ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ပတ်သက်သူ မြန်မာနိုင်ငံသားများအား တတိယအသုတ်အဖြစ် ထပ်မံပြန်လည်ခေါ်ဆောင်အကြော
ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ပတ်သက်သူ မြန်မာနိုင်ငံသားများအား တတိယအသုတ်အဖြစ် ထပ်မံပြန်လည်ခေါ်ဆောင်အကြော
Ministry of Information/ Naypyitaw / January 26, 2026
နေပြည်တော် ဇန်နဝါရီ ၂၆
မြန်မာနိုင်ငံအစိုးရအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ပတ်သက်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ ကိုယ်တိုင်လာရောက်သတင်းပို့သည့် မြန်မာနိုင်ငံသားများနှင့် ကမ္ဘောဒီးယားနိုင်ငံမှ ရဲတပ်ဖွဲ့များနှင့် သက်ဆိုင်ရာဌာနများက လွှဲပြောင်းပေးအပ်ခဲ့သည့် မြန်မာနိုင်ငံသားများကိုမြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းခေါ်ယူသည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်လည်း မြန်မာသံရုံးကိုရောက်ရှိနေသည့် မြန်မာနိုင်ငံသား ၁၆၃ ဦးကို တပ်မတော်လေယာဉ်ဖြင့် တတိယအသုတ်အဖြစ် ထပ်မံ၍ ပြန်လည်ခေါ်ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။
ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာမြန်မာသံရုံးသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများကို ဇန်နဝါရီ ၂၆ ရက် ယနေ့တွင် တတိယအသုတ်အဖြစ် ထပ်မံခေါ်ဆောင်ပေးရာ ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံသား ၇၁ ဦးကို တပ်မတော်လေယာဉ်ဖြင့် မြိတ်မြို့သို့လည်းကောင်း၊ ညနေပိုင်းတွင် ထပ်မံ၍ မြန်မာနိုင်ငံသား ၉၂ ဦးကို တပ်မတော်လေယာဉ်ဖြင့် မြိတ်မြို့သို့လည်းကောင်း အသီးသီးပြန်လည်ခေါ်ဆောင်ရောက်ရှိခဲ့ကြောင်း သိရှိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံ မြန်မာသံရုံးသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားအနက် ပထမအသုတ်အနေဖြင့် မြန်မာနိုင်ငံသား ၁၃၆ ဦးကို ဇန်နဝါရီ ၂၃ ရက်တွင် မြန်မာ့လေကြောင်းလိုင်း (MAI) ဖြင့် မြန်မာနိုင်ငံ၊ မန္တလေးမြို့ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့လည်းကောင်း၊ ဒုတိယအသုတ်အနေဖြင့် ၄၃၀ ဦးကို ဇန်နဝါရီ ၂၅ ရက်တွင် မြန်မာ့လေကြောင်းလိုင်း (MAI)နှင့် တပ်မတော်လေယာဉ်များဖြင့် မန္တလေးမြို့ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့သို့လည်းကောင်း၊ တတိယအသုတ်အနေဖြင့် ၁၆၃ ဦးကို ယနေ့တွင် တပ်မတော်လေယာဉ်များဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့သို့လည်းကောင်း ပြန်လည်ခေါ်ဆောင်ရောက်ရှိခဲ့ရာ ယနေ့အထိ မြန်မာနိုင်ငံသား ၇၂၉ ဦး ပြန်လည်ရောက်ရှိခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Posted on Mar 25, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
