ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးမိုးစပါးနှင့် လမ်း/တံတားများ ကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးမိုးစပါးနှင့် လမ်း/တံတားများ ကြည့်ရှုစစ်ဆေး


Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ရုံး / August 05, 2025


ဘားအံ ဩဂုတ် ၅

ကရင်ပြည်နယ်အတွင်း ဇူလိုင်လနောက်ဆုံးအပတ်ခန့်ကစတင်၍ မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေချောင်း ရေများမြင့်တက်လာသည့်အတွက် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ စိုက်ပျိုးပြီးမိုးစပါး ၁၉၁၅၃၁ ဧကအနက် ၂၉၃၄၉ ဧကရေဖုံးလွှမ်းခဲ့ကာ ဩဂုတ်လ ၄ ရက်နေ့ထိ ၁၁၄၃၆ ဧက ရေပြန်ပေါ်၍ ၃၄၄၉ ဧက ထိခိုက်ပျက်စီးခဲ့ရာ အချိန်မီပြန်လည်ကုစားထွန်ယက်စိုက်ပျိုးနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဘားအံမြို့၊ အမှတ်(၈)ရပ်ကွက်၊ ကွင်းအမှတ် ၁၁၈၄၊ ထောင်ဝိကွင်း၊ ဘားအံမြို့နယ်၊ ကောလှိုက်ကျေးရွာ ထန်းတပင်ကွင်း၊ ကွင်းအမှတ် ၁၂၀၇-က၊ ၁၂၀၇-ခ၊ ၁၂၀၈-ကနှင့် ၁၂၀၈-ခ တို့တွင် ရေကြီးနစ်မြုပ်မိုးစပါးစိုက်ဧကများအနက် ထိခိုက်ပျက်စီးမှုများအားကြည့်ရှုစစ်ဆေးပြီး ရေကြီးနစ်မြုပ်မိုးစပါးစိုက်ခင်းများအား သဘာဝမြေဩဇာနှင့်ဓာတ်မြေဩ ဇာများအချိုးကျရောစပ်စုပေါင်းကြဲပက်ခြင်းကွင်းသရုပ်ပြပွဲကို ကြည့်ရှုအားပေးကာ ထိခိုက်လယ်မြေများတွင်ပြန်လည် ဖာထေးစိုက်ပျိုးနိုင်ရေး၊ ပျက်စီးလယ်မြေများ အချိန်မီပြန်လည်ထွန်ယက်စိုက်ပျိုးနိုင်ရေး၊ လိုအပ်သည့်လယ်ယာသုံး စက်ကိရိယာများကူညီဖြည့်ဆည်းပေးနိုင်ရေး၊ မျိုးစပါးနှင့်သွင်းအားစုများကူညီဖြည့်ဆည်းပေးနိုင်ရေး တာဝန်ရှိသူများ အားမှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ ကော့လှိုက်ကျေးရွာ ထန်းတပင်-ကော့လှိုက်-ဝင်းကျန်-ကရင်ဖာလင်-ထုံးအိုင်လမ်း ဘေးဝဲယာရှိ မိုးစပါးစိုက်ခင်းများ၊ ရေကြီးရေလျှံမှုကြောင့် အဆိုပါလမ်းပိုင်း လမ်းပုခုံးနှင့်လမ်းသားထိခိုက်မှုများအား ကြည့်ရှုစစ်ဆေးကာ ထိခိုက်မိုးစပါးများပြန်လည်ကုစားပေးနိုင်ရေးနှင့် ထိခိုက် လမ်း/တံတာများကို လိုအပ်သည့်ပြင်ဆင်မှုများ အမြန်ဆုံးဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများအား မှာကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ် ကော့ဒါန်းမယ်ကျေးရွာအဝင်လမ်း ဘေးဝဲယာ မိုးစပါးစိုက်ခင်းများ ထိခိုက်ပျက်စီးမှုနှင့် အဆိုပါလမ်းပိုင်းထိခိုက်မှုတို့ကို လည်းကောင်း၊ လှိုင်ရွာ-‌ကော့သပုတ်-ကော့ဒါန်မယ်-ကောထမလိန်းလမ်း သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးမှုတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် သဘာဝဘေးကျရောက်ပြီးချိန် အပင်ပြုစုစောင့် ရှောက်ခြင်း၊ ဖြစ်ပွားတတ်သည့်ရောဂါပိုးမွှားများကာကွယ်နှိမ်နှင်းခြင်း၊ ထိခိုက်ပျက်စီးမိုးစပါးစိုက်ခင်းများ ပြန်လည် ထူထောင်စိုက်ပျိုးနိုင်ရေးကွင်းဆင်းဆောင်ရွက်ပေးရန်နှင့် ထိခိုက်လမ်း/တံတားများအား သက်ဆိုင်ရာဌာနများက အမြန်ဆုံးပြင်ဆင်ဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၄ ရက် ၊ သြဂုတ် ၇ ရက်၊ ကြာသပတေးနေ့။


Posted on Aug 07, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၃ ရက် ၊ သြဂုတ် ၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Aug 06, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၂ ရက် ၊ သြဂုတ် ၅ ရက်၊ အင်္ဂါနေ့။


Posted on Aug 05, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၁ ရက် ၊ သြဂုတ် ၄ ရက်၊ တနင်္လာနေ့။


Posted on Aug 04, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၀ ရက် ၊ သြဂုတ် ၃ ရက်၊ တနင်္ဂနွေနေ့။


Posted on Aug 03, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၉ ရက် ၊ သြဂုတ် ၂ ရက်၊ စနေနေ့။


Posted on Aug 02, 2025
AnnouncementsExplore more >

နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်ကာလ သတ်မှတ်ကြေညာခြင်း

Posted on Aug 7, 2025

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ ဦးမြင့်ဆွေသည် ယနေ့နံနက် ၈ နာရီ ၂၈ မိနစ်တွင် အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) ၌ ကွယ်လွန်သွားခဲ့ပြီး ဈာပနကို နိုင်ငံတော်ဈာပနအဖြစ် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်း လုပ်ငန်းများနှင့်ပတ်သက်၍ အသိပေးကြေညာချက်

Posted on Aug 7, 2025

ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့က အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ(ဂ)ကို ကျင့်သုံး၍ အပ်နှင်းသောအမိန့်အရ ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်အမိန့် အမိန့်အမှတ် (၃၂/၂၀၂၄) ကို ၁၃-၃-၂၀၂၄ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်း လုပ်ငန်းလုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ် ထုတ်ပေးခြင်းနှင့် စိစစ်ခွင့်ပြုခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။