၇ ရက်၊ ကြာသပတေးနေ့။


Posted on Jul 17, 2025