ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘားအံတက္ကသိုလ်၌စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်မှုအား ကြည့်ရှုအားပေး
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘားအံတက္ကသိုလ်၌စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်မှုအား ကြည့်ရှုအားပေး
Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ရုံး / June 16, 2025

ဘားအံ - ဇွန် (၁၅)
ကရင်ပြည်နယ်၏မြို့တော် ဘားအံမြို့ကို သန့်ရှင်းသာယာလှပသော အစိမ်းရောင်ခရီးသွားမြို့တော်ဖြစ်စေ ရေး၊ မြို့အင်္ဂါရပ်များနှင့်အညီ Green City, Clean City ဖြစ်စေရေးအတွက် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦး ဆောင်ပြီး ဌာနဆိုင်ရာများနှင့်ရပ်ကွက်နေပြည်သူများပူးပေါင်း၍ အခါအားလျှော်စွာစုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ကို ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၁၄ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံ တက္ကသိုလ်၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံတက္ကသိုလ် Main ဆောင်အရှေ့ဘက်ခြမ်း၊ ဘားအံတက္ကသိုလ် Main ဆောင်ညာဘက်ခြမ်းနှင့်ဘယ်ဘက်ခြမ်း၊ ဘူမိဗေဒဌာနအနောက်ဘက်ခြမ်း၊ ဆရာ၊ဆရာမ ဆောင်အရှေ့ဘက်ခြမ်းနှင့် ဘားအံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမဝန်းကျင်တို့တွင် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ၏ ဦးဆောင်မှုဖြင့် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင် များ၊ ဌာနဆိုင်ရာများ စုစုပေါင်းအင်အား ၁၀၄၅ ဦးခန့်ဖြင့် ယာဉ်ယန္တရားများအသုံးပြု၍ စွန့်ပစ်ပလက်စတစ်နှင့် အမှိုက်သရိုက်များဖယ်ရှားရှင်းလင်းခြင်း၊ ချုံနွယ်ပိတ်ပေါင်းများခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ခြင်းများကို လှည့်လည်ကြည့်ရှုအားပေးရာ ဘားအံတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာစိုးစိုးအေးက တက္ကသိုလ်ပရိဝုဏ်အတွင်း သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေနှင့် အခြေခံအဆောက်အဦတည်ဆောက် မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသား၊ကျောင်းသူများအေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး တက္ကသိုလ်ပရိဝုဏ်အား သန့်ရှင်းသာယာလှပသောပတ်ဝန်းကျင်ကောင်းဖြစ်အောင် အစဉ် ဖန်တီးပေးကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း
Posted on Jun 14, 2025နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန (ရုံးချုပ်) မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးကို ယင်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်သည်။
တင်ဒါအောင်မြင်ကြောင်းကြေညာခြင်း
Posted on Jun 13, 2025ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနအတွက် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်၊ သာမန်အသုံး စရိတ်ဖြင့် စက္ကူနှင့်ပုံနှိပ်ရေးပစ္စည်းများ ဝယ်ယူရန် ပြည်တွင်း/ပြည်ပ ပစ္စည်းများဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီမှ (၁၁-၆-၂၀၂၅)ရက်နေ့၊ မွန်းလွဲ(၁၄:၀၀)နာရီအချိန်တွင် စိစစ်ခဲ့သည့် ဈေးနှုန်းများအနက် အနည်းဆုံးပေးသွင်းသည့် အောက်ပါကုမ္ပဏီများမှ ယှဉ်တွဲပါဈေးနှုန်း၊ အရေအတွက်တို့ဖြင့် တင်ဒါအောင်မြင်ကြောင်းကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီ၏ ဆုံးဖြတ်ချက်အရ ကြေညာအပ်ပါသည် -
တင်ဒါအောင်မြင်ကြောင်းကြေညာခြင်း
Posted on Jun 13, 2025