ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍဖွံ့ဖြိုးရေး ကွင်းဆင်းကြည့်ရှုအားပေး

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍဖွံ့ဖြိုးရေး ကွင်းဆင်းကြည့်ရှုအားပေး


Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ရုံး / June 16, 2025
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍဖွံ့ဖြိုးရေး ကွင်းဆင်းကြည့်ရှုအားပေး


ဘားအံ - ဇွန် (၁၆)

ကရင်ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးကိုအခြေခံ၍ အခြားသောစီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက် အောင် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၁၆ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် လှိုင်းဘွဲမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြသည်။

ဦးစွာ လှိုင်းဘွဲမြို့နယ်၊ သမ္ဘာန်ကျေးရွာ၊ ကွင်းအမှတ် (၁၄၁၈-ဃ) တောင်သူဦးလှဝင်း၏ စပါးစိုက်ခင်းအတွင်း မိုးစပါးစိုက်ပျိုးရန်မြေပြုပြင်ခြင်းနှင့် ကောက်စိုက်စက်ဖြင့်မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ကြည့်ရှုအားပေးရာ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေးဌာနခွဲမှ ဓာတ်မြေဩဇာသုံးစွဲမှုကိုလျော့ချ၍ ကုန်ကျစရိတ်သက်သာ ပြီး ရေရှည်တွင်မြေဆီဩဇာကောင်းမွန်စေသောသဘာဝမြေဩဇာများကို တောင်သူများတွင်တွင်ကျယ်ကျယ် အစား ထိုးသုံးစွဲလာစေရန် စူပါဘိုကာရှီမြေဆွေးပုံပြုလုပ်သုံးစွဲနည်းကိုလက်တွေ့ပြုလုပ်ပြသပြီး တောင်သူများ၏မေးမြန်း ဆွေးနွေးမှုများကို ပြန်လည်ရှင်းလင်းဖြေကြား၍ ပြန်လည်ပြုလုပ်သုံးစွဲကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် တောင်သူဦးလှဝင်း၏ စပါးစိုက်ခင်းအတွင်း ပြည်နယ်စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၂၀)စက်မှု လယ်ယာစခန်း(ဘားအံ)၏ Kubota 50 ထွန်စက်ကြီး ၃ စီးဖြင့် မိုးစပါးစိုက်ပျိုးရန် မြေယာပြုပြင်ခြင်း၊ Kubota ခြောက်တန်းသွားကောက်စိုက်စက် ၂ စီးဖြင့် မိုးစပါးစိုက်ပျိုးခြင်း၊ ကြားပေါင်းလိုက်ကိရိယာ ၁၃ စီးဖြင့် စိုက်ပျိုးပြီး မိုးစပါးစိုက်ခင်းများအတွင်း ကြားပေါင်းလိုက်ခြင်း၊ သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာကို အချိုးကျရောစပ်၍ ကြဲ ပက်ကွင်းသရုပ်ပြခြင်းကို ထီလုံ၊ သမ္ဘာန်၊ နောင်သငဲ့၊ သပုထိုကျေးရွာများမှ တောင်သူများနှင့်အတူ ကြည့်ရှုအားပေး ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဖြစ်ပေါ်ပြောင်းလဲနေသည့်ရာသီဥတုနှင့်လိုက်လျောညီထွေစွာ စိုက်ပျိုးလုပ်ကိုင်နိုင် ရေး၊ သီးထပ်၊သီးညှပ်များဖြင့် မြေလွတ်မြေလပ်မကျန်စိုက်ပျိုးလုပ်ကိုင်နိုင်ရေး တာဝန်ရှိသူများအားမှာကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် လှိုင်းဘွဲမြို့နယ်၊သမ္ဘာန်ကျေးရွာအုပ်စု၊ရွာသာအေး မွေးမြူရေးဇုန်ရှင်းလင်းဆောင်၌ မွေးမြူတောင်သူများနှင့်တွေ့ဆုံရာ ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးဒေါက်တာတင်နွယ်ရီက မွေးမြူရေးဇုန်၏အချက်အလက်များ၊ မွေးမြူထားရှိမှုနှင့် ထုတ်လုပ်မှုအခြေ အနေများကို ရှင်းလင်းတင်ပြပြီး ဇုန်ကော်မတီဥက္ကဋ္ဌက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဇုန်အတွင်းမွေးမြူထုတ် လုပ်မှုနှင့်အကျိုးအမြတ်ရရှိမှုနှင့် အခြေခံလိုအပ်ချက်များကိုရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ဒေသတွင်း စားရေရိက္ခာဖူလုံရေးပိုလျှံရေး ဇုန်အတွင်း ဝက်နှင့်ကြက်တိုးချဲ့မွေးမြူထုတ်လုပ်နိုင်ရေး စီမံချက်ရေးဆွဲတင်ပြရန် တာဝန်ရှိသူများအားမှာကြားကာ မွေးမြူရေးတောင်သူများအား တိရစ္ဆာန်သုံးဆေးဝါးများနှင့်အာဟာရဆားခဲများကို အခမဲ့ချီးမြှင့်ပေးအပ်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ရွာသာအေးမွေးမြူရေးဇုန်အတွင်းရှိ တောင်သူ ဦးစိုးခိုင်ဦး၏ဒေသနွားမွေးမြူရေးခြံ၊ တောင်သူဦးကျောက်သန်း၏ အသားတိုးဝက်မွေးမြူရေးခြံ၊ တောင်သူ ဦးညွန့်စိန် ၏ ဥစားကြက်ခြံတို့ကို လှည့်လည်ကြည့်ရှုအားပေးပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ပါသည်။

 

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက်၊ ဇွန် ၁၈ ရက်၊ဗုဒ္ဓဟူးနေ့။


Posted on Jun 18, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက်၊ ဇွန် ၁၇ ရက်၊ အင်္ဂါနေ့။


Posted on Jun 17, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက်၊ ဇွန် ၁၆ ရက်၊ တနင်္လာနေ့။


Posted on Jun 16, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက်၊ ဇွန် ၁၅ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 15, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက်၊ ဇွန် ၁၄ ရက်၊ စနေနေ့။


Posted on Jun 14, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက်၊ ဇွန် ၁၃ ရက်၊ သောကြာနေ့။


Posted on Jun 13, 2025
AnnouncementsExplore more >

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

Posted on Jun 17, 2025

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း

Posted on Jun 14, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန (ရုံးချုပ်) မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးကို ယင်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်သည်။

HOT NEWS
January 4,