ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ကောက်စိုက်စက်ဖြင့်မိုးစပါးစိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲတက်ရောက်အားပေး

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ကောက်စိုက်စက်ဖြင့်မိုးစပါးစိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲတက်ရောက်အားပေး


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / September 11, 2025


ဘားအံ - စက်တင်ဘာ (၁၁)

ကရင်ပြည်နယ်စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၂၀)စက်မှုလယ်ယာစခန်း၊ ဘားအံမြို့မှ ကောက်စိုက်စက် ဖြင့် မိုးစပါးစိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို စက်တင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်၊ ကော့ထမ္မလိန်း ကျေးရွာ၊ ကွင်းအမှတ်(၁၂၀၄)၊ကံမြားမြောက်ကွင်း၊ တောင်သူဦးကျမောင်း၏လယ်မြေ၌ ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦး တက်ရောက်အားပေးချီးမြှင့်၍ တောင်သူများအား လက်ဆွဲမျိုးစေ့ချကိရိယာ(Drum Seeder) များ အခမဲ့ပေးအပ်ချီးမြှင့်ခဲ့သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် မျိုးကောင်းမျိုးသန့်၊ အထွက်နှုန်းကောင်း သီးနှံများ ရွေးချယ်စိုက်ပျိုးရန်နှင့်စိုက်ပျိုးနည်းစနစ်များပြောင်းလဲရန် လိုအပ်သကဲ့သို့ စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်း အဆင့်ဆင့်တိုင်းတွင် ခေတ်မီစက်ကိရိယာများအသုံးပြုဆောင်ရွက်သည့် စက်မှုလယ်ယာစနစ်ကိုလည်း ကျယ်ကျယ် ပြန့်ပြန့်ပြောင်းလဲကျင့်သုံးရန် အထူးလိုအပ်မည်ဖြစ်ကြောင်း၊ လယ်ယာလုပ်သားရှားပါးမှုပြဿနာ၊ ရာသီဥတုဖောက် ပြန်မှုပြဿနာများကို ရင်ဆိုင်ကျော်လွှားနိုင်ရန် တောင်သူများ၏လက်ဝယ်တွင် ထွန်စက်ကြီး၊ လက်တွန်းထွန်စက် စသည့်မြေယာပြုပြင်ထွန်ယက်နိုင်သော စက်ကိရိယာများ၊ ရိတ်သိမ်းခြွေလှေ့စက်ကြီးများ တိုးတက်ပိုင်ဆိုင်သုံးစွဲလျက် ရှိသော်လည်း စိုက်ပျိုးခြင်းအပိုင်းတွင် စက်ကိရိယာသုံးစွဲမှု အားနည်းနေသေးသည့်အတွက် ပိုမိုသုံးစွဲရန်လိုအပ်နေသေး ကာ အလွယ်တကူကြဲပက်စိုက်ပျိုးနေခြင်းအစား ကောက်စိုက်စက်များ၊ မျိုးစေ့ချကိရိယာများအသုံးပြုစိုက်ပျိုးခြင်းကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် စက်မှုလယ်ယာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက Kubota ခြောက်တန်းသွားကောက်စိုက်စက်၊ ကောက်စိုက်စက်ဖြင့်တွဲဖက်သုံး(၁၀)တန်းသွားမျိုးစေ့ချကိရိယာနှင့် လက်ဆွဲမျိုးစေ့ချကိရိယာ(Drum Seeder)များ နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များက တက်ရောက်လာသော ကော့ထမ္မလိန်း၊ ကော့တရုတ်ရ၊ တရုတ်လှ၊ ကော့နန်းသာ၊ တဝန်တာ ကျေးရွာများမှ တောင်သူဦးကြီးများအား လက်ဆွဲမျိုးစေ့ချကိရိယာ(Drum Seeder)များကို အခမဲ့ပေးအပ်ချီးမြှင့်ခဲ့ကြ သည်။

ယင်းနောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနက မြေဆီဩဇာတိုးတက်ကောင်းမွန်စေသော ငါးအမိုင်နိုအက်စစ် ပြုလုပ်သုံးစွဲနည်းနှင့် စူပါဘိုကာရှီမြေဆွေးပြုလုပ်သုံးစွဲနည်းများကို လက်တွေ့ပြုလုပ်ပြသရာ တောင်သူများက လေ့လာကြည့်ရှုအားပေးခဲ့ကြပြီး စိုက်ပျိုးရေးဦးစီးဌာနဒုတိယပြည်နယ်ဦးစီးမှူးနော်သူးလေထီးနှင့် တာဝန်ရှိသူများက တောင်သူများကိုယ်တိုင်ပြန်လည်ပြုလုပ်သုံးစွဲကြရန်တိုက်တွန်းပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်က အမှန်တကယ် ပြန်လည်ပြုလုပ်သုံးစွဲကြမည့် တောင်သူများအား အီးအမ်(အပြင်း)ရည်များကို အခမဲ့ဖြန့်ဝေပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၂၀)စက်မှုလယ်ယာစခန်းမှ Kubota ခြောက်တန်း သွားကောက်စိုက်စက် ၂ စီး၊ ကောက်စိုက်စက် ဖြင့်တွဲဖက်သုံး(၁၀)တန်းသွား မျိုးစေ့ချကိရိယာတစ်စီးတို့ဖြင့် မိုးစပါး စိုက်ပျိုးခြင်း ကွင်းသရုပ်ပြသရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့၊ ဒုံးရင်းအခြေခံပညာနှင့်စက်မှု၊စိုက်ပျိုး၊မွေးမြူရေး အထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများ၊ ကော့ထမ္မလိန်း၊ ကော့တရုတ်ရ၊ တရုတ်လှ၊ ကော့နန်းသာ၊ တဝန်တာ ကျေးရွာများမှ တောင်သူလယ်သမားများ တတ်ရောက်ကြည့်ရှုလေ့လာခဲ့ကြပြီး စက်ကိရိယာများနှင့် ပတ်သက်၍ သိရှိလိုသည်များအား စက်မှုလယ်ယာဦးစီးဌာနပြည်နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများထံ မေးမြန်းဆွေးနွေး ခဲ့ကြရာ ပြည်နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပါသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်၊ စက်တင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။


Posted on Sep 14, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက်၊ စက်တင်ဘာ ၁၃ ရက်၊ စနေနေ့။


Posted on Sep 13, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၆ ရက်၊ စက်တင်ဘာ ၁၂ ရက်၊ သောကြာနေ့။


Posted on Sep 12, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၅ ရက်၊ စက်တင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။


Posted on Sep 11, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၄ ရက်၊ စက်တင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Sep 10, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၃ ရက်၊ စက်တင်ဘာ ၉ ရက်၊ အင်္ဂါနေ့။


Posted on Sep 09, 2025
AnnouncementsExplore more >

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး အတည်ပြုခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ခန့်ထားခြင်း

Posted on Sep 13, 2025

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး အတည်ပြုခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ခန့်ထားခြင်း

ဒေါက်တာအေးမောင် အား ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈၈ ပုဒ်မခွဲ(က)အရ အရေးယူထားခြင်း ပယ်ဖျက်

Posted on Sep 13, 2025

ဒေါက်တာအေးမောင် အား ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈၈ ပုဒ်မခွဲ(က)အရ အရေးယူထားခြင်း ပယ်ဖျက်

မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း

Posted on Sep 12, 2025

မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း