ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့်ဆက်စပ်ပစ္စည်းများ ကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့်ဆက်စပ်ပစ္စည်းများ ကြည့်ရှုစစ်ဆေး


Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ရုံး / June 06, 2025


ဘားအံ ဇွန် ၆

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ်ဝန်ကြီး ချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် ဇွန်လ ၆ ရက်နေ့ နံနက် ၁၀ နာရီက ကရင်ပြည်နယ်လွှတ်တော်ရုံးတွင် ရောက်ရှိသိုလှောင်ထားသော မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့်ဆက်စပ်ပစ္စည်းများကို ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။

အဆိုပါမဲပေးစက်ကိုအသုံးပြုမဲပေးခြင်းဖြင့် ပယ်မဲဖြစ်ပေါ်မှုမရှိခြင်း၊ မဲရေတွက်ခြင်းအတွက်အချိန်ကြန့်ကြာ မှုများ၊ ကိန်းဂဏန်းလွဲမှားမှုများကိုကျော်လွှားပြီး အချိန်တိုအတွင်းတိကျမှန်ကန်သည့်မဲရလဒ်များထုတ်ပြန်ဆောင်ရွက် နိုင်မည်ဖြစ်၍ အငြင်းပွားဖွယ်ဖြစ်ရပ်များ၊ မဲမသမာမှုများမရှိနိုင်တော့ဘဲ ပိုမိုပွင့်လင်းမြင်သာသည့်ရွေးကောက်ပွဲတစ်ရပ် ဖြစ်လာစေရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ပြည်နယ်လွှတ်တော်ရုံးတွင် ရောက်ရှိသိုလှောင်ထားသော မဲပေးစက်နှင့်ဆက်စပ်ပစ္စည်းများအားကြည့်ရှုစစ်ဆေးရာ ပြည်နယ်လွှတ်တော် ညွှန်ကြားရေးမှူးနှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)မှတာဝန်ရှိသူများက မဲပေးစက်နှင့်ဆက်စပ်ပစ္စည်းများ ရောက်ရှိမှု၊ မဲပေးစက်တည်ဆောက်ပုံနည်းလမ်းများ၊ စက်တပ်ဆင်ပုံ၊ စမ်းသပ်မဲပေးပုံ၊ ဖြန့်ခွဲပုံ၊ မဲရလဒ်ရေတွက်ပုံများ ကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ရောက်ရှိပြီးမဲပေးစက်(MEVM)များ စနစ်တကျသိမ်းဆည်းထားရှိမှု၊ ထပ်မံရောက်ရှိမည့် မဲပေးစက်များ စနစ်တကျနေရာချထားနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားမှုနှင့် ပြည်နယ်လွှတ်တော် ရုံး၏ ဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာလှပရေး၊ အစည်းအဝေးခန်းမနှင့်နားနေခန်းများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့၏ အများပြည်သူ သွားလာလည်ပတ် စရာနေရာတစ်ခုဖြစ်သော ကန်သာယာပတ်လမ်းတွင် ဖောက်လုပ်ထားသော ဦးပေါက်လမ်း၊ ဦးပေါက်တံတားနှင့် ရန်မျိုးအောင်လမ်းကြား လမ်းဘေးဝဲယာတိုးချဲ့မြေသားတာဘောင်အသစ်ခင်းခြင်းတို့ကို ကြည့်ရှုစစ်ဆေးပြီး ဦးပေါက် လမ်းစိမ်းလန်းစိုပြေသာယာရေး၊ ဦးပေါက်တံတားကြံ့ခိုင်ရေးနှင့် တိုးချဲ့မြေသားတာဘောင်မြေသားသိပ်သည်းမှုနှင့် မြေသား တည်ငြိမ်မှုရှိစေရေး ဆောင်ရွက်ကြရန် တာဝန်ရှိသူများအားမှာကြားခဲ့သည်။

အလားတူ ပြည်နယ်သာသနာရေးဦးစီးဌာနမှကြီးမှူး၍ ပါဋ္ဌိပထမပြန်စာမေးပွဲကို ဇွန်လ ၄ ရက်နေ့မှစ၍ ဘားအံမြို့ပေါ်ရှိ ကျောင်းတိုက်များတွင် ဖြေဆိုကျင်းပလျက်ရှိရာ ယနေ့မွန်းလွဲ ၁ နာရီတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သံဃာတော်များစာမေးပွဲဖြေဆိုနေမှုများကို သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း၊ ဓမ္မာရုံတွင် စာမေးပွဲကြီးကြပ်ဆရာတော်ကြီးများအား သွားရောက်ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထု ပစ္စည်းများနှင့်နဝကမ္မအလှူငွေများဆက်ကပ်လှူဒါန်းကာ သာမဏေ၊သီလရှင်၊လူပုဂ္ဂိုလ် ၂၂၀ ပါးတို့၏ ပထမငယ် တန်းစာမေးပွဲ ဖြေဆိုနေမှုများကို လှည့်လည်ဖူးမြော်ကြည်ညိုခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်၊ ဓမ္မဝါသီကျောင်း တိုက်တွင် ကြီးကြပ်ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကာ အခြေပြုမူလတန်း ၃၈၉ ပါး၊ လူပုဂ္ဂိုလ် ၅ ဦးတို့၏ စာမေးပွဲဖြေဆိုနေမှု၊ တောင်တန်းသာသနာ ပြု(ဗဟို)ကျောင်းတွင် ကြီးကြပ်ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းနှင့်နဝကမ္မအလှူငွေ များဆက်ကပ်လှူဒါန်းကာ ပထမကြီးတန်း ၅၅ ပါး၊ ပထမလတ်တန်း ၉၉ ပါး၊ ပါဋ္ဌိဂုဏ်ထူး ၅ ပါး၊ လူပုဂ္ဂိုလ် ၅ ဦးတို့၏ စာမေးပွဲဖြေဆိုနေမှုများကို လှည့်လည်ဖူးမြော်ကြည်ညိုကြကာ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက်၊ ဇွန် ၈ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 08, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက်၊ ဇွန် ၇ ရက်၊ စနေနေ့။


Posted on Jun 07, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက်၊ ဇွန် ၆ ရက်၊ သောကြာနေ့။


Posted on Jun 06, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက်၊ ဇွန် ၅ ရက်၊ ကြာသပတေးနေ့။


Posted on Jun 05, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၉ ရက်၊ ဇွန် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jun 04, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၈ ရက်၊ ဇွန် ၃ ရက်၊ အင်္ဂါနေ့။


Posted on Jun 03, 2025
AnnouncementsExplore more >

မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့သော အိုင်အယ်လ်အို (ILO) ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ အသိပေးချက်

Posted on Jun 6, 2025

ILO ၏ (၁၁၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံကျင်းပ နေစဉ်ကာလအတွင်း ၅-၆-၂၀၂၅ ရက်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်သော ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်ခဲ့ပါသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း

Posted on Jun 4, 2025

အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၉/၂၀၂၅)

Posted on Jun 5, 2025

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၉/၂၀၂၅)

HOT NEWS
January 4,