ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၃)နှစ်အောက် အမျိုးသား/အမျိုးသမီးပိုက်ကျော်ခြင်း ပြိုင်ပွဲ ဆုချီးမြှင့်

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၃)နှစ်အောက် အမျိုးသား/အမျိုးသမီးပိုက်ကျော်ခြင်း ပြိုင်ပွဲ ဆုချီးမြှင့်


Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ရုံး / June 24, 2025
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၃)နှစ်အောက် အမျိုးသား/အမျိုးသမီးပိုက်ကျော်ခြင်း ပြိုင်ပွဲ ဆုချီးမြှင့်


ဘားအံ - ဇွန် (၂၄)

ပိုက်ကျော်ခြင်းအားကစား နည်းဖြင့် ပြည်နယ်/နိုင်ငံ၏ဂုဏ်ကို ထိန်းသိမ်းမြှင့်တင်ဂုဏ်ဆောင်ပေးနိုင်သော ထူးချွန်ထက်မြတ်သည့် ရွက်ပုန်းသီးအားကစားသမားကောင်းများပေါ်ထွန်းလာစေရန် ရည်ရွယ်ကျင်းပသည့် ၂၀၂၅ ခုနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၃)နှစ်အောက် အမျိုးသား/ အမျိုး သမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇွန်လ ၂၄ ရက်နေ့ နံနက် ၉ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်၊ ဇွဲကပင်အားကစားကွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။

ဇွန်လ ၂၀ ရက်နေ့မှစတင်ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်အသင်း (၇) သင်း၊ အားကစားသမား (၉၁) ဦး ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ကြကာ အမျိုးသားလေးယောက်တွဲပြိုင်ပွဲဗိုလ်လုပွဲစဉ်အဖြစ် ဘားအံမြို့နယ်အသင်းနှင့် လှိုင်းဘွဲမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယကနှင့်အဖွဲ့ဝင် များ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပိုက်ကျော်ခြင်းအားကစားဝါသနာရှင်များ၊ ဒေသခံပြည်သူများတက်ရောက်ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် ဘားအံမြို့နယ်အမျိုးသားပိုက်ကျော်ခြင်းအသင်းက နှစ်ပွဲပြတ်ဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

ဗိုလ်လုပွဲစဉ်အပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင်များက အမျိုးသမီးပြိုင်ပွဲအကောင်းဆုံးအားကစား သမားဆု၊ အမျိုးသမီးသုံးယောက်တွဲပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသည့်အသင်းများ၊ အမျိုးသမီး လေးယောက်တွဲပြိုင်ပွဲတွင် ဒုတိယနှင့်တတိယဆုရရှိသည့်အသင်းများကိုလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက အမျိုးသားပြိုင်ပွဲအကောင်းဆုံးအားကစားသမားဆု၊ အမျိုးသားသုံးယောက်တွဲပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယဆု၊ အမျိုးသားလေးယောက်တွဲပြိုင်ပွဲ ဒုတိယနှင့်တတိယဆု ရရှိသည့်အသင်းများကို တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့်ဆုဖလားများပေးအပ်ချီးမြှင့်ပြီး ပြည်နယ်အမျိုးသမီးရေး ရာအဖွဲ့နှင့်ပြည်နယ်မိခင်နှင့်စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက က အမျိုးသမီးလေးယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသော ဘားအံမြို့နယ်အသင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုငါးသိန်းကျပ်နှင့်ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ကာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အမျိုးသားလေးယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသော ဘားအံမြို့နယ်အသင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆု ၅ သိန်းကျပ်နှင့် ဆုဖလားတို့ကိုပေးအပ်ချီးမြှင့်ခဲ့သည်။

ဆုချီးမြှင့်ပွဲအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အမျိုးသား/အမျိုးသမီးအားကစားသမား များနှင့်စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြပြီး အားကစားသမားများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ပါသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁ ရက် ၊ ဇွန် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jun 25, 2025

၁၃၈၇ ခုနှစ်၊ နယုန်လကွယ်နေ့ ၊ ဇွန် ၂၄ ရက်၊ အင်္ဂါနေ့။


Posted on Jun 24, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်၊ ဇွန် ၂၃ ရက်၊ တနင်္လာနေ့။


Posted on Jun 22, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက်၊ ဇွန် ၂၂ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 22, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက်၊ ဇွန် ၂၁ ရက်၊ စနေနေ့။


Posted on Jun 21, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက်၊ ဇွန် ၂၀ ရက်၊ သောကြာနေ့။


Posted on Jun 19, 2025
HOT NEWS
January 4,